1 ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ချစ်သော လုပ်ဖော်ဆောင်ဖက်ချင်း ဖိလေမုန်၊- 2 ငါတို့ချစ်သောနှမ အပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။- 3 ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ဖိလေမုန်၏မေတ္တာနှင့်ယုံကြည်ခြင်း
4,5 သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊ ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။- 6 ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတစ်ပါးတို့သည် ယေရှုခရစ်အဖို့အလိုငှာ ငါတို့၌ ကောင်းသောအရာ ရှိသမျှ တို့ကို ဝန်ခံမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- 7 အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်း ရှိ၏။
သြနေသိမ်အတွက်တောင်းပန်
8 ထိုကြောင့်၊ သင်သည် ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှာ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာ အခွင့်ရှိသော်လည်း၊- 9 အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။- 10 ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဖွားစေသော သားတည်းဟူသော၊- 11 သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဖို့ ငါတောင်းပန်ပါ၏။- 12 ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။- 13 ဧဝံဂေလိတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ကိုယ်စား ငါ့ကို ပြုစုစေမည်အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊- 14 သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ်ရှိသည်ဖြစ်၍၊ သင်၏အခွင့် မရှိလျှင် အလျှင်းမပြုလို။- 15 ထိုမှတစ်ပါး၊ သင်သည် သူ့ကို အစဉ်ရစေခြင်းငှာ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။- 16 ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။- 17 သို့ဖြစ်၍ သင်သည် ငါ့ကို အပေါင်းအဖော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။- 18 သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။- 19 ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။- 20 အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။- 21 သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက် သာ၍ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။- 22 ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။
နောက်ဆုံးနှုတ်ဆက်ခြင်း
23 ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊- 24 ငါ၏ လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။- 25 ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။
ဖိလေမုန်ဩဝါဒစာပြီး၏။
问安
1 为基督耶稣被囚禁的保罗,和提摩太弟兄,写信给我们所爱的,又一同作工的腓利门,2 和亚腓亚姊妹,并我们的战友亚基布,以及在你家里的教会。3 愿恩惠平安从我们的父 神和主耶稣基督临到你们。
称赞腓利门
4,5 我听见你对主耶稣和众圣徒有爱心和信心,我每逢祷告提到你的时候,就常常感谢我的 神。6 愿你与众人分享你的信心的时候,会产生功效,使我们可以知道在我们中间的一切善事,都是为基督作的。7 弟兄啊,众圣徒的心既然从你得到舒畅,我也因你的爱心,得到更大的喜乐和安慰。
为欧尼西慕请求
8 我在基督里虽然可以放胆吩咐你作应作的事,9 然而像我这上了年纪的保罗,现在又是为基督耶稣被囚禁的,宁愿凭着爱心请求你,10 就是为我在囚禁时所生的儿子欧尼西慕求你;11 他从前对你没有甚么好处,但现在对你我都有好处。12 我现在打发他亲自回到你那里去;他是我所心爱的。13 我本来想把他留在我这里,使他在我为福音被囚禁时,可以替你服事我。14 但还没有得到你的同意,我就不愿意这样作,好叫你的善行不是出于勉强,而是出于甘心。15 也许他暂时离开你,正是为了使你永远得着他,16 不再是奴隶,而是高过奴隶,是亲爱的弟兄。对我固然是这样,对你来说,不论按肉身或在主内的关系,更是这样。
17 所以,你要是把我看作同伴,就接纳他好象接纳我一样。18 如果他使你受了损失,或欠你甚么,都记在我的帐上。19 "我必偿还",这是我保罗亲手写的。用不着我说,甚至你的生命,你也是欠我的。20 所以弟兄啊!让我在主里得到你的帮助,使我的心在基督里得着畅快。
21 我深信你会听从,也知道你所作的必超过我所说的,因此才写信给你。22 同时,还请你为我预备住的地方,因为我盼望借着你们的祷告,可以获得释放到你们那里去。
问候的话
23 为基督耶稣的缘故和我一同坐监的以巴弗,24 以及我的同工马可、亚里达古、底马、路加都问候你。25 愿主耶稣基督的恩惠常与你们同在。"与你们同在"原文作"与你们的心灵同在";好些抄本在这书末有"阿们"一词。