ဗာနဗနှင့်ရှောလုကိုစေလွှတ်ခြင်း
1 အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။- 2 ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊- 3 အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။
ကုပရုကျွန်းတွင်အမှုဆောင်ခြင်း
4 ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှ သင်္ဘောနှင့်လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။- 5 ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- 6 တစ်ကျွန်းလုံးကိုလျှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊- 7 ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကိုခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊- 8 အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှာ တမန်တော်တို့ကို ဟန့်တားလေ၏။- 9 ထိုအခါပေါလုဟု အမည်တွင်သော ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊- 10 လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သောလမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။- 11 ယခုပင် ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန်ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏချင်းတွင် မျက်စိမြှေးယှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။- 12 ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
ပိသိဒိပြည်အန္တိအုတ်မြို့တွင်အမှုဆောင်ခြင်း
13 ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပမ်ဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။- 14 ပေရဂေမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။- 15 ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
16 ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။- 17 ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။-ထွ၊ ၁:၇၊၁၂:၅၁။18 အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။-တော၊ ၁၄:၃၄။ တရား၊၁:၃၁။19 ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။-တရား၊ ၇:၁။ ယောရှု၊၁၄:၁။20 ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။-သူကြီး၊ ၂:၁၆။ ၁ရာ၊၃:၂၀။21 နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။-၁ရာ၊၈:၅၊၁၀:၂၁။22 နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။-၁ရာ၊၁၃:၁၄၊၁၆:၁၂၊ဆာ၊ ၈၉:၂၀။23 ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- 24 ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့် စပ်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။-မာ၊ ၁:၄။ လု၊ ၃:၃။25 ယောဟန်သည် မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတစ်ပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။-မ၊ ၃:၁၁။ မာ၊ ၁:၇။ လု၊ ၃:၁၆။ ယော၊ ၁:၂၀၊ ၂၇။
26 အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။- 27 ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းအစဉ်ဖတ်ရွတ်သော ပရောဖက်တို့၏ စကားကိုလည်းကောင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။- 28 ကိုယ်တော်၌သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။-မ၊ ၂၇:၂၂-၂၃။ မာ၊ ၁၅:၁၃-၁၄။ လု၊ ၂၃:၂၁-၂၃။ ယော၊ ၁၉:၁၅။29 ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။-မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။30 ဘုရားသခင်သည်လည်း သေခြင်းမှ ထမြောက်စေတော်မူသည်ဖြစ်၍၊- 31 ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။-တ၊ ၁:၃။32 ထိုသူတို့သည် လူများတို့အား သက်သေခံ ဖြစ်ကြ၏။- 33 ဆာလံကျမ်းဒုတိယခန်း၌ လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။-ဆာ၊ ၂:၇။34 ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ကတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အားပြည့်စုံစေတော်မူသည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တစ်ဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာသတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။-ဟေရှာ၊ ၅၅:၃။35 ထိုကြောင့် ဆာလံကျမ်းတစ်ခန်း၌ လာသည်ကား၊ ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။- 36 ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။- 37 ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
