လက်ခြေသေသူကိုကုသခြင်း
1 နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- 2 တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။- 3 ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။- 4 လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျှော့ချကြ၏။- 5 ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- 6 ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊- 7 ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။- 8 သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ချင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။- 9 လက်ခြေသေသောသူအား အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- 10 လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။- 11 ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- 12 ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
လေဝိကိုခေါ်ခြင်း
13 နောက်တစ်ဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။- 14 လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- 15 ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။- 16 ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်တို့အား ဆိုကြ၏။- 17 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
အစာရှောင်ခြင်း
18 အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- 19 ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- 20 မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- 21 အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- 22 ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
ဥပုသ်နေ့
23 ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။-တရား၊ ၂၃:၂၅။24 ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- 25 ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊-၁ရာ၊ ၂၁:၁-၆။26 ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတစ်ပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော်မုန့်ကို စား၍ မိမိအဖော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။-ဝတ်၊ ၂၄:၉။27 ထိုမှတစ်ပါး ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည်မဟုတ်။- 28 သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
治好瘫子(太9:1~8;路5:18~26)
1 过了些日子,耶稣再回到迦百农。一听说他在屋子里,2 许多人就都来聚集,甚至连门前都没有地方了,耶稣就对他们讲道。3 那时有人把一个瘫子带到耶稣那里,是由四个人抬来的。4 因为人挤,不能带到他面前,就对着耶稣所在的地方,拆去房顶;拆通了,就把瘫子连人带褥子缒了下去。5 耶稣看见他们的信心,就对瘫子说:"孩子,你的罪赦了。"6 当时有几个经学家也坐在那里,心里议论说:7 "这个人为甚么这样说话?他说僭妄的话了。除了 神一位以外,谁能赦罪呢?"8 耶稣心里立刻知道他们这样议论,就对他们说:"你们心里为甚么议论这事?9 对瘫子说‘你的罪赦了’,或说‘起来,拿着你的褥子走’,哪一样容易呢?10 然而为了要你们知道人子在地上有赦罪的权柄,他就对瘫子说:11 我吩咐你,起来,拿起你的褥子,回家去吧。"12 那人就起来,立刻拿着褥子,当众出去了。众人都非常惊奇,颂赞 神,说:"我们从来没有见过这样的事。"
呼召利未(太9:9~13;路5:27~32)
13 耶稣又出去,到了加利利海边;众人都到他面前来,他就教导他们。14 他往前走的时候,看见亚勒腓的儿子利未坐在税关那里,就对他说:"来跟从我!"他就起来跟从了耶稣。15 后来耶稣在利未家里吃饭,有很多税吏和罪人也来与他和门徒一起吃饭;因为这样的人很多,并且他们已经跟随了耶稣。16 法利赛派的经学家,看见耶稣与罪人和税吏一起吃饭,就对耶稣的门徒说:"他跟税吏和罪人一起吃饭吗?"17 耶稣听见了,就对他们说:"健康的人不需要医生,有病的人才需要;我来不是要召义人,而是要召罪人。"
新旧的比喻(太9:14~17;路5:33~38)
18 约翰的门徒和法利赛人正在禁食,有人来问耶稣说:"为甚么约翰的门徒和法利赛人的门徒常常禁食,你的门徒却不禁食呢?"19 耶稣回答:"新郎跟宾客在一起的时候,宾客怎能禁食呢?只要新郎还在,就不能禁食。20 但日子到了,新郎要被取去,离开他们,那一天他们就要禁食了。21 没有人会把一块新布缝在旧衣服上,如果这样,新的布就会把旧衣服扯破,裂开的地方就更大了。22 也没有人会把新酒装在旧皮袋里,如果这样,酒就会把皮袋胀破,酒和皮袋都损坏了;新酒总该装在新皮袋里。"
安息日的主(太12:1~8;路6:1~5)
23 有一次,在安息日,耶稣从麦田经过,他的门徒一面走路,一面摘麦穗。24 法利赛人对耶稣说:"你看,他们为甚么作安息日不可作的事?"25 耶稣对他们说:"大卫和跟他一起的人在饥饿缺食的时候所作的,你们没有念过吗?26 他不是在亚比亚他作大祭司的时候,进了 神的殿,吃了除祭司以外谁都不可以吃的陈设饼,而且还给跟他在一起的人吃吗?"27 耶稣又告诉他们:"安息日是为人设立的,人并不是为安息日设立的。28 这样,人子也是安息日的主。"