ဣကောနိမြို့တွင်အမှုဆောင်ခြင်း
1 ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက်တို့သည် ယုဒတရားဇရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- 2 မယုံကြည်သော ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။- 3 ထိုကြောင့် ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင်ဘုရားသည်လည်း ကျေးဇူးတရားတော်ဘက်၌ သက်သေခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့်ပေးတော်မူ၏။- 4 ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌လည်းကောင်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌လည်းကောင်း နေကြ၏။- 5 မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တစ်ဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊- 6 တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊- 7 ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။
လုတ္တရမြို့နှင့်ဒေရဗေမြို့တွင်အမှုဆောင်ခြင်း
8 အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တစ်ခါမျှ မသွားဖူးသော လူတစ်ယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊- 9 ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊- 10 ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရက်ထ၍ လှမ်းသွားလေ၏။- 11 ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာစကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။- 12 ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။- 13 ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းကုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊- 14 တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သတင်းကြားလျှင်၊ မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ ပြေးဝင်လျက်၊- 15 အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။-ထွ၊ ၂၀:၁၁။ ဆာ၊ ၁၄၆:၆။16 ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။- 17 သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူဟု ပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။- 18 ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။- 19 ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။- 20 တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။
ရှုရိပြည်အန္တိအုတ်မြို့ကိုပြန်လာခြင်း
21 ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။- 22 ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။- 23 အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပတ္ထနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။- 24 ပိသိဒိပြည်တစ်ပြည်လုံးကိုလျှောက်သွား၍ ပမ်ဖုလိပြည်သို့ ရောက်လျှင်၊- 25 ပေရဂေမြို့၌ နှုတ်ကပတ်တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။- 26 ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှာ ဘုရားသခင်၏ ကျေးဇူးတော်သို့အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။- 27 ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏။- 28 ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။
在以哥念
1 保罗和巴拿巴在以哥念照样进犹太的会堂讲道,结果一大群犹太人和希腊人都信了。2 但不顺从的犹太人,煽动外族人,激起他们仇恨的心,来反对弟兄们。3 两人却仍住了很久,靠着主放胆讲论,主也借着他们的手行神迹奇事,证实他恩惠的道。4 城里众人就分裂了,有的附从犹太人,也有的附从使徒。5 当时,外族人、犹太人,和他们的首领,蠢蠢欲动,想要侮辱使徒,用石头打他们。6 两人知道了,就逃往吕高尼的路司得和特庇两城,以及周围的地方,7 在那里传福音。
在路司得
8 路司得城有一个双脚无力的人,坐在那里。他生来就是瘸腿的,从来没有走过路。9 他听保罗讲道;保罗注视他,见他有信心,可以治好,10 就大声说:"你起来,两脚站直!"他就跳起来,并且走起路来。11 众人看见保罗所作的事,就用吕高尼话大声说:"有神明成了人形,降到我们这里来了!"12 于是他们称巴拿巴为宙斯,称保罗为汉密士,因为保罗带头讲话。13 城门前宙斯庙的祭司,牵着几头公牛,拿着一些花环来到门口,要同群众一起献祭。14 巴拿巴和保罗两个使徒听见了,就撕裂衣服,跳进群众中间,喊着说:15 "各位,为甚么这样作呢?我们也是人,性情和你们一样,我们传福音给你们,正是要你们远离这些虚妄的事,归向永活的 神,就是那创造天、地、海和其中万物的 神。16 在从前的世代里,他容忍万国各行其道,17 然而却未尝不为自己留下明证,就如常常行善事,从天上降下雨来,常常赏赐丰年,使你们吃喝充足,满心欢乐。"18 两人说完了这些话,这才阻止群众,不向他们献祭。
19 但有些犹太人,从安提阿、以哥念来,挑唆群众,用石头打保罗,以为他死了,就拖到城外去。20 门徒正围着他的时候,他竟然站起来,走进城里去了。第二天,他跟巴拿巴一同到特庇去。
结束第一次宣教旅程
21 他们在那城里传福音,使许多人作了门徒,然后回到路司得、以哥念、安提阿,22 坚固门徒的心,劝他们恒守所信的道,又说:"我们进入 神的国,必须经历许多苦难。"23 两人在各教会为他们指派了长老;禁食祈祷之后,就把他们交托给所信的主。24 两人经过彼西底,来到旁非利亚,25 在别加讲道以后,就下到亚大利。26 从那里坐船往安提阿。从前众人就是在这地方,把他们交托在 神的恩典中,派他们去工作,现在他们已经完成了。27 他们到了那里,就召集了会众,报告 神跟他们一起所行的一切,并且他为外族人开了信道的门。28 两人同门徒住了不少日子。