သက်သာလောနိတ်မြို့တွင်အမှုဆောင်ခြင်း
1 ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကိုလျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားဇရပ်ရှိ၏။- 2 ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊- 3 ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။- 4 ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။- 5 ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကိုခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှာ ရှာကြ၏။- 6 မတွေ့လျှင်၊ ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို မင်းအရာရှိတို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။- 7 ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည်ရှိသော ရှင်ဘုရင်တစ်ပါးရှိသည် ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊- 8 မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ယှက်ကြ၏။- 9 ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။
ဗေရိမြို့တွင်အမှုဆောင်ခြင်း
10 ညအခါ ညီအစ်ကိုတို့သည် ပေါလုနှင့် သိလကို ဗေရိမြို့သို့ ချက်ချင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားဇရပ်သို့ ဝင်ကြ၏။- 11 ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။- 12 ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။- 13 ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူတို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော်ကြ၏။- 14 ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှာ ချက်ချင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။- 15 ပေါလုကိုပို့သောသူတို့သည် အာသင်မြို့တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှာ မှာစာကိုခံ၍ ပြန်ကြ၏။
အာသင်မြို့တွင်အမှုဆောင်ခြင်း
16 ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။- 17 ထိုကြောင့် တရားဇရပ်၌ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော သူတို့နှင့်လည်းကောင်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်လည်းကောင်း ဆွေးနွေးနှီးနှောခြင်းကို ပြု၏။- 18 ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်းတစ်နိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။- 19 ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟောပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။- 20 ငါတို့ မသိမကျွမ်းဖူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။- 21 အာသင်မြို့သူ မြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်း အမှုမှတစ်ပါး အခြားသောအမှုဖြင့် ကာလကို မလွန်စေတတ်ကြ။
22 ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။- 23 လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင်၊ ငါတို့မသိသော ဘုရားသခင်အဖို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။- 24 လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။- 25 ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့် တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။-၃ရာ၊ ၈:၂၇။ ဟေရှာ၊ ၄၂:၅။ တ၊ ၈:၄၇။26 ဘုရားသခင်သည် မြေတစ်ပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန် ကာလကိုလည်းကောင်း၊ သူတို့၏ နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။- 27 အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။- 28 ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။
29 ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။- 30 ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဖူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။- 31 အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။- 32 သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တစ်ဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။- 33 ထိုသို့ဆိုကြသောအခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။- 34 လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင် ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတစ်ယောက်၊ ဒမာရိ အမည်ရှိသော မိန်းမတစ်ယောက်မှစ၍ အခြားသောသူရှိကြ၏။
帖撒罗尼迦的骚动
1 保罗和西拉经过暗非波里、亚波罗尼亚,来到帖撒罗尼迦,在那里有犹太人的会堂。2 保罗照他的习惯进去,一连三个安息日,根据圣经与他们辩论,3 讲解证明基督必须受害,从死人中复活,说:"我所传给你们的这位耶稣,就是基督。"4 他们中间有人给说服了,就附从了保罗和西拉;还有一大群虔诚的希腊人,和不少显要的妇女。5 但犹太人嫉妒起来,招聚了一些市井流氓,纠合成群,骚动全城,冲进了耶孙的家,搜索保罗和西拉,要把他们交给民众。6 搜索不到他们,就把耶孙和几个弟兄,拉到地方长官那里,喊叫着说:"这些扰乱天下的人,也到这里来了,7 耶孙却收留他们。这些人都违背凯撒的法令,说另外还有一个王耶稣。"8 群众和地方长官听见这话,就惊慌起来,9 取得耶孙和其余的人签保后,才放了他们。
来到比里亚
10 弟兄们当夜立刻送保罗和西拉往比里亚去。二人到了,就进入犹太人的会堂。11 这里的人,比帖撒罗尼迦人开明,热切接受主的道,天天考查圣经,要知道所听的是否与圣经相符。12 结果他们中间有很多人信了,也有高贵的希腊妇女,男的也不少。13 但帖撒罗尼迦的犹太人,知道保罗又在比里亚宣讲 神的道,就到那里去,煽动挑拨群众。14 弟兄们立刻把保罗送到海边去;西拉和提摩太仍然留在比里亚。15 护送保罗的人带他到了雅典;保罗吩咐他们叫西拉和提摩太赶快去见他,于是他们就回去了。
在雅典
16 保罗在雅典等候他们的时候,看见满城都是偶像,心灵十分忿激。17 于是在会堂里,同犹太人和虔诚的人辩论;并且天天在市中心和所遇见的人辩论。18 还有一些伊壁鸠鲁派和斯多亚派的哲学家也同他争论,有的说:"这个拾人牙慧的人要说甚么呢?"有的说:"他似乎是一个宣传外地鬼神的人。"这是因为保罗传扬耶稣和复活的道理。19 他们拉着保罗,把他带到亚略.巴古那里,说:"你所讲的这个新道理,我们可以知道吗?20 因为你把一切新奇的事,传到我们耳中,我们愿意知道这些事是甚么意思。"21 原来所有雅典人和外侨,专好谈论和打听新奇的事,来打发时间。
22 保罗站在亚略.巴古当中,说:"各位雅典人,我看你们在各方面都非常敬畏鬼神。23 我走路的时候,仔细看你们所敬拜的,发现有一座坛,上面写着‘献给不认识的神’。我现在把你们不认识而敬拜的这位神,传给你们。24 创造宇宙和其中万有的 神,既然是天地的主,就不住在人手所造的殿宇,25 也不受人手的服事,好象他缺少甚么;他自己反而把生命、气息和一切,赐给万人。26 他从一个本源造出了万族来,使他们住在整个大地上,并且定了他们的期限和居住的疆界,27 要他们寻求 神,或者可以摸索而找到他。其实他离我们各人不远,28 因着他我们可以生存、活动、存在,就如你们有些诗人说:‘原来我们也是他的子孙。’29 我们既然是 神的子孙,就不应该以为他的神性是好象人用手艺、心思所雕刻的金银石头一样。30 过去那无知的时代, 神不加以追究;现在,他却吩咐各处的人都要悔改,31 因为他已经定好了日子,要借着他所立的人,按公义审判天下,并且使他从死人中复活,给万人作一个可信的凭据。"
32 众人一听到死人复活的事,就讥笑他,但有的说:"我们要再听听你讲这件事!"33 这样,保罗就离开他们。34 但有几个人接近他,并且信了主,其中有亚略.巴古的议员丢尼修,一个名叫戴马里的女子,还有其他在一起的人。