ညှဉ်းဆဲခြင်း
1 ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှဉ်းဆဲခြင်းငှာစီရင်၍၊- 2 ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ဓားနှင့် ကွပ်မျက်လေ၏။- 3 ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည်ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တစ်ဖန်ထပ်၍၊- 4 ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။-ထွ၊ ၁၂:၁-၂၇။5 ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။
ပေတရုလွတ်လာခြင်း
6 ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။- 7 ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- 8 ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။- 9 ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။- 10 လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။
11 ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းကောင်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှလည်းကောင်း၊ ငါ့ကိုကယ်နုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊- 12 လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ရောက်၍၊- 13 အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင်ခြင်းငှာလာ၍၊- 14 ပေတရု၏စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။- 15 ထိုသူတို့က၊ သင်သည်အရူးဖြစ်၏ဟု ထိုမိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန်ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟု ဆိုကြ၏။- 16 ပေတရုသည် ခေါက်၍နေသော်၊ တံခါးကိုဖွင့်ကြ၍ သူ့ကိုမြင်သဖြင့် အလွန်တရာအံ့ဩကြ၏။- 17 ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှာ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲက သခင်ဘုရားနုတ်တော်မူ သောအကြောင်းအရာကို ဖော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီအစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတစ်ပါးသို့ သွားလေ၏။- 18 မိုးလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှဖြစ်ကြ၏။- 19 ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည်ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
ဟေရုဒ်မင်းကွယ်လွန်ခြင်း
20 ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန်မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည် ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။- 21 ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အား မိန့်တော်မူ၏။- 22 လူများတို့က၊ ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည်ရှိသော်၊- 23 ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏချင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။- 24 ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလေ၏။- 25 ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။
雅各殉道,彼得被囚
1 那时,希律王下手苦害教会中的几个人,2 用刀杀了约翰的哥哥雅各。3 他见这事博得了犹太人的欢心,就在除酵节期间,再次捉拿彼得。4 捉到了,就把他关在监里,交给四班士兵看守,每班四个人,打算过了逾越节,把他提出来交给民众。5 彼得就这样被拘留在监里;但教会却为他迫切地祈求 神。
天使救彼得出监
6 希律要提他出来的前一夜,彼得被两条锁炼锁住,睡在两个士兵中间,还有卫兵守在门前。7 忽然,有主的一位使者出现,牢房里就光芒四射。天使拍拍彼得的肋旁,唤醒他,说:"快起来!"他手上的锁炼就脱落了。8 天使对他说:"束上带子,穿上鞋!"他就这样作了。天使又说:"披上外衣,跟我走!"9 他就出来跟着天使走,但他不知道天使所作的事是真的,还以为是见了异象。10 他们经过第一、第二两个岗位,来到通往城内的铁门,那门自动给他们开了。他们出来,往前走了一条街,天使立刻离开了他。11 彼得清醒过来,说:"现在我确实知道,主差他的天使来,救我脱离希律的手和犹太人所期望的一切。"12 他明白了之后,就到约翰别名马可的母亲马利亚家里去;有许多人聚集在那里祷告。13 彼得敲了大门,有一个名叫罗大的使女,出来应门。14 她认出是彼得的声音,欢喜到顾不得开门,就跑进去报告,说彼得站在门外。15 大家说:"你疯了!"她却坚持地说这是真的。他们说:"一定是他的天使。"16 彼得继续敲门;他们打开了,一见是他,就非常惊讶。17 彼得作了一个手势,要他们安静,然后对他们述说主怎样领他出监,又说:"你们把这些事告诉雅各和众弟兄。"就离开那里,到别的地方去了。
18 天亮的时候,士兵们非常慌乱,不知彼得出了甚么事。19 希律搜索他,却找不到,就审问卫兵,下令把他们带出去处死。后来希律离开犹太,到该撒利亚去,住在那里。
希律被 神击打
20 当时希律对推罗和西顿人怀怒在心。这两地的人因为他们的地区都需要从王的领土得到粮食,就先拉拢了王的内侍臣伯拉斯都,然后同心地去见希律,要向他求和。21 到了定好的日期,希律穿上王服,坐在高台上,向他们演讲。22 群众大声说:"这是 神的声音,不是人的声音!"23 他不归荣耀给 神,所以主的使者立刻击打他,他被虫咬,就断了气。
24 神的道日渐兴旺,越发广传。25 巴拿巴和扫罗完成了送交捐项的任务,就带著名叫马可的约翰,从耶路撒冷回来。