ယေရုရှလင်မြို့အစည်းအဝေး
1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။-ဝတ်၊ ၁၂:၃။2 ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- 3 အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုလျှောက်သွား၍ တစ်ပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။- 4 ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။
5 ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တစ်ပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှာ ဆုံးမရမည်ဟုဆိုကြ၏။- 6 ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာ စည်းဝေးကြ၏။- 7 များစွာသောဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။-တ၊ ၁၀:၁-၄၃။8 စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။တ၊ ၂:၄၊၁၀:၄၄။
9 ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကိုစင်ကြယ်စေ၍ ငါတို့ကို ခြားနားစေတော်မမူ။- 10 သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှာ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။- 11 သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည်ယုံကြ၏ဟု ပေတရုပြောဆို၏။- 12 ထိုအခါ ဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တစ်ပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။
13 ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- 14 ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။- 15 ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့် ညီ၏။- 16 ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တစ်ပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းငှာ နောက်မှငါပြန်လာမည်။- 17 လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊ - 18 ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကိုသိတော်မူသည်။-အာ၊ ၉:၁၁-၁၂။19 ထိုကြောင့်၊ တစ်ပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသော သူတို့ကို မနှောင့်ယှက်ဘဲလျက်၊- 20 ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း ကြဉ်ရှောင်စေခြင်းငှာ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။-ထွ၊ ၃၄:၁၅-၁၇။ ဝတ်၊ ၁၇:၁၀-၁၆၊၁၈:၆-၂၃။21 အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
ယုံကြည်သူလူမျိုးခြားထံပေးစာ
22 ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကိုရသော ယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်း သဘောညီညွတ်ကြ၏။- 23 သူတို့လက်ဖြင့် ပေးလိုက်သောစာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။- 24 လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကို ခံရမည်၊ ပညတ်တရားကိုကျင့်ရမည်ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ယှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊- 25 ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိအသက်ကို စွန့်စားသောသူတည်းဟူသော၊- 26 ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သောသူတို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှာ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊- 27 ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှာ ယုဒနှင့် သိလတို့ကို စေလွှတ်ကြ၏။- 28 ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊- 29 လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြပါစေသောဟု ရေး၍ ပေးလိုက်သတည်း။
30 ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီးလျှင် မှာစာကိုအပ်ပေးကြ၏။- 31 မှာစာကို ဖတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။- 32 ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်ကိုတို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။- 33 ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှာ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။- 34 သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။- 35 ပေါလုနှင့် ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
ပေါလုနှင့်ဗာနဗတို့ခွဲခွာခြင်း
36 အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ဟု ဗာနဗအားဆို၏။- 37 ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။- 38 ပေါလုက၊ ပမ်ဖုလိပြည်၌ သူတို့နှင့်ခွာ၍ အမှုထမ်းရာသို့မလိုက် မသွားသောထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။-တ၊ ၁၃:၁၃။39 ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။- 40 ညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင် ထွက်၍၊- 41 အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။
耶路撒冷的会议
1 有几个人从犹太下来,教导弟兄们说:"你们若不照摩西的规例受割礼,就不能得救。"2 保罗和巴拿巴,与他们大大地争执辩论起来。大家就派保罗、巴拿巴和他们中间的几个人,为这个问题上耶路撒冷去见使徒和长老。3 于是教会给他们送行,他们就经过腓尼基、撒玛利亚,述说外族人怎样归主的事,使弟兄们大大喜乐。4 到了耶路撒冷,他们受到教会、使徒和长老的接待,就报告 神同他们一起所行的一切。5 然而有几个法利赛派的信徒站起来,说:"我们必须给外族人行割礼,吩咐他们遵守摩西的律法。"
6 使徒和长老聚集在一起,商议这件事。7 经过了很多的辩论,彼得站起来对他们说:"弟兄们,你们知道,前些时候 神在你们中间拣选了我,使外族人从我的口中听见福音的道,而且信了。8 知道人心的 神也为他们作证─赐圣灵给他们,像给我们一样;9 而且他待他们和我们没有分别,因为借着信,他洁净了他们的心。10 现在你们为甚么试探 神,把我们祖先和我们所不能负的轭,放在门徒的颈上呢?11 我们相信,我们得救是借着主耶稣的恩,和他们也是一样。"
12 大家都静默无声,听巴拿巴和保罗述说 神借着他们在外族人中所行的神迹奇事。13 他们讲完了,雅各说:"弟兄们,请听我说!14 刚才西门述说 神当初怎样关怀外族人,从他们中间拣选了众人,归在自己的名下。15 众先知的话,也符合这个意思,正如经上所记:
16 ‘此后我要回来,
重建大卫倒塌了的帐幕,
重建它损坏之处,
把它重新竖立起来,
17 使余下的人,
就是所有称为我名下的外族人,都寻求主,
18 这是自古以来就显明了这些事的主所说的。’
19 "所以我认为不可难为这些归服 神的外族人,20 只要写信叫他们禁戒偶像的污秽、淫乱,勒死的牲畜和血。21 因为自古以来,在各城里都有人宣讲摩西的书,每逢安息日,在各会堂里都有人诵读。"
会议的决定
22 当时,使徒、长老和全教会都认为好,就从他们中间选出人来,差他们和保罗、巴拿巴一同到安提阿去,所选的就是别号巴撒巴的犹大和西拉,他们是弟兄中的领袖。23 于是写信给他们带去,信上说:"使徒和作长老的弟兄们,向安提阿、叙利亚、基利家的外族众弟兄问安。24 我们听说有人从我们这里出去,说了一些话搅扰你们,使你们心里不安,其实我们并没有吩咐他们。25 因此,我们一致同意,选派一些人跟我们亲爱的巴拿巴和保罗去见你们,26 这两个人为了我们主耶稣基督的名,曾经把性命置之度外。27 我们派了犹大和西拉一同去,他们也会亲口述说这些事。28 圣灵和我们都同意,不把别的重担加在你们身上,然而有几件事是重要的,29 就是禁戒祭过偶像的食物、血、勒死的牲畜和淫乱。这些事你们若能保守自己不作,那就好了。祝你们平安!"
30 他们受了差派,下安提阿去,集合了众人,就把书信交上。31 众人读了,因信上的劝勉,就感到欣慰。32 犹大和西拉也是先知,说了许多话劝勉弟兄,坚固他们。33 住了一段时间,弟兄们就给他们送行,祝一路平安;他们就回到差派他们的人那里去。有些抄本在此有第34节:"但西拉认为自己应当在那里住下来,只有犹大回到耶路撒冷。"35 保罗和巴拿巴却住在安提阿,跟许多别的人一同教导,传讲主的道。
第二次宣教旅程
36 过了一些时候,保罗对巴拿巴说:"我们要回到我们传过主道的各城,探望弟兄们,好知道他们的情形怎么样。"37 巴拿巴有意要带别号马可的约翰一同去,38 但保罗认为不应带他去,因为他从前在旁非利亚离开过他们,不跟他们一起去作工。39 他们各持己见,以致彼此分手。巴拿巴带着马可,坐船到塞浦路斯去;40 保罗却选了西拉,众弟兄把他交托在主的恩典中之后,他就出发了。41 他走遍了叙利亚、基利家,坚固众教会。