ပေါလုအားစွပ်စွဲကြခြင်း
1 ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။- 2 ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူသောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊- 3 အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။- 4 အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ယှက်ခြင်းအပြစ်နှင့်လွတ်ခြင်းငှာ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။- 5 နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှာ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။- 6 သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှာပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှာ အလိုရှိကြသည်တွင်၊- 7 စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနုတ်ပြီးလျှင်၊- 8 အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သော အကြောင်းအရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။- 9 ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
ဖေလဇ်မင်းရှေ့ပေါလုချေပချက်
10 မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့် ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။- 11 အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တစ်ဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။- 12 ဗိမာန်တော်၌ တစ်စုံတစ်ယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားဇရပ်တို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်း၊ လူများကို မငြိမ်မသက်စေခြင်းငှာ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။- 13 ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။ 14 သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။- 15 ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။- 16 ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
17 နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊- 18 ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိပြည်ကလာသော ယုဒလူ အချို့တို့သည် တွေ့ကြပါ၏။-တ၊ ၂၁:၁၇-၂၈။19 ထိုသူတို့သည် အကျွန်ုပ်၌အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။- 20 သို့မဟုတ် အကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊- 21 အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု ကြွေးကြော်သော စကားသံတစ်ခွန်းကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22 ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။- 23 ပေါလုကို အကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။
ဖေလဇ်နှင့်ဒြုသိလေတို့ကိုပေါလုဟောပြောခြင်း
24 ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွ လာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။- 25 ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။- 26 ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့် စကားပြောလေ၏။- 27 နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။
保罗受审
1 过了五天,大祭司亚拿尼亚同几个长老,和一个律师帖土罗来了,他们向总督控告保罗。2 保罗传来了之后,帖土罗就控诉他说:"腓力斯大人,因着你的缘故,我们大大地享受着太平;因着你的远见,本国大事改革;3 我们随时随地感激不尽。4 现在我不想多烦扰你,只求你宽容一下,听我们讲几句话。5 我们看这个人就像瘟疫一样,是煽动普天下犹太人生乱的人,又是拿撒勒派的首领。6 他还意图污秽圣殿,我们就把他捉住。有些抄本在此有以下一段:"我们想按照我们的律法审问他。7可是千夫长吕西亚来了,用武力把他从我们手中抢走,8还吩咐原告到你这里来。"8 你亲自审问之后,就必清楚知道我们告他的一切事了。"9 犹太人也都跟他一同控告保罗,证实事情确是这样。
保罗在腓力斯面前申辩
10 总督向保罗示意,叫他说话,他就说:"我知道你在本国审案多年,所以乐意为自己申辩。11 你清楚知道,自从我上耶路撒冷去礼拜,到现在还没有十二天;12 无论在殿里、会堂中或城里,他们都没有看见我跟人辩论,或煽动群众作乱,13 也不能向你证明他们现在控告我的事。14 但有一件事我要向你承认,他们所称为异端的这道,我正是根据这道来敬拜我祖先的 神的。一切律法和先知所记的,我都相信。15 我靠着 神所存的盼望,也是他们自己所期待的,就是义人和不义的人都要复活;16 因此,我常常勉励自己,对 神对人要常存无亏的良心。17 过了几年我带着捐款回来赒济本国,同时也带了祭物,18 他们看见我在殿里的时候,我已经行完了洁净礼,并没有和一大群人在一起,也没有生乱,19 只有几个从亚西亚来的犹太人而已。他们若有事要控告我,就应该到你面前来控告。20 要不然,当我站在公议会中受审的时候,这些人若发现我有甚么罪行,早就亲自说出来了。21 如果有的话,就是我站在他们中间所喊的:‘我今天在你们面前受审,是为了死人复活的事’那一句话。"
22 腓力斯本来就详细晓得这道,却故意拖延他们,说:"等千夫长吕西亚来了,再断定你们的事。"23 于是吩咐百夫长看守保罗,但要宽待他,不可阻止亲友来照料他。
腓力斯听道后害怕起来
24 过了几天,腓力斯和他的犹太妻子土西拉一同来到,他又传见保罗,听他谈论在耶稣基督里的信仰。25 保罗讲到公义、自制和将来的审判的时候,腓力斯就害怕起来,说:"你先走吧,等我有空的时候再叫你来。"26 同时他也希望保罗送钱给他,所以又多次传见他,和他谈话。
27 过了两年,波求.非斯都接了腓力斯的任;腓力斯为要讨好犹太人,就把保罗留在监里。