မာကေဒေါနိပြည်နှင့်အခါယပြည်သို့
1 ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- 2 ထိုအရပ်များကိုလျှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။- 3 သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- 4 ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။- 5 ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။- 6 အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက် နေကြ၏။
တရောမြို့သို့နောက်ဆုံးအကြိမ်
7 ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။- 8 စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။- 9 ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- 10 ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ဟုဆို၍ တက်ပြန်လေ၏။- 11 မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- 12 အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်း ရှိကြ၏။
တရောမြို့မှမိလက်မြို့သို့
13 ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။- 14 အဿုမြို့၌ သူသည် ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။- 15 ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာ လျှောက်သွား၍ နောက်တစ်နေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တစ်နေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။- 16 ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှာ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
ဧဖက်အသင်းတော်လူကြီးတို့အားနှုတ်ဆက်ခြင်း
17 မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။- 18 သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည် အာရှိပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။- 19 အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။- 20 သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမဩဝါဒ ပေးသဖြင့်၊- 21 ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။
22 ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကို မသိ။- 23 သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။- 24 သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊-၂တိ၊ ၄:၇။25 ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်ရကြဟုငါသိ၏။- 26 ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။- 27 ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲမရှောင်ဘဲ ပြုခဲ့ပြီ။
28 ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။- 29 အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊- 30 တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။- 31 ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ်လုံး နေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။
32 ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူ သင်တို့အား အမွေပေးခြင်းငှာလည်းကောင်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။- 33 သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။- 34 ဤလက်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့အပေါင်းအဖော်တို့ကိုလည်းကောင်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။- 35 ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊- 36 ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။- 37 ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏လည်ပင်းကို ဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။- 38 နောက်တစ်ဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
往马其顿及希腊
1 骚乱平息以后,保罗派人把门徒请了来,劝勉一番,就辞别起行,往马其顿去。2 他走遍那一带地方,用许多话劝勉众人,然后来到希腊。3 他在那里住了三个月,正要坐船往叙利亚去的时候,有些犹太人设计要害他,他就决意路经马其顿回去。4 与他同行的有比里亚人毕罗斯的儿子所巴特,帖撒罗尼迦人亚里达古和西公都,特庇人该犹和提摩太,亚西亚人推基古和特罗非摩。5 这些人先走,在特罗亚等候我们。6 至于我们,过了除酵节才从腓立比开船,五天后到特罗亚他们那里,逗留了七天。
在特罗亚使犹推古复活
7 礼拜日,我们聚会擘饼的时候,保罗对大家讲道,他因第二天就要起行,就一直讲到半夜。8 我们聚会的那座楼上,有许多灯火。9 有一个少年人,名叫犹推古,坐在窗台上,因为保罗讲得很长,他很困倦,沉沉地睡着了,就从三楼跌下来;把他扶起来的时候,已经死了。10 保罗走下去,伏在他身上;把他抱住,说:"你们不要惊慌,他还活着。"11 随即回到楼上,擘饼吃了,又讲了很久,直到天亮才走。12 他们把活着的孩子带走,得到很大的安慰。
从特罗亚往米利都
13 我们先上船,开往亚朔,照着保罗的安排,要在那边接他,因为他自己要走陆路去。14 他在亚朔与我们会合,我们接他上船,去到米推利尼。15 从那里开船,第二天到了基阿对面,过了一天就在撒摩靠岸,再过一天到了米利都。16 原来保罗决定越过以弗所,免得在亚西亚耽搁时间,因为他希望能在五旬节赶到耶路撒冷。
保罗劝勉以弗所的长老
17 他从米利都派人去以弗所,请教会的长老来。18 他们到了,保罗说:"你们知道,自从我到了亚西亚的第一天,我一直怎样跟你们相处,19 怎样服事主,凡事谦卑,常常流泪,忍受犹太人谋害的试炼。20 你们也知道,我从来没有留下一件有益的事,不在众人面前或在各人家里告诉你们,教导你们。21 我对犹太人和希腊人都作过见证,要他们悔改归向 神,信靠我们的主耶稣。22 现在,我的心灵受到催逼,要去耶路撒冷,我不知道在那里会遭遇甚么事,23 只知道在各城里圣灵都向我指明,说有捆锁和患难在等着我。24 但我并不珍惜自己的性命,只求跑完我的路程,完成我从主耶稣所领受的职分,为 神恩惠的福音作见证。
25 "我曾在你们那里走遍各地,宣扬 神的国。现在,我知道你们众人不会再见我的面了。26 所以我今天向你们作证,我是清白的,与众人的罪"罪"原文作"血"无关。27 因为 神的全部计划,我已经毫无保留地传给你们了。28 圣灵既然立你们为全群的监督,牧养 神用自己的血所赎来的教会,你们就应当为自己谨慎,也为全群谨慎。29 我知道在我离开之后,必有凶暴的豺狼进入你们中间,不顾惜羊群。30 你们自己中间也必有人起来,讲些歪曲悖谬的话,引诱门徒跟从他们。31 所以你们应当警醒,记念我三年之久,昼夜不停地带着眼泪劝戒你们各人。32 现在我把你们交托给 神和他恩惠的道;这道能建立你们,也能在所有成圣的人中赐基业给你们。33 我从来没有贪图任何人的金银或衣服。34 我这两只手,供应了我和同伴的需要,这是你们自己知道的。35 我凡事以身作则,你们必须照样辛劳,扶助软弱的人,并且记念主耶稣的话:‘施比受更为有福。’"
36 他说了这些话,就跪下来同大家一起祷告。37 众人都痛哭,抱着保罗,与他亲吻。38 他们最伤心的,是保罗说他们不会再见他的面那句话。最后他们送他上了船。