လင်မယားကွာရှင်းခြင်း
1 ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- 2 ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊- 3 ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊- 4 သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့် ကွာစေခြင်းငှာ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။-တရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။5 ယေရှုကလည်း၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။- 6 ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။-က၊ ၁:၂၇၊၅:၂။7 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊-က၊ ၂:၂၄။8 ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။- 9 ဘုရားသခင် တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။
10 နောက်တစ်ဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ 11 ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။-မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။12 မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့် စုံဖက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
သူငယ်များကိုကောင်းချီးပေးခြင်း
13 ထိုအခါ သူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော်တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။- 14 ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- 15 ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊-မ၊ ၁၈:၃။16 သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။
ဥစ္စာကြွယ်ဝသူ
17 လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- 18 ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- 19 သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊-ထွ၊ ၂၀:၁၂-၁၆။ တရား၊၅:၁၆-၂၀။20 အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊- 21 ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည် တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- 22 ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။
23 ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- 24 တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်းမောတွေဝေခြင်း ရှိကြ၏။ တစ်ဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကို မှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- 25 ကုလားအုတ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- 26 ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။- 27 ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28 ထိုအခါ၊ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- 29 ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။- 30 ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- 31 နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။
အသေခံရမည့်အကြောင်းတတိယအကြိမ်ဖော်ပြခြင်း
32 ယေရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်၍၊ ငါတို့သည်ယေရုရှလင်မြို့သို့ ယခုသွားကြ၏။- 33 လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။- 34 သူတို့သည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။
ယာကုပ်နှင့်ယောဟန်
35 ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။- 36 ကိုယ်တော်က၊ ငါသည်သင်တို့ကို အဘယ်သို့ ပြုစေချင်သနည်းဟု မေးတော်မူသော်၊- 37 ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။- 38 ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊-လု၊ ၁၂:၅၀။39 အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။- 40 သို့သော်လည်း ငါ့လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
