ပေတရုနှင့်ကော်နေလိ
1 ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတစ်ယောက်ရှိ၏။- 2 ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အား များစွာသော စွန့်ကြဲခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။- 3 တစ်နေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။- 4 ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသောဆုတောင်းပတ္ထနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဖို့ တက်ကြပြီ။- 5 ထိုကြောင့် ယခုပင်ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။- 6 ထိုသူသည် သားရေလုပ်သမားရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာရှိသည်ဟု ပြောဆို၏။- 7 ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတစ်ယောက်ကိုခေါ်၍၊- 8 ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပ္ပေမြို့သို့ စေလွှတ်၏။
9 နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှာ အိမ်မိုးပေါ်သို့ တက်လေ၏။- 10 ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊- 11 ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ ဆင်းသက်လာသည်ကိုလည်းကောင်း မြင်လေ၏။- 12 ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။- 13 စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟု လာ၏။- 14 ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တစ်ရံတစ်ခါမျှ မစားဖူးပါဟု ပြောဆို၏။- 15 နောက်တစ်ဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။- 16 ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။
17 ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊ 18 ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။ 19 ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။- 20 ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊- 21 ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူ ဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။- 22 ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။- 23 ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။
24 ထိုနောက်တစ်နေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ဆွေခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။- 25 ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်လေ၏။- 26 ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။- 27 ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊- 28 ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အား ဆုံးမပြသတော်မူပြီ။- 29 ထိုကြောင့် ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။
30 ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီးအချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတစ်ယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊- 31 ကော်နေလိ၊ သင်ပြုသောပတ္ထနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။- 32 ထိုကြောင့် ယုပ္ပေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမား ရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟု ပြောဆိုပါ၏။- 33 ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။
ပေတရုဟောပြောချက်
34 ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။-တရား၊၁၀:၁၇။35 လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။- 36 အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊- 37 ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။- 38 ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။- 39 ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင်ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။- 40 သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊- 41 လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည် စားသောက်ရကြ၏။- 42 ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင် ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။- 43 ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။
လူမျိုးခြားအပေါ်သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်း
44 ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။- 45 တစ်ပါးအမျိုးသားတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။- 46 အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။- 47 ထိုအခါ ပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊- 48 သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည်အကြောင်း စီရင်လေ၏။ ထိုနောက်မှ ပေတရုသည် ကာလအတန်အရာ နေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။
哥尼流蒙主指示
1 在该撒利亚有一个人,名叫哥尼流,是意大利营的百夫长。2 他是一个虔诚的人,他和全家都敬畏 神,对人民行过许多善事,常常向 神祷告。3 有一天,大约下午三点钟,他在异象中,清清楚楚看见 神的一位天使来到他那里,对他说:"哥尼流!"4 他定睛一看,害怕起来,说:"主啊,甚么事?"天使说:"你的祷告和善行,已经达到 神面前,蒙他记念了。5 现在你要派人到约帕去,请那个名叫彼得的西门来。6 他在一个制皮工人西门的家里作客,房子就在海边。"7 和他说话的天使走了之后,他就叫了两个家仆和侍候他的一个虔诚的士兵来,8 把一切事向他们讲明,然后派他们到约帕去。
彼得见异象(徒11:5~14)
9 第二天,大约正午,他们走近那座城的时候,彼得上了房顶去祷告。10 那家人正在预备饭的时候,彼得觉得饿了,很想吃饭。这时候他魂游象外,11 看见天开了,有一件东西,好象一块大布,绑着四角,降在地上。12 里面有地上的各样四足牲畜,还有昆虫和天空的飞鸟。13 有声音对他说:"彼得,起来,宰了吃!"14 彼得说:"主啊,千万不可!我从来不吃俗物和不洁的东西。"15 第二次又有声音对他说:" 神所洁净的,你不可当作俗物。"16 这样一连三次,那件东西就立刻收回天上去了。17 彼得犹豫不定,不明白所看见的异象是甚么意思,恰好哥尼流派来的人,找到西门的家,站在门口,18 大声问:"有没有一个名叫彼得的西门在这里作客?"19 彼得还在思量那异象,圣灵对他说:"你看,有三个人来找你!20 起来,下去吧,跟他们一起去,不要疑惑,因为是我差他们来的。"21 于是彼得下楼到他们那里,说:"看,我就是你们所要找的人。你们是为甚么来的?"22 他们说:"百夫长哥尼流是个义人,敬畏 神,全犹太族都称赞他。他得到一位圣天使的指示,请你到他家里,要听你的话。"23 彼得就请他们进去,留他们住下。
第二天,彼得动身跟他们一同去,另有约帕的几位弟兄同行。24 第三天,他们到了该撒利亚。哥尼流已经招聚了自己的亲戚好友在恭候他们。25 彼得一进去,哥尼流就迎接他,俯伏在他脚前叩拜。26 彼得扶起他,说:"起来,我也是人。"27 彼得和他说了话,就进去,看见许多人聚集在那里,28 就对他们说:"你们知道,犹太人本来是不准和外国人接近来往的,但 神已经指示了我,不可把任何人当作凡俗或不洁的。29 所以我一被邀请,就毫不推辞地来了。现在请问:你们请我来是为甚么事?"30 哥尼流说:"四天以前下午三点钟,我在家里祷告的时候,忽然有一位身穿光明衣服的人,站在我面前,31 说:‘哥尼流,你的祷告已蒙垂听,你的善行在 神面前已蒙记念。32 你要派人到约帕去,请那个名叫彼得的西门来。他在海边一个制皮工人西门的家作客。’33 所以我立刻派人去请你,现在你来了,好极了!我们都在 神面前,要听主吩咐你的一切话。"
彼得对哥尼流全家讲道
34 彼得就开口说:"我实在看出 神是不偏待人的。35 原来在各民族中,凡敬畏他而行义的,都蒙他悦纳。36 神借着耶稣基督他是万有的主传和平的福音,把这道传给以色列人。37 你们知道:在约翰传讲洗礼之后,这道从加利利传遍了犹太,38 并且知道 神怎样用圣灵和能力膏立拿撒勒人耶稣。他到各处行善事,医好所有被魔鬼压制的人,因为 神与他同在。39 我们就是他在犹太人之地和耶路撒冷所行一切事的见证人;他们竟然把他挂在木头上,杀了他。40 神叫他第三天复活,并且使他显现,41 不是显现给所有的人看,而是给 神预先拣选的见证人看,就是我们这些在他从死人中复活之后,与他一同吃喝的人。42 他吩咐我们向人民传讲,郑重证明他是 神所立,审判活人死人的主。43 所有先知都为他作见证:所有信他的,都必借着他的名,罪得赦免。"
外族人领受圣灵
44 彼得还在说话的时候,圣灵降在所有听道的人身上,45 那些受了割礼、跟彼得一同来的信徒,因为圣灵的恩赐"恩赐"或译:"恩赏"也浇灌在外族人的身上,都很惊讶;46 原来听见他们讲方言,尊 神为大。于是彼得说:47 "这些人既然领受了圣灵,跟我们一样,谁能禁止他们受水的洗礼呢?"48 就吩咐他们奉耶稣基督的名受洗。后来,他们请彼得住了几天。