ဧကရာဇ်မင်းထံပေါလုအယူခံ
1 ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။- 2 ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊- 3 ပေါလုကို သတ်ခြင်းငှာ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။- 4 ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။- 5 သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။ 6 ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
7 ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။- 8 ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကို မပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကို ပြောလေ၏။- 9 သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာ ဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။- 10 ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူသည်အတိုင်း၊ အကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။- 11 အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကို အကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစ်စုံတစ်ခုမျှ မမှန်လျှင်၊ သူတို့လက်သို့ အကျွန်ုပ်ကို အဘယ်သူမျှ မစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။- 12 ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
အဂြိပ္ပမင်းကြီးကိုပေါလုအကြောင်းပြောပြခြင်း
13 ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှာ ကဲသရိမြို့သို့ ရောက်လာ၏။- 14 အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတစ်ယောက်ရှိ၏။- 15 ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊- 16 ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူသည် အပြစ်တင်သော သူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။- 17 ထိုသူတို့သည် ဤမြို့သို့ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်းမလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။- 18 သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်လည်းကောင်း၊ ယေရှုအမည်ရှိသော၊- 19 သေပြီးသော သူတစ်ယောက်နှင့်လည်းကောင်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။- 20 ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊- 21 ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- 22 အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဖွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။
အဂြိပ္ပမင်းကြီးရှေ့သို့
23 နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလုကို ဆောင်ခဲ့စေ၏။- 24 ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။- 25 သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍လည်းကောင်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆို၍လည်းကောင်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှာ ကျွန်ုပ်စီရင်၏။- 26 သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဖို့၊ သေချာသောအကြောင်း တစ်စုံတစ်ခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှာ သင်တို့ရှေ့၌လည်းကောင်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌လည်းကောင်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။- 27 အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။
保罗上诉凯撒
1 非斯都到任三天之后,就从该撒利亚去耶路撒冷。2 祭司长和犹太人的首领,到他面前控告保罗。他们又要求非斯都,3 求他恩准对付保罗,把保罗解来耶路撒冷,他们好埋伏在路上杀死他。4 非斯都回答:"保罗现今押在该撒利亚,我就要回到那里去。"5 又说:"你们中间有权势的,和我一同去吧!那人若有甚么不是,他们就可以告他。"
6 非斯都在他们那里大约逗留了不过十天八天,就回到该撒利亚去。第二天就开庭,吩咐把保罗带来。7 保罗一到,那些从耶路撒冷来的犹太人,就站在他周围,提出许多严重的控告,可是所控告的他们都不能证实。8 保罗申辩说:"无论对犹太人的律法、圣殿或凯撒,我都没有罪。"9 但非斯都为要讨好犹太人,就问保罗:"你愿意去耶路撒冷,让我在那里审问这事吗?"10 保罗说:"我现在站在凯撒的审判台前,这里是我应当受审的地方。我对犹太人并没有作过甚么不对的事,这是你清楚知道的。11 我若作过不对的事,犯过甚么该死的罪,就是死我也不推辞。不过,如果这些人告我的事不是真的,谁也不可以把我送给他们。我要向凯撒上诉。"12 非斯都同议会商量后,答复说:"你既然要向凯撒上诉,可以到凯撒那里去。"
亚基帕王要听保罗的案情
13 过了一些日子,亚基帕王和百尼基到该撒利亚来,问候非斯都。14 他们在那里逗留了许多天,非斯都把保罗的案情向王陈明,说:"这里有一个囚犯,是腓力斯留下来的。15 我在耶路撒冷的时候,祭司长和犹太人的长老控告他,要求把他定罪。16 我答复他们说,被告还没有和原告当面对证,又没有机会为所控的罪申辩,就被送给对方,罗马人没有这个规例。17 后来他们都到了这里,我没有耽延时间,第二天就开庭,吩咐把那人提出来。18 原告都站在那里,他们所控诉他的,并不是我所意料的恶事。19 他们与他争辩的,只是他们的宗教问题;还论到一位已经死了的耶稣,保罗却说他是活着的。20 关于这些争论,我不知道怎样处理,就问他愿不愿意上耶路撒冷去为这些事在那里受审。21 但保罗要求把他留下,等待皇上裁判,我就下令把他押起来,等候解往凯撒那里。"22 亚基帕对非斯都说:"我也想听听这人说些甚么。"非斯都说:"明天就请你来听。"
23 第二天,亚基帕和百尼基威风凛凛地来了,同千夫长和城中的显要进了厅堂。非斯都吩咐一声,就有人把保罗提出来。24 非斯都说:"亚基帕王和在座的各位,请看这个人。耶路撒冷和本地的犹太人都向我请求,嚷着说这个人不该活着。25 我查明他没有犯甚么该死的罪,但是他自己既然要向皇上上诉,我就决定把他解去。26 关于这个人,我没有甚么确实的事可以呈奏主上的。所以把他带到你们面前,特别是你亚基帕王面前,为要在审查之后,有所陈奏。27 因为我认为解送囚犯,不指明他的罪状,是不合理的。"