ယေရုရှလင်မြို့သို့ရောက်ရှိခြင်း
1 ထိုသူများနှင့် ငါတို့သည် ခွာသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့လည်းကောင်း၊ ထိုကျွန်းမှ ပါတရမြို့ သို့လည်းကောင်း ရောက်ကြ၏။- 2 ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။- 3 ကုပရုကျွန်းကိုမြင်လျှင် လက်ယာဘက်၌ လျှောက်သွားသဖြင့်၊ ရှုရိပြည်သို့ကူး၍ တုရုမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။- 4 တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။- 5 ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက် ဆုတောင်းကြ၏။- 6 အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
7 တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တစ်ရက်နေပြီးမှ၊- 8 နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။-တ၊ ၆:၅၊၈:၅။9 ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။- 10 ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍၊-တ၊ ၁၁:၂၈။11 ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ခါးပန်းကိုယူ၍ မိမိခြေလက်ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟု ဆို၏။- 12 ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသောသူတို့က၊ ယေရုရှလင်မြို့သို့ မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။- 13 ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင်ခံခြင်းငှာ ငါအသင့်ရှိသည်ဟုဆို၏။- 14 ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
15 ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့ သွားကြ၏။- 16 ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူလိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။
ယာကုပ်ကိုတွေ့ဆုံခြင်း
17 ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လက်ခံကြ၏။- 18 နက်ဖြန်နေ့၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။- 19 ပေါလုသည် ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကို ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဖော်ပြသလေ၏။
20 ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။- 21 တစ်ပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည် သူငယ်တို့အား အရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည် မောရှေတရားကိုစွန့်စေခြင်းငှာ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သတင်းကြားကြပြီ။- 22 သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။- 23 ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာကတိပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။- 24 ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် မိမိတို့ကြားသော သတင်းစကားမမှန်သည်ကိုလည်းကောင်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကိုလည်းကောင်း သိရကြလိမ့်မည်။-တော၊ ၆:၁၃-၂၁။25 ယုံကြည်ခြင်းသို့ရောက်သော တစ်ပါးအမျိုးသားတို့မူကား၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ ရှောင်စေခြင်းငှာသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။တ၊ ၁၅:၂၉။
26 ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုပြီးမှ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သကာပြုရသော အချိန်တည်းဟူသော စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။
ဗိမာန်တော်တွင်အဖမ်းခံရခြင်း
27 ထိုခုနစ်ရက်စေ့လုသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးဆော်၍၊ ဣသရေလလူတို့၊ ကူမကြပါ။- 28 ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကိုလည်းကောင်း ဤအရပ်ဌာနကိုလည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဖမ်းဆီးကြ၏။- 29 အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူ တရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတစ်ယောက်ကို မြင်ကြသည်ဖြစ်၍၊ ထိုသူကို ပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။-တ၊ ၂၀:၄။30 တစ်မြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တစ်ခဏချင်းတံခါးများတို့ကို ပိတ်ထားကြ၏။
