1 သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဖူးသောသူ ရှိသမျှတို့သည်၊- 2 မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကိုနားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှာ ငါအလိုရှိ၏။- 3 ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။- 4 အဘယ်မည်သောသူမျှ ဖြားယောင်းသော စကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှာ၊ ဤစကားကို ငါပြောဆို၏။- 5 ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုလည်းကောင်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည်ကိုလည်းကောင်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။
ခရစ်တော်၌စုံလင်ခြင်း
6 ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊- 7 ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။
8 ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- 9 အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- 10 အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- 11 ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- 12 ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။- 13 ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- 14 ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။- 15 အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။
16 ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။- 17 ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။- 18 ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌လည်းကောင်း မွေ့လျော်သောသူ တစ်စုံတစ်ယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။- 19 ဦးခေါင်းတော်မှ တစ်ကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွားတတ်၏။
ခရစ်တော်နှင့်အတူသေခြင်းနှင့်ရှင်ခြင်း
20 သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေကြသည်မှန်လျှင်၊- 21 မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။- 22 လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။- 23 ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။
1 我愿意你们知道,我为你们和在老底嘉的人,以及所有没有跟我见过面的人,是怎样竭力奋斗,2 为的是要他们的心得着勉励,在爱中彼此联系,可以得着凭悟性、因确信而来的一切丰盛,也可以充分认识 神的奥秘,这奥秘就是基督;3 一切智慧和知识的宝库都蕴藏在基督里面。4 我说这些话,免得有人用花言巧语欺骗你们。5 我虽然不在你们那里,心却与你们同在。我看见你们循规蹈矩,并且对基督有坚定的信心,就欢喜了。
在基督里得丰盛
6 你们怎样接受了基督耶稣为主,就当照样在他里面行事为人,7 按着你们所领受的教导,在他里面扎根、建造,信心坚定,满有感谢的心。8 你们要谨慎,免得有人不照着基督,而照着人的传统,和世俗的言论,借着哲学和骗人的空谈,把你们掳去。9 因为 神本性的一切丰盛,都有形有体地住在基督里面,10 你们也是在他里面得了丰盛。他是一切执政掌权者的元首。11 你们也在他里面受了不是由人手所行的割礼,而是受了基督的割礼,就是除掉你们的罪身。12 你们在洗礼中已经与他一同埋葬,也在洗礼中,因信那使基督从死人中复活的 神所运行的动力,与他一同复活了。13 你们因着过犯和肉体未受割礼,原是死的,然而 神赦免了我们的一切过犯,使你们与基督一同活过来,14 涂抹了那写在规条上反对我们、与我们为敌的字句,并且把这字句从我们中间拿去,钉在十字架上。15 他既然靠着十字架胜过了一切执政掌权的,废除了他们的权势,就在凯旋的行列中,把他们公开示众。
16 所以不要让人因着饮食、节期、月朔、安息日批评你们,17 这些不过是将来的事的影子,那真体却是属于基督的。18 不要让人夺去你们的奖赏,他们以故意谦卑,敬拜天使为乐;迷于自己所见过的;凭着肉体的意念,无故地自高自大;19 不与头紧密相连。其实全身都是借着关节和筋络从头得着供应和联系,就照着 神所要求的,生长起来。
在基督里作新人
20,21 你们若与基督一同死了,脱离了世俗的言论,为甚么仍然好象活在世俗中一样,拘守那"不可摸、不可尝、不可触"的规条呢?22 这一切东西,一经使用,就都朽坏了。这些规条是照着人的命令和教训而定的,23 在随着己意敬拜,故作谦卑,和苦待己身等事上,似乎是智慧之言,其实只能叫人放纵肉体,再没有任何价值。