41 အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- 42 ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။-လု၊ ၂၂:၂၅-၂၆။43 သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။-မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။ လု၊ ၂၂:၂၆။44 သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- 45 အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ဗာတိမဲကိုမျက်စိမြင်စေခြင်း
46 ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- 47 နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- 48 ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- 49 ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။- 50 ထိုသူသည် မိမိအဝတ်ကို ပစ်ချထားပြီးလျှင်၊ ထ၍ ယေရှုထံတော်သို့သွား၏။- 51 ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- 52 အရှင်ဘုရား အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လူကန်းလျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့ လိုက်လေ၏။
神配合的人不可分开(太19:1~9;路16:18)
1 耶稣从那里动身,来到约旦河东的犹太境内。许多人又聚集到他那里,他像平常一样教导他们。2 有法利赛人前来试探耶稣,问他:"丈夫可以休妻吗?"3 耶稣回答:"摩西吩咐你们的是甚么呢?"4 他们说:"摩西准许‘人写了休书就可以休妻’。"5 耶稣说:"因为你们的心硬,摩西才写这条例给你们。6 但从起初创造的时候, 神是‘造男造女’。7 ‘因此人要离开父母,与妻子连合,8 二人成为一体了。’这样,他们不再是两个人,而是一体的了。9 所以 神所配合的,人不可分开。"10 回到屋子里,门徒再提起这件事来问他。11 他对他们说:"谁休妻另娶,谁就是犯奸淫,得罪了妻子。12 如果妻子弃夫另嫁,也是犯了奸淫。"
为小孩子按手祝福(太19:13~15;路18:15~17)
13 有人带着小孩子到耶稣跟前,要他触摸他们;门徒却责备那些人。14 耶稣看见了就生气,对门徒说:"让小孩子到我这里来,不要禁止他们,因为 神的国是属于这样的人的。15 我实在告诉你们,凡是不像小孩子一样接受 神的国的,绝对不能进去。"16 于是耶稣把小孩子抱起来,为他们按手祝福。
有钱的人难进 神的国(太19:16~30;路18:18~30)
17 耶稣又开始他的行程。那时,有一个人跑过来,跪在他面前,问他说:"良善的老师,我当作甚么,才可以承受永生?"18 耶稣对他说:"你为甚么称我是良善的?除了 神一位以外,没有良善的。19 诫命你是知道的:不可杀人,不可奸淫,不可偷盗,不可作假证供,不可欺诈,当孝敬父母。"20 他对耶稣说:"老师,这一切我从小都遵守了。"21 耶稣看着他,就爱他,对他说:"你还缺少一件:去变卖你所有的,分给穷人,就必定有财宝在天上,而且你要来跟从我。"22 那人听见这话,就变了脸色,忧忧愁愁地走了,因为他的财产很多。
23 耶稣周围观看,对门徒说:"富有的人要进 神的国,是多么难哪!"24 门徒都希奇他的话,耶稣又对他们说:"孩子们哪,有些抄本在此有"倚靠钱财的人"一句要进 神的国,是多么困难!25 骆驼穿过针眼,比有钱的人进 神的国还容易呢!"26 门徒就更加惊奇,彼此说:"这样,谁可以得救呢?"27 耶稣看着他们,说:"在人不能,在 神却不然,因为在 神凡事都能。"28 彼得对他说:"你看,我们已经舍弃了一切,而且来跟从你了。"29 耶稣说:"我实在告诉你们,人为着我和福音舍弃了房屋、弟兄、姊妹、母亲、父亲、儿女、田地,30 没有不在今生得百倍─就是房屋、弟兄、姊妹、母亲、儿女、田地,同时要受迫害─在来世还要得永生。31 然而许多在前的将要在后,在后的将要在前。"
第三次预言受难及复活(太20:17~19;路18:31~33)
32 在上耶路撒冷的路途中,耶稣走在前面,门徒希奇,跟从的人也害怕。耶稣又把十二门徒带到一边,把自己将要遭遇的事告诉他们,33 说:"我们现在上耶路撒冷去,人子要被交给祭司长和经学家,他们要定他的罪,并且把他交给外族人。34 他们要凌辱他,向他吐唾沫,鞭打他,杀害他,三天以后,他要复活。"
不是要人服事而是要服事人(太20:20~28)
35 西庇太的儿子雅各、约翰,来到耶稣跟前,对他说:"老师,我们无论向你求甚么,愿你为我们作成。"36 耶稣说:"要我为你们作甚么?"37 他们说:"在你的荣耀里,让我们一个坐在你的右边,一个坐在你的左边。"38 耶稣说:"你们不知道你们求的是甚么。我喝的杯,你们能喝吗?我受的洗,你们能受吗?"39 他们说:"能。"耶稣说:"我喝的杯,你们固然要喝;我受的洗,你们也要受。40 只是坐在我的左右,不是我可以赐的,而是 神预备赐给谁,就赐给谁。"41 其他十个门徒听见了,就向雅各、约翰生气。42 耶稣把他们叫过来,对他们说:"你们知道各国都有被尊为元首的统治他们,也有官长管辖他们。43 但你们中间却不要这样;谁想在你们中间为大的,就要作你们的仆役,44 谁想在你们中间为首的,就要作大家的奴仆。45 因为人子来,不是要受人服事,而是要服事人,并且要舍命,作许多人的赎价。"
治好瞎眼的巴底买(太20:29~34;路18:35~43)
46 他们进了耶利哥。耶稣、门徒和一大群人从耶利哥出来的时候,有一个瞎眼的人,是底买的儿子,名叫巴底买,坐在路旁讨饭。47 他听见是拿撒勒人耶稣,就喊叫,说:"大卫的子孙耶稣啊,可怜我吧!"48 许多人斥责他,叫他不要出声;他却更加放声喊叫:"大卫的子孙啊,可怜我吧!"49 耶稣就站住,说:"把他叫过来。"他们就叫那瞎眼的人,对他说:"放心吧,起来,他叫你了。"50 他就丢下衣服,跳起来,走到耶稣那里。51 耶稣对他说:"你要我为你作甚么呢?"瞎眼的人对他说:"拉波尼,我要能看见。"52 耶稣说:"去吧,你的信使你痊愈了。"他立刻看见了,就在路上跟随耶稣。