အချင်းချင်းဝန်ကိုကူညီထမ်းရွက်
1 ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏နေရာ၌ တည်မြဲ တည်စေပြန်ကြလော့။- 2 ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။- 3 အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။- 4 လူတိုင်း ကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။- 5 အဘယ်ကြောင့်နည်း ဟူမူကား၊ လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
6 နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။- 7 အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။- 8 မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။- 9 ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- 10 ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
နောက်ဆုံးသတိပေးခြင်း၊ နှုတ်ဆက်ခြင်း
11 အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့် သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။- 12 မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှာ အနိုင်အထက် သွေးဆောင်တတ်ကြ၏။- 13 အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေးအဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှာ အလိုရှိကြ၏။- 14 ငါဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဖို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဖို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။- 15 အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။- 16 ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့ အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ ဣသရေလအမျိုး အပေါ်၌လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော။- 17 ယခုမှစ၍ အဘယ်သူမျှ ငါ့ကို မနှောင့်ယှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှု၏ဒဏ်ချက်ရာကို ငါဆောင်၏။- 18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။
ဂလာတိဩဝါဒစာပြီး၏။
信徒的责任
1 弟兄们,如果有人陷在一些过犯里,你们属灵的人,要用温柔的心使他回转过来,自己却要小心,免得也被引诱。2 你们各人的重担要互相担当,这样就成全了基督的律法。3 如果有人本来没有甚么了不起,却自以为是了不起的,就是欺骗自己。4 各人应该省察自己所作的,这样,他引以为荣的,就只在自己而不在别人了;5 因为各人的担子,是要自己担当的。6 在圣道上受教的,应该和施教的人分享自己的一切美物。7 不要自欺, 神是不可轻慢的。人种的是甚么,收的也是甚么:8 顺着自己的肉体撒种的,必定从肉体收取败坏;顺着圣灵撒种的,必定从圣灵收取永生。9 我们行善,不要觉得厌烦;如果不松懈,到了适当的时候,就有收成。10 所以,我们一有机会,就应该对众人行善,对信徒更要这样。
劝勉和祝福
11 请看,我亲手写给你们的字是多么的大。12 那些在外表上要体面的人,他们勉强你们受割礼,不过是怕为了基督的十字架受迫害。13 那些受割礼的人,自己也不遵守律法,反而要你们受割礼,为的是要借着你们的肉身夸口。14 至于我,我绝不以别的夸口,只夸我们主耶稣基督的十字架。借着这十字架,在我来说,世界已经钉在十字架上了;就世界来说,我也已经钉在十字架上了。15 受割礼或不受割礼,都算不得甚么,要紧的是作新造的人。16 所有照这准则而行的人,愿平安怜悯临到他们,就是临到 神的以色列。
17 从今以后,谁也不要搅扰我,因为我身上带着耶稣的烙痕。
18 弟兄们,愿我们主耶稣基督的恩惠与你们同在"与你们同在"原文作"与你们的心灵同在"。阿们。