1 ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
သက်သာလောနိတ်အသင်းတော်၏ယုံကြည်ခြင်း
2-4 ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။
5 ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏။- 6 သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။- 7 သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သောသူ အပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။- 8 အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစ်စုံတစ်ခုကိုမျှ ပြောစရာအကြောင်းမရှိ။- 9 ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှာလည်းကောင်း၊- 10 ရောက်လတ္တံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်ခြင်းငှာလည်းကောင်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာကိုလည်း ကြားပြောကြ၏။
问安
1 保罗、西拉和提摩太,写信给帖撒罗尼迦、在父 神和主耶稣基督里的教会。愿恩惠平安临到你们。
帖撒罗尼迦教会的榜样
2 我们常常为你们众人感谢 神,祷告的时候提到你们,3 在我们的父 神面前,不住地记念你们信心的工作,爱心的劳苦和因盼望我们主耶稣基督而有的坚忍。4 神所爱的弟兄们,我们知道你们是蒙拣选的,5 因为我们的福音传到你们那里,不单是借着言语,也是借着权能,借着圣灵和充足的信心。为了你们的缘故,我们在你们中间为人怎样,这是你们知道的。6 你们效法了我们,也效法了主,在大患难中,带着圣灵的喜乐接受了真道。7 这样,你们就成了马其顿和亚该亚所有信徒的榜样。8 因为不单主的道从你们那里传遍了马其顿和亚该亚,就是你们对 神的信心也传遍了各处,所以我们不用再说甚么了。9 他们都述说你们是怎样接待我们,而且怎样离弃偶像归向 神,要服事这位又真又活的 神,10 并且等候他的儿子从天降临。这就是 神使他从死人中复活,救我们脱离将来的忿怒的那位耶稣。