ပညတ်တရားလော၊ ယုံကြည်ခြင်းလော၊
1 ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှာ သင်တို့ကို အဘယ်သူပြုစားသနည်း။- 2 ပညတ်တရား၏အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလောဟူသော အရာတစ်ခုကိုသာ သင်တို့၌ငါသိလို၏။- 3 ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။- 4 ဤမျှလောက်သောဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီး သက်သက် ဖြစ်ရမည်လော။- 5 ထိုမှတစ်ပါး ဝိညာဉ်တော်ကို သင်တို့အား ပေး၍၊ သင်တို့၌ တန်ခိုးများကိုပြသောသူသည် ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။- 6 ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- 7 ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။- 8 ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တစ်ပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာသည်မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့် လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်လေ၏။- 9 သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံရကြ၏။- 10 ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။- 11 တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။- 12 ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။- 13 ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။- 14 အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းချီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တစ်ပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ကတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း။
ပညတ်တရားနှင့်ကတိတော်
15 ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။- 16 ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တစ်ယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။- 17 ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင် တည်စေတော်မူနှင့်သော ပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ကတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။- 18 ထိုမှတစ်ပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ကတိတော်နှင့်မစပ်ဆိုင်။ ဘုရားသခင်သည် ကတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။- 19 သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်း ဟူမူကား၊ ကတိတော်ကိုခံသော အမျိုးအနွယ် မဖြစ်မီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့် အာမခံ၏ လက်၌ထားတော်မူ၏။- 20 အာမခံမည်သည်ကား၊ တစ်ဖက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ဖက်ဖြစ်တော်မူ၏။
ပညတ်တရား၏ရည်ရွယ်ချက်
21 သို့ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့ မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည်။- 22 ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ကတိတော်ကို ရမည်အကြောင်း ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။- 23 ယုံကြည်ခြင်းတရားမရောက်မီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတ္တံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။- 24 ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။- 25 ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှ လွတ်ကြ၏။- 26 အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- 27 ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- 28 ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- 29 ခရစ်တော်နှင့်စပ်ဆိုင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။
律法和信心
1 无知的加拉太人哪!耶稣基督钉十字架,已经活现在你们眼前,谁又迷惑了你们呢?2 我只想问你们这一点:你们接受了圣灵,是靠着行律法,还是因为信所听见的福音呢?3 你们是这样的无知吗?你们既然靠着圣灵开始,现在还要靠着肉体成全吗?4 你们受了这么多的苦,都是白受的吗?恐怕真是白受的了。5 那么, 神赐圣灵给你们,又在你们中间行神迹,是因为你们行律法,还是因为你们信所听见的福音呢?6 正如亚伯拉罕信 神,这就算为他的义。
7 所以你们要知道,有信心的人,就是亚伯拉罕的子孙。8 圣经既然预先看见 神要使外族人因信称义,就预先把好信息传给亚伯拉罕:"万国都必因你得福。"9 这样看来,有信心的人,必定和有信心的亚伯拉罕一同得福。10 凡是靠行律法称义的,都在咒诅之下,因为经上记着:"凡不常常照着律法书上所写的一切去行的,都被咒诅。"11 很明显,在 神面前,没有一个人可以靠着律法称义,因为"义人必因信得生""义人必因信得生"或译:"因信称义的人,必定得生"。12 律法本来不是出于信,而是说:"遵行这些事的人,就必因这些事而活。"13 基督替我们受了咒诅,就救赎我们脱离了律法的咒诅,因为经上记着:"凡挂在木头上的,都是受咒诅的。"14 这样,亚伯拉罕所蒙的福,就在耶稣基督里临到外族人,使我们因着信,可以领受所应许的圣灵。
律法和应许
15 弟兄们,我照着人的常理说:一个立好了的约,虽然是人所立的,却没有人可以废弃或增加。16 那些应许本来是给亚伯拉罕和他的后裔的。 神并没有说"给众后裔",好象指着多数;而是说"给你的一个后裔",指着一个,就是基督。17 我要这样说, 神预先立好的约,那四百三十年后才有的律法,不能把它废掉,使那应许落空。18 因为所承受的,如果是出于律法,就不是出于应许;但 神是凭着应许赐给了亚伯拉罕。19 那么,为甚么要有律法呢?是为了过犯的缘故才加上的,直到那得应许的后裔来到。律法是借着天使经中保的手设立的;20 中保不是为单方面的,但 神却是一位。
律法的功用
21 这样,律法和 神的应许是对立的吗?绝对不是。如果所赐下的律法能使人得生命,义就真的是出于律法了。22 但圣经把所有的人都圈在罪中,好把那因信耶稣基督而来的应许,赐给相信的人。
23 但信的道理还没有来到以前,我们在律法下被囚禁、被围困,直到那要来的信的道理显明出来。24 这样,律法成了我们的启蒙教师,领我们到基督那里,使我们可以因信称义。25 但信的道理既然来到,我们就不再在启蒙教师之下了。
因信作承受产业的儿子
26 你们因着信,在基督耶稣里都作了 神的儿子。27 你们所有受洗归入基督的人,都是披戴基督的,28 并不分犹太人或希腊人,作奴仆的或自由人,男的或女的,因为你们在基督耶稣里都成为一体了。29 如果你们属于基督,就是亚伯拉罕的后裔,是按照应许承受产业的了。