တရားလွှတ်တော်ရှေ့ပေတရုနှင့်ယောဟန်
1 ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊- 2 တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊- 3 တမန်တော်တို့ကို ဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။- 4 တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှလောက် ရှိကြ၏။
5 နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊- 6 ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊- 7 တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။
8 ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊ 9 အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊- 10 သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။- 11 ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။-ဆာ၊ ၁၁၈:၂၂။12 ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
13 ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍လည်းကောင်း၊- 14 အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကို မြင်၍လည်းကောင်း၊ ငြင်းခုံဆိုဖွယ်ရာ မရှိမတွေ့ကြ။- 15 တမန်တော်တို့ကို လွှတ်တော်မှ ထွက်သွားစေပြီးလျှင်၊ ဤသူတို့ကို အဘယ်သို့ပြုရမည်နည်း။- 16 သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှာ မတတ်နိုင်ပြီ။- 17 သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- 18 တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။
19 ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။- 20 ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။- 21 ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တစ်ဖန် ခြိမ်းခြောက်ပြီးလျှင် လွှတ်ကြ၏။- 22 အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ်ကျော်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကိုထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
ရဲစွမ်းသတ္တိရှိရန်ဆုတောင်းခြင်း
23 တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။- 24 ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ်တည်း ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော်မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။-ထွ၊ ၂၀:၁၁။ နေ၊ ၉:၆။ ဆာ၊ ၁၄၆:၆။25 ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။- 26 လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊-ဆာ၊ ၂:၁-၂။27 ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည်၊-မ၊ ၂၇:၁-၂။ မာ၊ ၁၅:၁။ လု၊ ၂၃:၁၊ ၇-၁၁။ ယော၊ ၁၈:၂၈-၂၉။28 ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန်ဖြစ်ပါ၏။- 29 အို ထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။- 30 အနာရောဂါငြိမ်းစေခြင်းငှာ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းကြ၏။- 31 ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။
ပစ္စည်းဥစ္စာကိုဝေမျှသုံးစွဲခြင်း
32 ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ်တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစ်စုံတစ်ခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။-တ၊ ၂:၄၄-၄၅။33 သခင်ယေရှု ထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူအပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။- 34 ထိုသူတို့တွင် ဆင်းရဲသောသူ တစ်ယောက်မျှမရှိ။ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကို ပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်၊ ရသောအဖိုးကိုယူဆောင်ခဲ့၍၊- 35 တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေးကမ်းကြ၏။
36 ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိလူတစ်ယောက်သည်၊- 37 မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသောငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
彼得约翰在公议会受审
1 使徒们正对群众讲话的时候,祭司、圣殿的守卫长,和撒都该人来到他们那里。2 因为使徒教训群众,并且传扬耶稣从死人中复活,他们就非常恼怒,3 于是下手拿住使徒。那时天已经晚了,就把他们拘留到第二天。4 然而有许多听道的人信了,男人的数目,约有五千。
5 第二天,犹太人的官长、长老、经学家,都聚集在耶路撒冷,6 还有大祭司亚那和该亚法、约翰、亚历山大,以及大祭司的家人,所有的人都在那里。7 他们叫使徒都站在当中,查问说:"你们凭甚么能力,奉谁的名作这事?"8 当时彼得被圣灵充满,对他们说:"民众的领袖和长老啊!9 我们今天受审,如果是为了在那残疾人身上所行的善事,就是这个人怎么会好的,10 那么,你们各位和以色列全民都应当知道,站在你们面前这人好了,是因拿撒勒人耶稣基督的名。这位耶稣基督,你们把他钉死在十字架上, 神却使他从死人中复活。11 这耶稣是你们
‘建筑工人所弃的石头,
成了房角的主要石头。’
12 除了他以外,别无拯救,因为在天下人间,没有赐下别的名,我们可以靠着得救。"
13 他们看见彼得和约翰的胆量,也知道这两个人是没有学问的平民,就很惊奇;同时认出他们是跟耶稣一伙的,14 又看见那医好了的人,和他们一同站着,就没有话可辩驳。15 于是吩咐他们到公议会外面去,彼此商议,16 说:"对这些人我们应该怎么办呢?因为有一件人所共知的神迹,借着他们行了出来,所有住在耶路撒冷的人都知道,我们也无法否认。17 为了避免这件事在民间越传越广,我们应该警告他们,不许再奉这名向任何人谈道。"18 于是叫了他们来,严禁他们再奉耶稣的名讲论教导。19 彼得和约翰回答:"听从你们过于听从 神,在 神面前对不对,你们自己说吧!20 我们看见的听见的,不能不说!"21 众人因着所发生的事,都颂赞 神,于是公议会为了群众的缘故,也因为找不到借口惩罚他们,就恐吓一番,把他们放了。22 原来借着神迹医好的那人,有四十多岁了。
信徒同心祈祷
23 彼得和约翰被释放了之后,回到自己的人那里去,把祭司长和长老说的一切,都告诉他们。24 他们听了,就同心向 神高声说:"主啊,你是那创造天地、海洋和其中万物的主宰。25 你曾以圣灵借着你仆人我们祖先大卫的口说:
‘列国为甚么骚动?
万民为甚么空谋妄想?
26 地上的君王都起来,
首领聚在一起,
敌对主和他的受膏者。’
27 希律和本丢.彼拉多,外族人和以色列民,真的在这城里聚集,反对你所膏立的圣仆耶稣,28 行了你手和你旨意所预定要成就的一切。29 主啊,他们恐吓我们,现在求你鉴察,也赐你仆人们大有胆量,传讲你的道。30 求你伸手医治,借着你圣仆耶稣的名,大行神迹奇事。"31 他们祷告完了,聚会的地方震动起来,他们都被圣灵充满,放胆传讲 神的道。
信徒凡物公用
32 全体信徒一心一意,没有一个人说自己的财物是自己的,他们凡物公用。33 使徒大有能力,为主耶稣的复活作见证,众人都蒙了大恩。34 他们中间没有一个有缺乏的,因为凡有田产房屋的都卖了,把得到的钱拿来,35 放在使徒脚前,照着各人的需要来分配。36 有一个人名叫约瑟,使徒称他为巴拿巴,就是"安慰者"的意思,他是个利未人,生在塞浦路斯。37 他卖掉了自己的田地,把钱拿来,放在使徒的脚前。