လူခုနစ်ယောက်ကိုရွေးချယ်ခြင်း
1 ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။- 2 ထိုအခါ တစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။- 3 ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။- 4 ငါတို့မူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။- 5 ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊- 6 တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။
7 ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။
သတေဖန်ကိုဖမ်းဆီးခြင်း
8 သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။- 9 ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊- 10 သူဟောပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ။- 11 ထိုအခါ ဤသူသည် မောရှေကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊- 12 လူများကိုလည်းကောင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုလည်းကောင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။- 13 မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသောအရပ် ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။- 14 ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာနတော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။- 15 လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်းတို့သည် သတေဖန်ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ ဖြစ်သည်ဟု ထင်မှတ်ကြ၏။
选出七位执事
1 门徒不断增加的时候,讲希腊话的犹太人,埋怨本地的希伯来人,因为在日常的供给上,忽略了他们的寡妇。2 于是十二使徒召集了众门徒,说:"要我们放下 神的道,去管理伙食,是不合适的。3 所以弟兄们,应当从你们中间选出七个有好见证、满有圣灵和智慧的人,我们就派他们负责这事。4 至于我们,我们要专心祈祷、传道。"5 这个意见全会众都很满意,于是选出司提反,他是一位满有信心和圣灵的人,还有腓利、伯罗哥罗、尼加挪、提门、巴米拿,以及归信犹太教的安提阿人尼哥拉,6 叫他们站在使徒面前。使徒祷告后,就为他们按手。7 神的道传开了;在耶路撒冷,门徒人数大大增加,有很多祭司也信从了真道。
司提反被捕
8 司提反满有恩惠能力,在民间施行大奇事和神迹。9 当时有几个称为"自由人"会堂的人,就是从古利奈和亚历山太来的人,另外还有基利家人和亚西亚人,他们出面与司提反辩论,10 但司提反靠着圣灵和智慧说话,他们就抵挡不住。11 于是他们唆使众人,说:"我们听过他说谤渎摩西和 神的话。"12 又煽动民众、长老、经学家,这些人就来捉拿他,把他带到公议会,13 并且造了假的证供说:"这人不断抨击圣地和律法。14 我们听他说过:‘这拿撒勒人耶稣要毁坏这地方,改变摩西传给我们的规例。’"15 当时,坐在公议会里的人,都注视他,见他的面貌像天使一样。