38 ထိုကြောင့် ညီအစ်တို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကိုလည်းကောင်း၊- 39 ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကိုလည်းကောင်း သိမှတ် ကြလော့။- 40 အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။- 41 အကြောင်းမူကား၊ သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ၌ ပါသောအရာကို သင်တို့အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။ဟဗ၊၁:၅။
42 လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။- 43 အစည်းအဝေးပြီး၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။- 44 နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။- 45 ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။- 46 ထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။- 47 မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။-ဟေရှာ၊ ၄၂:၆၊ ၄၉:၆။48 ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊- 49 ထာဝရဘုရား၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။- 50 ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။- 51 တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။-မ၊ ၁၀:၁၄။ မာ၊ ၆:၁၁။ လု၊ ၉:၅၊၁၀:၁၁။52 တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။-
巴拿巴和扫罗奉差遣
1 安提阿教会中,有几位先知和教师,就是巴拿巴、名叫尼结的西面、古利奈人路求、与分封王希律一同长大的马念,和扫罗。2 他们事奉主,并且禁食的时候,圣灵说:"要为我把巴拿巴和扫罗分别出来,去作我呼召他们作的工。"3 于是他们禁食祷告,为两人按手,就派他们去了。
第一次宣教旅程
4 他们既然奉圣灵差遣,就下到西流基,从那里坐船往塞浦路斯。5 他们到了撒拉米,就在犹太人的各会堂里宣讲 神的道,还有约翰作他们的助手。6 他们走遍全岛,到了帕弗,遇见一个犹太人,名叫巴.耶稣,是个术士,又是个假先知。7 他常常和省长士求.保罗在一起;省长是个聪明人,他请了巴拿巴和扫罗来,要听听 神的道。8 但术士以吕马以吕马就是"术士"的意思与使徒作对,要使省长转离真道。9 扫罗,也就是保罗,却被圣灵充满,定睛看着他,10 说:"你这充满各样诡诈和各样奸恶的人,魔鬼的儿子,公义的仇敌!你歪曲了主的正路,还不停止吗?11 你看,现在主的手临到你,你要瞎了眼睛,暂时看不见阳光。"他就立刻被雾和黑暗笼罩着,周围找人牵他的手,给他领路。12 那时,省长看见了所发生的事,就信了,因为他惊奇主的教训。
在彼西底的安提阿
13 保罗和同伴从帕弗开船,来到旁非利亚的别加,约翰却离开他们,回耶路撒冷去了。14 他们从别加往前走,到了彼西底的安提阿,在安息日进了会堂,就坐下来。15 宣读了律法和先知书以后,会堂的理事们派人到他们那里来,说:"弟兄们,如果有甚么劝勉众人的话,请说吧!"16 保罗就站起来,作了一个手势,说:
"以色列人和敬畏 神的人,请听!17 以色列民的 神,拣选了我们的祖先;当他们在埃及地寄居的时候, 神抬举这民,用大能"大能"原文作"高"的膀臂,把他们从那地领出来;18 又在旷野容忍"容忍"有些抄本作"养育"他们,约有四十年之久;19 灭了迦南地的七族之后,就把那地分给他们为业;20 这一切历时约四百五十年。后来 神赐给他们士师,直到撒母耳先知为止。21 那时,他们要求立一个王, 神就把便雅悯支派中一个人,基士的儿子扫罗,赐给他们作王,共四十年之久。22 废去扫罗之后,又为他们兴起大卫作王,并且为他作证说:‘我找到耶西的儿子大卫,他是合我心意的人,必遵行我的一切旨意。’23 神照着应许,已经从这人的后裔中,给以色列带来了一位救主,就是耶稣。24 在他来临之前,约翰早已向以色列全民宣讲悔改的洗礼。25 约翰快要跑完他的路程的时候,说:‘你们以为我是谁?我不是基督。他是在我以后来的,我就是给他解脚上的鞋带也不配。’
26 "弟兄们,亚伯拉罕的子孙,和你们中间敬畏 神的人哪,这救恩之道是传给我们的。27 住在耶路撒冷的人和他们的官长,因为不认识基督,也不明白每逢安息日所读的先知的话,就把他定了罪,正好应验了先知的话。28 他们虽然找不出该死的罪状,还是要求彼拉多杀害他。29 他们把所记载一切关于他的事作成了,就把他从木头上取下来,放在坟墓里。30 但 神却使他从死人中复活了。31 有许多日子,他向那些跟他一同从加利利上耶路撒冷的人显现,现在这些人在民众面前作了他的见证人,32 我们报好信息给你们: 神给列祖的应许,33 借着耶稣的复活,向我们这些作子孙的应验了。就如诗篇第二篇所记的:
‘你是我的儿子,
我今日生了你。’
34 至于 神使他从死人中复活,不再归于朽坏,他曾这样说:
‘我必把应许大卫的、神圣可靠的恩福赐给你们。’
35 所以他在另一篇说:
‘你必不容你的圣者见朽坏。’
36 "大卫在他自己的世代里,遵行了 神的计划,就睡了,归回他列祖那里,见了朽坏。37 唯独 神所复活的那一位,没有见过朽坏。38 所以弟兄们,你们当知道,赦罪之道是由这位耶稣传给你们的。在你们靠摩西律法不能称义的一切事上,39 信靠他的人就得称义了。40 你们要小心,免得先知书上所说的临到你们:
41 ‘傲慢的人哪!
你们要看、要惊奇、要灭亡,
因为在你们的日子,我要作一件事,
就算有人告诉你们,你们总是不信。’"
42 保罗和巴拿巴出来的时候,众人请求他们下一个安息日再对他们讲这些话。43 散会以后,许多犹太人和归信犹太教的虔诚人,跟从了保罗和巴拿巴。两人对他们谈话,勉励他们要恒久住在 神的恩典中。
44 下一个安息日,几乎全城的人都聚了来,要听主的道。45 犹太人看见这么多人,就满心嫉妒,反驳保罗所讲的,并且毁谤他们。46 保罗和巴拿巴却放胆说:" 神的道,先讲给你们听,是应该的。但因为你们弃绝这道,断定自己不配得永生,所以我们现在就转向外族人去了。47 因为主曾这样吩咐我们说:
‘我已立你作外族人的光,
使你把救恩带到地极去。’"
48 外族人听见了就欢喜,赞美主的道,凡指定得永生的都信了。49 于是主的道传遍那地。50 但犹太人唆使虔诚尊贵的妇女和城内的显要,煽动大家迫害保罗和巴拿巴,把他们驱逐出境。51 两人当众跺掉脚上的尘土,往以哥念去了。52 门徒满有喜乐,又被圣灵充满。