ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
1 ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- 2 ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။
ဒုက္ခဆင်းရဲနှင့်ညှဉ်းပန်းခြင်းများ
3 ထိုနောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှု ထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊- 4 ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။- 5 ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- 6 အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။- 7 သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
8 လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။- 9 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။-မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။10 ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။- 11 ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏချင်းတွင် သင်တို့ရသောစကားကိုသာပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။- 12 ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- 13 လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။မ၊ ၁၀:၂၂။
ရွံရှာဖွယ်သောအရာ
14 ပရောဖက်ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။-ဒံ၊ ၉:၂၇၊၁၁:၃၁၊၁၂:၁၁။15 အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကို ယူခြင်းငှာ မဝင်စေနှင့်။-လု၊ ၁၇:၃၁။16 လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။- 17 ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- 18 သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။- 19 အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။-ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။20 ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။
21 ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- 22 အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်နိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- 23 သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာ ရှိသမျှကို ငါပြောနှင့်ပြီ။
လူသားကြွလာတော်မူမည့်အကြောင်း
24 ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။25 ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-ဟေရှာ၊ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။26 ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။27 ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
28 သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။- 29 ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- 30 ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- 31 ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
ထိုအချိန်နာရီကိုမည်သူမျှမသိ
32 ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။-မ၊ ၂၄:၃၆။33 ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။- 34 ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊-လု၊ ၁၂း၃၆-၃၈။35 အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- 36 သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကို တွေ့လိမ့်မည်။- 37 စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။
预言圣殿被毁(太24:1~2;路21:5~6)
1 耶稣从殿里出来的时候,有一个门徒对他说:"老师,请看,这是多么美好的石头!多么美好的建筑!"2 耶稣对他说:"你看见这些伟大的建筑吗?将来必没有一块石头留在另一块石头上面,每一块都要拆下来。"
这世代终结的预兆(太24:3~14;路21:7~19)
3 耶稣在橄榄山上,面对圣殿坐着,彼得、雅各、约翰和安得烈私下问他:4 "请告诉我们,甚么时候会有这些事呢?这一切事将要成就的时候有甚么预兆呢?"5 耶稣就告诉他们说:"你们要小心,不要被人迷惑。6 有许多人要来,假冒我的名说‘我就是基督’,并且要迷惑许多的人。7 你们听见战争和战争的风声,也不要惊慌,这是免不了的,不过,结局还没有到。8 一个民族要起来攻打另一个民族,一个国家要起来攻打另一个国家,到处要有地震,有饥荒,这些不过是痛苦的开始。9 但你们要小心!因为人要把你们交给公议会,你们要在会堂里被鞭打,又要为我的缘故站在总督和君王面前,向他们作见证。10 然而福音必须先传给万民。11 人把你们捉去送官的时候,用不着预先思虑要说甚么,到那时候赐给你们甚么话,你们就说甚么,因为说话的不是你们,而是圣灵。12 弟兄要出卖弟兄,父亲要出卖儿子,甚至把他们置于死地;儿女要悖逆父母,害死他们。13 你们为我的名,要被众人恨恶,然而坚忍到底的必然得救。
大灾难的日子(太24:15~28;路21:20~24)
14 "当你们看见‘那造成荒凉的可憎者’,站在不该站的地方读者必须领悟,那时,住在犹太的应当逃到山上;15 在房顶的不要下来,也不要进到屋子里拿甚么东西;16 在田里的也不要回去取衣服。17 当那些日子,怀孕的和乳养孩子的有祸了!18 你们应当祈求,不要让这些事在冬天发生。19 因为那些日子必有灾难,这是从 神创世的开始到现在未曾有过的,以后也必不会再有。20 如果不是主减少那些日子,没有一个人可以存活;但是为了自己的选民,他必使那些日子减少。21 那时,如果有人对你们说:‘看哪,基督在这里!看哪,他在那里!’你们不要信。22 因为必有假基督和假先知出现,行神迹和奇事,如果可以的话,连选民也要迷惑了。23 所以你们应当小心!我已经事先把一切都告诉你们了。
人子必驾云降临(太24:29~35;路21:25~33)
24 "当那些日子,在那灾难以后,
太阳就变黑了,
月亮也不发光,
25 众星从天坠落,
天上的万象震动。
26 那时,他们要看见人子,满有能力和荣耀,驾着云降临;27 他要差派天使,把他的选民从四方,从地极直到天边,都招聚来。
28 "你们应该从无花果树学个功课:树枝发出嫩芽长出叶子的时候,你们就知道夏天近了。29 同样,你们甚么时候看见这些事发生,就知道他已经近在门口了。30 我实在告诉你们,这一切都必会发生,然后这世代才会过去。31 天地都要过去,但我的话决不会废去。
警醒准备(太24:36~51;路21:34~36)
32 "至于那日子和时间,没有人知道,连天上的天使和子也不知道,只有父知道。33 你们要小心,要警醒,因为你们不知道那日期甚么时候来到。34 这就像一个人出外远行,把责任"责任"原文作"权柄"一一地交给他的仆人,又吩咐看门的要警醒。35 所以你们要警醒,因为你们不知道家主甚么时候来到,也许在黄昏,也许在半夜,也许在鸡叫时,也许在清晨。36 恐怕他忽然来到,发现你们正在睡觉。37 我对你们所说的话,也是对众人说的,‘你们要警醒’。"