နာဇရက်မြို့ကလက်မခံခြင်း
1 ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။- 2 ဥပုသ်နေ့ရောက်လျှင် တရားဇရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ ပြနိုင်သနည်း။- 3 သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။- 4 ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။-ယော၊ ၄:၄၄။5 မကျန်းမမာသောသူအချို့တို့ အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတစ်ပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။- 6 ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီ လှည့်လည်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။
တပည့်တော်တို့ကိုစေလွှတ်ခြင်း
7 တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊- 8 သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။-လု၊ ၁၀:၄-၁၁။9 ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- 10 ထိုမှတစ်ပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။- 11 အကြင်သူတို့သည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ်၊ သူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတ္တံ့ဟု မိန့်တော်မူ၏။-တ၊ ၁၃:၅၁။12 တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကို ဟောကြ၏။- 13 နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။ယာ၊ ၅:၁၄။
ဗတ္တိဇံဆရာယောဟန်ကွယ်လွန်ခြင်း
14 ထိုအခါ သတင်းတော်ကျော်စောသည် ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။-မ၊ ၁၆:၁၄။ မာ၊ ၈:၂၈။ လု၊ ၉:၁၉။15 လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- 16 ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။- 17 အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏။-လု၊ ၃:၁၉-၂၀။18 အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။- 19 ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှာ အလိုရှိ၏။- 20 သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။
21 ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- 22 ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဖော်တို့အား နူးညွတ်သောစိတ်ကို ဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။- 23 တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- 24 ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- 25 ချက်ချင်း မိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။- 26 မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊- 27 ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- 28 ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- 29 ယောဟန်၏တပည့်တို့သည်လည်း ကြားသောအခါ လာ၍အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ ထားကြ၏။
လူငါးထောင်ကိုကျွေးမွေးခြင်း
30 တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။- 31 ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။- 32 ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။- 33 သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အမြို့မြို့အရွာရွာတို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင်ရောက်၍ အထံတော်၌ စုဝေးကြ၏။- 34 ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။တော၊ ၂၇:၁၇။ ၃ရာ၊ ၂၂:၁၇။ ၆ရာ၊ ၁၈:၁၆။ ယေဇ၊ ၃၄:၅။ ဇာ၊ ၁၀း၂။ မ၊ ၉:၃၆။
35 မိုးချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။- 36 လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊- 37 ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဖို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။- 38 ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။- 39 ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- 40 သူတို့သည် တစ်ရာတစ်စု၊ ငါးဆယ်တစ်စု၊ အစုစုလျောင်းကြလျှင်၊- 41 ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။- 42 လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ၊- 43 မုန့်နှင့် ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။- 44 မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှလောက် ရှိသတည်း။
