ပိလတ်မင်းထံသို့
1 နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- 2 ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- 3 ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။- 4 တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊- 5 စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
ယေရှုကိုသေဒဏ်စီရင်ခြင်း
6 ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတစ်ယောက်ယောက်ကို လွှတ်တတ်၏။- 7 ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတစ်ယောက်သည်၊ ပုန်ကန်သော အပေါင်းအဖော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။- 8 လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊- 9 ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။- 10 အဘယ်ကြောင့် ဤသို့မေးသနည်း ဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို သိ၏။- 11 ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။- 12 တစ်ဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကို အဘယ်သို့ပြုရမည်နည်းဟု မေးပြန်သော်၊- 13 ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။- 14 ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။- 15 ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှာ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
ကိုယ်တော်ကိုပြက်ရယ်ပြုခြင်း
16 ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတစ်တပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊- 17 ဆူးပင်နှင့် ရက်သော ဦးရစ်ကို တင်ပြီးလျှင်၊- 18 ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးစကားကို ပြောကြ၏။- 19 ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။- 20 ထိုသို့ ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။
လက်ဝါးကပ်တိုင်တွင်တင်သတ်ခြင်း
21 အာလေဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။-ရော၊ ၁၆:၁၃။22 ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊- 23 မုရန်နှင့် ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင် မခံဘဲနေတော်မူ၏။- 24 လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စာရေးတံချ၍ အသီးအသီးတို့အား ဝေဖန်ကြ၏။-ဆာ၊ ၂၂:၁၈။25 ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တစ်ချက်တီးအချိန် ဖြစ်သတည်း။ 26 အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက် ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။- 27 ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။- 28 ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ဟေရှာ၊ ၅၃:၁၂။
29 လမ်းမှာသွားလာသော သူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊-ဆာ၊ ၂၂:၇၊ ၁၀၉:၂၅။ မာ၊ ၁၄:၅၈။ ယော၊ ၂:၁၉။30 ကိုယ်ကိုကိုယ် ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့် ပြောဆိုကြ၏။- 31 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။- 32 ငါတို့မြင်၍ ယုံကြည်စေခြင်းငှာ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ရယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
ကိုယ်တော်အသက်ချုပ်ခြင်း
