စိတ်ဝိညာဉ်ကိုစုံစမ်းခြင်း
1 ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။- 2 ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။- 3 လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။- 4 ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။- 5 ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။- 6 ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကိုလည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
7 ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။- 8 ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။- 9 သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။- 10 ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။- 11 ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။- 12 ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။- 13 ဘုရားသခင်သည် ဝိညာဉ်တော်၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကိုလည်းကောင်း သိရကြ၏။- 14 လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှာ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင်၍ သက်သေခံကြ၏။
15 ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။- 16 ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။- 17 ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။- 18 ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။- 19 ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။- 20 တစ်စုံတစ်ယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသားကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။- 21 ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။
怎样认出 神的灵
1 亲爱的,不要每个灵都信,总要试验那些灵是否出于 神,因为有许多假先知已经来到世上了。2 你们可以这样认出 神的灵:凡是承认耶稣基督是成了肉身来的,那灵就是出于 神。3 凡是不承认耶稣基督是成了肉身来的,那灵就不是出于 神,而是敌基督者的灵;你们听过他要来,现在他已经在世上了。4 孩子们,你们是属于 神的,并且已经胜过他们,因为那在你们里面的比那在世上的更大。5 他们是属于世界的,因此讲论属世的事,世界也就听从他们。6 我们是属于 神的,认识 神的就听从我们,不属于 神的就不听从我们。这样,我们就可以辨别真理的灵和谬妄的灵了。
神是爱
7 亲爱的,我们应当彼此相爱,因为爱是从 神那里来的。凡是爱人的,都是从 神生的,并且认识 神。8 不爱人的,就不认识 神,因为 神就是爱。9 神差遣他的独生子到世上来,要使我们借着他而活; 神的爱就在我们中间显明了。10 不是我们爱 神,而是 神爱我们,差遣他的儿子为我们的罪作了赎罪祭,这就是爱了。11 亲爱的, 神既然这样爱我们,我们也应当彼此相爱。12 从来没有人见过 神,我们若彼此相爱, 神就住在我们里面,他的爱也在我们里面得到成全了。
13 神把他的灵赐给我们,我们就知道我们是住在他里面,他也住在我们里面。14 父差遣子作世人的救主,这是我们见过的,并且现在作见证。15 凡承认耶稣是 神的儿子的, 神就住在他里面,他也住在 神里面。16 神对我们的爱,我们已经明白了,而且相信了。
神就是爱;住在爱里面的,就住在 神里面, 神也住在他里面。17 这样,爱在我们里面就得到成全,使我们在审判的日子,可以坦然无惧。因为他怎样,我们在这世上也怎样。18 爱里没有惧怕,完全的爱可以把惧怕驱除,因为惧怕含有刑罚,惧怕的人在爱里还没有完全。19 我们爱,因为 神先爱我们。20 人若说"我爱 神",却恨他的弟兄,就是说谎的。不爱看得见的弟兄,就不能爱看不见的 神。21 爱 神的,也应当爱弟兄,这就是我们从 神领受的命令。