အိုင်ပေါ်မှာစက်တော်ဖြန့်ခြင်း
45 စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။- 46 စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်သို့ ကြွတော်မူ၏။- 47 ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတော်မူ၏။- 48 လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။- 49 ထိုသို့ အိုင်ပေါ်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်၊ ဖုတ်တစ္ဆေဖြစ်သည်ဟု စိတ်ထင်နှင့် အော်ဟစ်ကြ၏။- 50 ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- 51 လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။- 52 အကြောင်းမူကား၊ သူတို့စိတ်နှလုံး မိုက်သည်ဖြစ်၍ မုန့်၌ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ။
ဂင်္နေသရက်တွင်လူနာများကိုကုသခြင်း
53 ကမ်းတစ်ဖက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက်၍ လှေကို ဆိုက်ကြ၏။- 54 လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ချင်းမှတ်မိလျှင်၊- 55 ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ မည်သည်အရပ်၌ ရှိတော်မူသည်ဟု ကြားလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။- 56 မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွားကိုမျှ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။
耶稣在本乡遭人厌弃(太13:53~58;路4:16~30)
1 耶稣离开那里,来到自己的家乡,他的门徒跟着他。2 到了安息日,他开始在会堂里教导人;很多人听见了,都惊奇地说:"这个人从哪里得来这一切呢?所赐给他的是怎么样的智慧,竟然借着他的手行出这样的神迹?3 这不是那木匠吗?不是马利亚的儿子,雅各、约西、犹大、西门的哥哥吗?他的妹妹们不也在我们这里吗?"他们就厌弃耶稣。4 耶稣对他们说:"先知除了在自己的本乡、本族、本家之外,没有不受人尊敬的。"5 耶稣不能在那里行甚么神迹,只给几个病人按手,医好了他们。6 对于那些人的不信,他感到诧异。
差遣十二使徒(太10:1~14;路9:1~6)
耶稣到周围的乡村去继续教导人。7 他把十二门徒叫来,差遣他们两个两个地出去,赐给他们胜过污灵的权柄;8 吩咐他们说:"除了手杖以外,路上甚么都不要带,不要带干粮,不要带口袋,腰袋里也不要带钱,9 只穿一双鞋,不要穿两件衣服。"10 又对他们说:"你们无论到哪里,进了一家就住在那家,直到离开那个地方。11 甚么地方不接待你们,不听你们,你们离开那地方的时候,就要把脚上的灰尘跺下去,作为反对他们的见证。"12 门徒就出去传道,叫人悔改,13 赶出许多鬼,用油抹了许多病人,医好他们。
施洗约翰被杀(太14:1~12;路9:7~9)
14 当时耶稣的名声传扬出去,希律王也听到了。有人说:"施洗的约翰从死人中复活了,所以他身上有行神迹的能力。"15 又有人说:"他是以利亚。"还有人说:"他是先知,像古时先知中的一位。"16 希律听见就说:"是约翰,我砍了他的头,他又活了!"17 原来希律曾亲自派人去捉拿约翰,把他捆锁在监里。他这样作,是为了他弟弟的妻子希罗底的缘故,因为他娶了希罗底为妻,18 而约翰曾对希律说:"你占有你兄弟的妻子是不合理的。"19 于是希罗底怀恨在心,想要杀他,只是不能。20 因为希律惧怕约翰,知道他是公义圣洁的人,就保护他。希律听了约翰的话,就非常困扰,却仍然喜欢听他。21 有一天,机会来了。在希律生日的那一天,他为大臣、千夫长和加利利的要人摆设了筵席。22 希罗底的女儿进来跳舞,使希律和在座的宾客都很开心。王就对女孩子说:"你无论想要甚么,只管向我求,我一定给你!"23 并且对她再三起誓:"你无论向我求甚么,就是我国的一半,我也一定给你!"24 于是她出去问母亲:"我该求甚么呢?"希罗底告诉她:"施洗的约翰的头!"25 她急忙到王面前,向王要求说:"愿王立刻把施洗的约翰的头放在盘子上给我!"26 希律王非常忧愁,但是因为他的誓言和在座的宾客,就不愿拒绝她。27 希律王立刻差遣一个侍卫,吩咐把约翰的头拿来。侍卫就去了,在监里斩了约翰的头,28 把头放在盘子上,拿来交给那女孩子,女孩子又交给她的母亲。29 约翰的门徒听见了,就来把他的尸体领去,安放在坟墓里。
给五千人吃饱的神迹(太14:13~21;9:10~17;约6:1~13。参可8:1~9)
30 使徒们回来聚集在耶稣跟前,把他们所作和所教导的一切都报告给他听。31 耶稣对他们说:"来,你们自己到旷野去休息一下。"因为来往的人多,他们甚至没有时间吃饭。32 他们就悄悄地上了船,到旷野去了。33 群众看见他们走了,有许多人认出了他们,就从各城出来,跑到那里,比他们先赶到。34 耶稣一下船,看见一大群人,就怜悯他们,因为他们好象羊没有牧人一样,就开始教导他们许多事。35 天晚了,门徒前来对他说:"这里是旷野的地方,天已经很晚了,36 请叫他们散开,好让他们往周围的田舍村庄去,自己买点东西吃。"37 耶稣回答他们:"你们给他们吃吧!"门徒说:"要我们去买两百银币的饼给他们吃吗?"38 耶稣说:"去看看你们有多少饼!"他们知道了,就说:"五个饼,还有两条鱼。"39 耶稣吩咐他们叫大家分组坐在青草地上。40 他们就一排一排地坐了下来,有一百的,有五十的。41 耶稣拿起这五个饼、两条鱼,望着天,祝谢了;然后把饼擘开,递给门徒摆在群众面前,又把两条鱼也分给群众。42 大家都吃了,并且吃饱了。43 他们把剩下的零碎捡起来,装满了十二个篮子,44 吃饼的人,男人就有五千。
耶稣在海面上行走(太14:22~33;约6:15~21)
45 事后耶稣立刻催门徒上船,叫他们先渡到对岸的伯赛大去,等他自己叫众人散开。46 他离开了他们,就上山去祷告。47 到了晚上,船在海中,耶稣独自在岸上,48 看见门徒辛辛苦苦地摇橹,因为风不顺。天快亮的时候"天快亮的时候"原文作"夜里四更天",耶稣在海面上向他们走去,想要赶过他们。49 门徒看见他在海面上走,以为是鬼怪,就喊叫起来;50 因为他们都看见了他,非常恐惧。耶稣立刻对他们说:"放心吧!是我,不要怕。"51 于是上了船,和他们在一起,风就平静了。门徒心里十分惊奇,52 因为他们还不明白分饼这件事的意义,他们的心还是迟钝。
治好革尼撒勒的病人(太14:34~36)
53 他们渡过了海,就在革尼撒勒靠岸,54 一下船,众人立刻认出耶稣来,55 就跑遍那一带地方,把有病的人放在褥子上,听见他在哪里,就抬到哪里。56 耶稣无论到甚么地方,或村庄,或城市,或乡野,众人都把病人放在街上,求耶稣准他们摸他衣服的繸子,摸着的人就都好了。