33 မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- 34 သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။-ဆာ၊ ၂၂:၁။35 အနား၌ရပ်နေသော သူအချို့တို့သည် ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။- 36 လူတစ်ယောက်သည် ပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆို၏။-ဆာ၊ ၆၉:၂၁။37 ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
38 ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။-ထွ၊ ၂၆:၃၁-၃၃။39 ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။- 40 မိန်းမအချို့တို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- 41 ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။လု၊ ၈:၂-၃။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
42 ထိုနေ့ကား အဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊- 43 အသရေရှိသော လွှတ်အရာရှိ၊ အရိမဿဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- 44 ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလောဟု မေး၏။- 45 သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- 46 ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။- 47 မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။
耶稣被押交彼拉多(太27:1~2、11~14;路23:1~3;约18:29~37)
1 一到清晨,祭司长和长老、经学家以及公议会全体一致议决,把耶稣绑起来,押去交给彼拉多。2 彼拉多问他:"你是犹太人的王吗?"耶稣回答:"你已经说了"你已经说了"或译:"这是你说的"。"3 祭司长控告了他许多事。4 彼拉多又问他:"你看,他们控告你这么多的事!你甚么都不回答吗?"5 耶稣还是一言不答,使彼拉多非常惊奇。
彼拉多判耶稣钉十字架(27:15~26;路23:13~25;约18:38~19:16)
6 每逢这节期,彼拉多按着众人所要求的,照例给他们释放一个囚犯。7 有一个人名叫巴拉巴,和作乱的人囚禁在一起,他们作乱的时候,曾杀过人。8 群众上去,要求彼拉多援例给他们办理。9 彼拉多回答他们:"你们要我给你们释放这个犹太人的王吗?"10 他知道祭司长是因为嫉妒才把耶稣交了来。11 祭司长却煽动群众,宁可要总督释放巴拉巴给他们。12 彼拉多又对他们说:"那么,你们称为犹太人的王的,你们要我怎样处置他呢?"13 他们就喊着说:"把他钉十字架!"14 彼拉多说:"他作了甚么恶事呢?"众人却更加大声喊叫:"把他钉十字架!"15 彼拉多有意讨好群众,就释放了巴拉巴给他们,把耶稣鞭打了,交给他们钉十字架。
士兵戏弄耶稣(太27:27~31)
16 士兵把耶稣带进总督府的院子里,召集了全队士兵。17 他们给他披上紫色的外袍,又用荆棘编成冠冕给他戴上;18 就向他祝贺说:"犹太人的王万岁!"19 又用一根芦苇打他的头,向他吐唾沫,并且跪下来拜他。20 他们戏弄完了,就把他的紫色的外袍脱下,给他穿回自己的衣服,带他出去,要钉十字架。
耶稣被钉十字架(太27:32~44;路23:26~43;约19:17~24)
21 有一个古利奈人西门,就是亚历山大和鲁孚的父亲,从乡下来到,经过那里,士兵就强迫他背着耶稣的十字架。22 他们把耶稣带到各各他地方这地名译出来就是"髑髅地",23 拿没药调和的酒给他,他却不接受。24 他们就把他钉了十字架;又抽签分他的衣服,看谁得着甚么。25 他们钉他十字架的时候,是在上午九点钟。26 耶稣的罪状牌上写着"犹太人的王"。27 他们又把两个强盗和他一同钉十字架,一个在右,一个在左。有些抄本有第28节:"这就应验了经上所说的:‘他和不法者同列。’"29 过路的人讥笑他,摇着头说:"哼,你这个要拆毁圣所,三日之内又把它建造起来的,30 从十字架上把自己救下来吧!"31 祭司长和经学家也同样讥笑他,彼此说:"他救了别人,却不能救自己;32 以色列的王基督啊,现在可以从十字架上下来,让我们看见就信吧。"那和他同钉十字架的人也侮辱他。
耶稣死时的情形(太27:45~56;路23:44~49;约19:28~30)
33 从正午到下午三点钟,遍地都黑暗了。34 下午三点的时候,耶稣大声呼号:"以罗伊,以罗伊,拉马撒巴各大尼?"这句话译出来就是:"我的 神,我的 神,你为甚么离弃我?"35 有些站在旁边的人听见了就说:"看,他呼叫以利亚呢。"36 有一个人跑去拿海绵浸满了酸酒,绑在芦苇上,递给他喝,说:"等一等,我们看看以利亚来不来救他。"37 耶稣大叫一声,气就断了。38 圣所里的幔子,从上到下裂成两半。39 站在他对面的百夫长,看见他这样断气,就说:"这人真是 神的儿子!"40 也有些妇女远远地观看,她们之中有抹大拉的马利亚,小雅各和约西的母亲马利亚,以及撒罗米。41 这些妇女,当耶稣在加利利的时候,就一直跟随他、服事他。此外,还有许多和他一同上耶路撒冷的妇女。
耶稣葬在坟墓里(太27:57~61;路23:50~56;约19:38~42)
42 到了晚上,因为是预备日,就是安息日的前一日,43 一个一向等候 神国度的尊贵的议员,亚利马太的约瑟来了,就放胆地进去见彼拉多,求领耶稣的身体。44 彼拉多惊讶耶稣已经死了,就叫百夫长前来,问他耶稣是不是死了很久。45 他从百夫长知道了实情以后,就把尸体给了约瑟。46 约瑟买了细麻布,把耶稣取下,用细麻布裹好,安放在一个从盘石凿出来的坟墓里,又辊过一块石头来挡住墓门。47 抹大拉的马利亚和约西的母亲马利亚都看见安放他的地方。