ငါတို့အမှုဆောင်သခင်
1 ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။- 2 ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။- 3 ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။- 4 ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။- 5 ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။- 6 ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။
ပညတ်သစ်
7 ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။- 8 တစ်ဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ သင်တို့အားဖြင့်လည်းကောင်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။- 9 မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။- 10 မိမိညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌မရှိ။- 11 မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။- 12 ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- 13 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- 14 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။- 15 လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။- 16 လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။- 17 လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။
ခရစ်တော်၏ရန်သူ
18 ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- 19 ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။- 20 သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။- 21 သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကိုလည်းကောင်း၊ မုသားရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကိုလည်းကောင်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။- 22 မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။- 23 သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။- 24 ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း၊ တည်ရကြလိမ့်မည်။
25 ငါတို့အား ပေးတော်မူသော ကတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ကတိတော်ပေတည်း။- 26 သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။- 27 သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။- 28 ချစ်သားတို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသောအခွင့် ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။
29 ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သည်ကို သိရကြ၏။
我们的维护者基督
1 我的孩子们,我写这些给你们,是要你们不犯罪。如果有人犯了罪,在父的面前我们有一位维护者,就是那义者耶稣基督。2 他为我们的罪作了赎罪祭,不仅为我们的罪,也为全人类的罪。3 我们若遵守 神的命令,这样,就知道我们已经认识他。4 凡是说"我已经认识他",却不遵守他命令的,就是说谎的人,真理就不在他里面了。5 然而凡是遵守他的道的,他爱 神的心就的确在他里面完全了。这样,我们就知道我们是在 神里面了。6 凡说自己是住在他里面的,就应该照着他所行的去行。
爱弟兄的就是住在光明中
7 亲爱的,我写给你们的,不是一条新命令,而是你们本来就有的旧命令。这旧命令就是你们听过的道。8 然而,因为黑暗渐渐消逝,真光已在照耀,我写给你们的也是一条新命令,这在 神和在你们来说,都是真的。9 凡是说自己在光明中,却恨他的弟兄的,他到现在还在黑暗里。10 凡是爱弟兄的,就是住在光明中,在光明中他就不会跌倒。11 凡是恨弟兄的,就是在黑暗里,也在黑暗里行事。他不知道往哪里去,因为黑暗弄瞎了他的眼睛。
12 孩子们,我写信给你们,
因为你们的罪因着主的名已经得到赦免。
13 父老们,我写信给你们,
因为你们认识太初就存在的那一位。
青年们,我写信给你们,
因为你们已经胜过那恶者。
14 孩子们,我写信给你们,
因为你们认识父。
父老们,我写信给你们,
因为你们认识太初就存在的那一位。
青年们,我写信给你们,
因为你们强壮, 神的道在你们心里,
你们也胜过了那恶者。
15 不要爱世界和世上的东西。人若爱世界,爱父的心就不在他里面了。16 原来世上的一切,就如肉体的私欲,眼目的私欲和今生的骄傲,都不是出于父,而是从世界来的。17 这世界和世上的私欲都要渐渐过去,但那遵行 神旨意的却存到永远。
敌基督者否认耶稣是基督
18 孩子们,现在是末世的时候了。你们听过敌基督者要来,现在已经有不少敌基督起来了;因此我们就知道这是末世的时候了。19 他们从我们中间离去,这就表明他们是不属于我们的。其实他们并不属于我们,如果真的属于我们,就一定会留在我们中间。20 你们从那圣者得着膏抹,这是你们都知道的。21 我写信给你们,不是因为你们不明白真理,而是因为你们明白,又因为谎言绝不会出于真理的。22 那么,谁是说谎的呢?不就是那否认耶稣是基督的吗?否认父和子的,他就是敌基督的。23 凡否认子的,就没有父;承认子的,连父也有了。24 至于你们,总要把起初所听见的存记在你们心里;你们若把起初所听见的存记在心里,你们也就住在子和父里面了。25 他应许给我们的,就是永远的生命。
26 我把这些事写给你们,是指着那些欺骗你们的人说的。27 你们既然在你们里面有从主领受的膏抹,就不需要别人教导你们了,因为在一切事上有主的膏抹教导你们;这膏抹是真的,不是假的,你们应该按着他所教导的住在他里面。
神的儿女就不犯罪
28 孩子们,你们要住在主里面。这样,他若显现,我们就可以坦然无惧;他来的时候,我们也不至惭愧地躲避他了。29 你们既然晓得 神是公义的,就应当知道所有行公义的都是从他生的。