တိမောသေလိုက်ပါသွားခြင်း
1 ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော်တစ်ယောက် ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။- 2 ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။- 3 ပေါလုသည် ထိုသူကိုခေါ်ခြင်းငှာ အလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။- 4 သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများကျင့်စောင်ဖို့ရာ အပ်ပေးကြ၏။- 5 ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။
ဗျာဒိတ်ရူပါရုံကိုမြင်ရခြင်း
6 ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊- 7 မုသိပြည်သို့ရောက်၍၊ ဗိသုနိပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊- 8 မုသိပြည်အနားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။
9 ညအခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတစ်ယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟု ရပ်လျက် တောင်းပန်၏။- 10 ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှာသခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏။
လုဒိယုံကြည်သူဖြစ်လာခြင်း
11 ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။- 12 ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တစ်ပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာ နေကြ၏။
13 ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။- 14 ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွာတိရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။- 15 ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။
ဖိလိပ္ပိထောင်တွင်အကျဉ်းခံရခြင်း
16 ထိုနောက်မှ ငါတို့သည် ပတ္ထနာဇရပ်သို့ သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- 17 ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။- 18 ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာလျက်လှည့်ကြည့်၍၊ သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏချင်းတွင် နတ်သည်ထွက်သွား၏။- 19 သူ၏သခင်တို့သည် နောက်တစ်ဖန် စီးပွားဖြစ်လိမ့်မည်ဟု မျှော်လင့်စရာအကြောင်း မရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဖမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။- 20 စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ယှက်တတ်ပါ၏။- 21 ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်၊- 22 စုဝေးသောလူတို့သည် သူတို့တစ်ဖက်၌ တစ်ပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာ စီရင်ကြ၏။- 23 ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာ လှောင်ထားကြ၏။- 24 ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။
25 သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပတ္ထနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် နားထောင်ကြ၏။- 26 ထိုခဏချင်းတွင် မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။- 27 ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ဓားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။- 28 ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။- 29 ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။- 30 သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။- 31 ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊- 32 ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။- 33 ထိုည၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့် သိလတို့ကိုယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ချင်းခံလေ၏။- 34 တစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။
35 နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေဟု မှာလိုက်ကြ၏။- 36 ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှာ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊- 37 ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။- 38 ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊- 39 ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။- 40 ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။
保罗带提摩太同行
1 保罗来到了特庇,又到了路司得。在那里有一个门徒,名叫提摩太,是一个信主的犹太妇人的儿子,父亲却是希腊人。2 路司得和以哥念的弟兄们都称赞他。3 保罗有意要他一同出去,但为了那些地方的犹太人,就给他行了割礼,因为他们都知道他父亲是希腊人。4 他们经过各城,把耶路撒冷的使徒和长老所定的规条,交给门徒遵守。5 于是众教会信心越发坚固,人数天天增加。
保罗见异象往马其顿去
6 圣灵既然禁止他们在亚西亚传道,他们就走遍弗吕家、加拉太地区。7 他们来到每西亚边境,想要去庇推尼,耶稣的灵也不许。8 他们经过每西亚,下到特罗亚。9 夜间有一个异象向保罗显现:有一个马其顿人站着求他说:"请你到马其顿来,帮助我们!"10 保罗见了这异象,我们就认定是 神呼召我们去传福音给他们,于是立刻设法前往马其顿。
吕底亚信主
11 我们从特罗亚开船,直航撒摩特拉,第二天到达尼亚波利,12 从那里来到腓立比,就是马其顿地区的首要城市,是罗马的殖民地。我们在这城里住了几天。13 安息日我们出了城门,来到河边,以为那里是个祈祷的地方。我们坐下,对聚集的妇女讲论。14 有一位敬畏 神的妇女,名叫吕底亚,是推雅推拉城卖紫色布的商人,她一直在听,主开启她的心,使她留心听保罗所讲的。15 她和她一家受了洗以后,就请求说:"你们若认为我是对主忠实的,就请到我家来住。"于是她强留我们。
在腓立比被囚
16 有一次,我们到祈祷的地方去的时候,一个被巫鬼附着的婢女迎面而来;她行占卜使主人们发了大财。17 她跟着保罗和我们,喊叫说:"这些人是至高 神的仆人,向你们传讲得救的道路。"18 她一连多日这样喊叫,保罗觉得厌烦,就转身对那鬼说:"我奉耶稣基督的名,命令你从她身上出来!"那鬼就立刻出来了。19 她的主人们看见发财的希望完了,就揪住保罗和西拉,拉到市中心去见官长,20 又带到裁判官面前,说:"这些人是犹太人,扰乱我们的城市,21 传我们罗马人不准接受、不准实行的规例。"22 群众一齐起来攻击他们,裁判官就剥去他们的衣服,下令用棍子打他们。23 打了很多棍,就把他们放在监牢里,吩咐狱吏严密看守。24 狱吏领了命令,就把他们押入内监,两脚拴了木狗。
保罗领狱吏全家信主
25 约在半夜,保罗和西拉祈祷歌颂 神,囚犯们都侧耳听着。26 忽然发生了大地震,以致监牢的地基都摇动起来,所有的监门立刻开了,囚犯的锁炼都松了。27 狱吏醒过来,看见监门全开,以为囚犯都已经逃脱了,就拔出刀来想要自刎。28 保罗大声呼叫说:"不要伤害自己,我们都在这里!"29 狱吏叫人拿了灯来,就冲进去,战战兢兢地俯伏在保罗和西拉面前,30 随后领他们出来,说:"先生,我应该作甚么才可以得救?"31 他们说:"当信主耶稣,你和你一家人都必定得救。"32 他们就把主的道,讲给他和所有在他家里的人听。33 就在当夜的那个时候,狱吏领他们去洗伤,狱吏和他家人都受了洗,34 就带他们到家里,摆上饭食,他和全家因信了 神就大大喜乐。
35 到了天亮,裁判官派法警来,说:"放了这些人!"36 狱吏就把这话告诉保罗,说:"裁判官派人来释放你们,现在可以出来,平平安安地去吧!"37 保罗对他们说:"我们是罗马人,还没有定罪,他们就公开打我们,又放在监里;现在要私下赶我们出去吗?不行!他们应当亲自来,领我们出去!"38 法警把这番话回报裁判官,裁判官听说他们是罗马人,就害怕起来,39 于是来请求他们,领他们出监之后,就请他们离开那城。40 两人出了监,就到吕底亚的家里去,见了弟兄们,劝勉他们一番,就离开了。