31 ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တစ်မြို့လုံး မငြိမ်မသက် ရုန်းရင်းခတ်မျှဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် သတင်းကြားလျှင်၊- 32 စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့် စစ်သူရဲတို့ကို မြင်လျှင်၊ ပေါလုကို မရိုက်ဘဲနေကြ၏။- 33 ထိုအခါ စစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေဟုစီရင်၍၊ ဤသူသည် အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟု မေးစစ်လေ၏။- 34 လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။- 35 လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။- 36 သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက်လိုက်ကြ၏။
မိမိ၌အပြစ်မရှိကြောင်းဖြေရှင်း
37 ပေါလုသည် ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးက သင်သည် ဟေလသစကားကို ပြောတတ်သလော။- 38 သင်သည်အထက်ကပုန်ကန်၍ ဓားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။- 39 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသောမြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ်ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ်ပန်ကြားပါသည်ဟု ဆို၏။- 40 စစ်သူကြီးသည် အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာရပ်၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည် အလွန်တိတ်ဆိတ်စွာနေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
结束第三次宣教旅程
1 我们离别了他们以后,船就直航到了哥士,第二天到罗底,从那里开往帕大拉;2 遇见了一艘开往腓尼基的船,就上船起行。3 我们远远看见塞浦路斯,就从南边驶过,直航叙利亚,在推罗靠了岸,因为船要在那里卸货。4 我们找到了一些门徒,就在那里住了七天。他们凭着圣灵的指示告诉保罗不要上耶路撒冷去。5 过了这几天,我们就启程前行,他们众人带着妻子儿女送我们到城外。我们跪在海滩上祷告,6 互相道别。我们上了船,他们就回家去了。
7 我们从推罗继续航行,到了多利买,问候那里的弟兄,与他们同住了一天。8 第二天我们离开那里,来到该撒利亚,到了传福音的腓利家里,与他住在一起。他是那七位执事中的一位。9 他有四个女儿,都是童女,是会说预言的。10 我们住了几天之后,有一位先知,名叫亚迦布,从犹太下来。11 他来见我们,把保罗的腰带拿过来,绑住自己的手脚,说:"圣灵说,犹太人在耶路撒冷要这样捆绑这腰带的主人,把他交在外族人的手里。"12 我们听了这些话,就和当地的人劝保罗不要去耶路撒冷。13 保罗却回答:"你们为甚么哭,使我心碎呢?我为主耶稣的名,不但被捆绑,就算死在耶路撒冷我也都准备好了。"14 他既然不听劝,我们只说了"愿主的旨意成就",就不出声了。
15 过了几天,我们收拾行装,上耶路撒冷去。16 有该撒利亚的几个门徒同我们在一起,领我们到一个塞浦路斯人拿孙家里住宿;他作了门徒已经很久了。
保罗报告工作的情况
17 我们到了耶路撒冷,弟兄们欢欢喜喜接待我们。18 第二天,保罗和我们一同去见雅各,长老们也都在座。19 保罗问候了他们,就把 神借着他的工作在外族人中所行的事,一一述说出来。20 他们听了,就赞美 神,对保罗说:"弟兄,你看,犹太人中信主的有好几万,都是对律法很热心的人。21 他们听说,你教导所有在外族人中的犹太人背弃摩西,叫他们不要给孩子行割礼,也不要遵守规例。22 他们总会听见你来了,那怎么办呢?23 你就照我们的话作吧,我们这里有四个人,都有愿在身。24 你把他们带去,和他们一同行洁净礼,并且替他们付钱,让他们剃去头发,这样大家就知道以前所听见关于你的事,都不是真实的,也知道你是遵守律法循规蹈矩而行的人。25 至于信主的外族人,我们已经写了信,吩咐他们要禁戒祭偶像的食物、血、勒死的牲畜和淫乱。"26 保罗就把那几个人带走了,第二天和他们一同行了洁净礼。他们进了殿,报明了他们洁净期满的日子,以及各人献祭的时间。
保罗在圣殿被犹太人捉住
27 七日将完的时候,从亚西亚来的犹太人看见保罗在殿里,就煽动群众,并且捉住他,28 喊叫着说:"以色列人哪,快来帮忙!这个人到处教导众人反对人民,反对律法和这个地方,他甚至把希腊人也带进殿里,污秽了这圣地。"29 原来他们看见过以弗所人特罗非摩同保罗在城里,就以为保罗带他进了殿。30 于是全城震动,民众一齐跑来,捉住保罗,拉出殿外,殿门就立刻关起来了。31 他们正想杀他的时候,有人报告营部的千夫长,说:"整个耶路撒冷都乱了!"32 千夫长立刻带着一些百夫长和士兵跑到他们那里。众人一看见千夫长和士兵,就停止殴打保罗。33 于是千夫长上前捉住保罗,吩咐人用两条铁链捆住他,问他是甚么人,作过甚么事。34 那时众人叫这个喊那个,吵吵闹闹,以致千夫长没有办法知道真相,只好下令把保罗带到营楼去。35 保罗到了台阶下面的时候,士兵把他抬起来,因为群众猛挤,36 而且有一群人跟在后面叫喊:"干掉他!"
保罗为自己申辩(徒9:1~22,26:9~18)
37 他们带着保罗快到营楼的时候,保罗对千夫长说:"我可以跟你讲一句话吗?"千夫长说:"你懂希腊话吗?38 难道你不就是不久以前作乱的、带领四千个杀手到旷野去的那个埃及人吗?"39 保罗说:"我是犹太人,是基利家的大数人,并不是无名小城的公民,求你准我向民众讲几句话。"40 千夫长准许了他,保罗就站在台阶上,向民众作了一个手势。大家安静下来了,保罗就用希伯来语讲话,说: