အသက်ရှင်သောနှုတ်ကပတ်တော်
1 ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အား ပြသကြ၏။- 2 ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့် အတူရှိဖူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။- 3 ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။- 4 သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
အလင်းဖြစ်တော်မူခြင်း
5 ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။- 6 ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်။ မုသားကိုသုံးသောသူ ဖြစ်ကြ၏။- 7 ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။- 8 ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။- 9 ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။- 10 ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။
生命之道
1 论到太初就已经存在的生命之道,就是我们所听见,亲眼所看见,仔细观察过,亲手摸过的;2 这生命已经显现出来,我们见过了,现在也作见证,并且向你们宣扬这本来与父同在,又向我们显现过的永远的生命。3 我们把所看见所听见的向你们宣扬,使你们也可以和我们彼此相通。我们是与父和他的儿子耶稣基督彼此相通的。4 我们写这些事,是要使我们的喜乐充足。
神是光
5 神是光,在他里面毫无黑暗;这就是我们从他那里听见,现在传给你们的信息。6 我们若说自己与他彼此相通,却行在黑暗里,就是说谎话,不实行真理了。7 我们若行在光中,像他在光中一样,就彼此相通,他儿子耶稣的血也洁净我们脱离一切罪。8 我们若说自己没有罪,就是自欺,真理就不在我们里面了。9 我们若承认自己的罪, 神是信实的、公义的,必定赦免我们的罪,洁净我们脱离一切不义。10 我们若说自己没有犯过罪,就是把 神当作说谎的,他的道就不在我们心里了。