ယေရှုကိုသတ်ရန်ကြံစည်ခြင်း
1 ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊-ထွ၊ ၁၂:၁-၂၇။2 ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံကြ၏။ အဘယ်ကြောင့်ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။
ယေရှုကိုအပ်နှံရန်ယုဒသဘောတူ
3 ထိုအခါ စာတန်သည် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ ဝင်သည်ဖြစ်၍၊- 4 ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။- 5 ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။- 6 ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှာ အဆင်သင့်သော အချိန်ကာလကို ရှာကြံလျက်နေ၏။
ပသခါပွဲပြင်ဆင်ခြင်း
7 ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ ရောက်သောအခါ၊- 8 ကိုယ်တော်က၊ ငါတို့ စားဖို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။- 9 သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- 10 ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ဝင်ပြီးမှ၊- 11 ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- 12 ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။- 13 တပည့်တော်တို့သည် သွား၍ စကားတော်အတိုင်း တွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
ပွဲတော်မင်္ဂလာ
14 အချိန်ရောက်မှ တမန်တော်တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊- 15 ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။- 16 ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန် ငါမစားရဟု မိန့်တော်မူလျက်၊- 17 ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍ အချင်းချင်းဝေကြလော့။- 18 ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- 19 ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ 20 ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။-ယေ၊ ၃၁:၃၁-၃၄။21 သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။-ဆာ။ ၄၁:၉။22 ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- 23 တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။
အဘယ်သူကြီးမြတ်သနည်း။
24 ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊-မ၊ ၁၈:၁။ မာ၊ ၉:၃၄။ လု၊ ၉:၄၆။25 ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။-မ၊ ၂၀:၂၅-၂၇၊မာ၊ ၁၀:၄၂-၄၄။26 သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။-မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။27 အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။-ယော၊ ၁၃:၁၂-၁၅။28 ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။- 29 ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊- 30 သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။-မ၊ ၁၉:၂၈။
ပေတရုငြင်းဆိုမည်ကိုဖော်ပြခြင်း
31 တစ်ဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊- 32 သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊- 33 ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊- 34 သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
ငွေအိတ်၊ လွယ်အိတ်နှင့်ဓား
35 တစ်ဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစ်စုံတစ်ခုလိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မလိုပါဟု လျှောက်ကြသော်၊-မ၊ ၁၀:၉-၁၀။ မာ၊ ၆:၈-၉။ လု၊ ၉:၃၊၁၀:၄။36 ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။- 37 အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။-ဟေရှာ၊ ၅၃:၁၂။38 ထိုသူတို့ကလည်း၊ သခင်၊ ဓားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
သံလွင်တောင်တွင်ဆုတောင်းခြင်း
39 ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။- 40 ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊- 41 တပည့်တော်တို့နှင့် ကျောက်ခဲတစ်ပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊- 42 အို အဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- 43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။- 44 ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။- 45 ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- 46 သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုဖမ်းဆီးခြင်း
47 ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။- 48 ယေရှုကလည်း၊ ယုဒ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။- 49 ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ဓားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊- 50 တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။- 51 ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေတော်မူ၏။- 52 ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့အား ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကို ဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။- 53 ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ သို့သော်လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။လု၊ ၁၉:၄၇-၂၁:၃၇။
ထိုသူကိုငါမသိ
54 ထိုသူတို့သည် ကိုယ်တော်ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။- 55 အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။- 56 ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊- 57 ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။- 58 ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။- 59 တစ်ဖန် တစ်နာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊- 60 ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။- 61 ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊- 62 ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
ကိုယ်တော်ကိုရိုက်ပုတ်ကြခြင်း
63 ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ရယ်ပြု၍ ရိုက်ပုတ်ကြ၏။- 64 မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။- 65 အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။
လွှတ်တော်တွင်စစ်ဆေးခြင်း
66 မိုးလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊- 67 သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည် မယုံ။- 68 ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။- 69 နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလတ္တံ့ဟု မိန့်တော်မူသော်၊- 70 ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။- 71 ထိုသူတို့ကလည်း၊ အဘယ်သက်သေ လိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ၏။
商议怎样杀害耶稣(太26:1~5;可14:1~2、10~11。参约11:45~53)
1 除酵节又名逾越节近了。2 祭司长和经学家设法怎样杀害耶稣,因为他们惧怕群众。3 那时,撒但已经进入加略人犹大的心,他原是十二门徒中的一个。4 他去与祭司长和守殿官商量怎样把耶稣交给他们。5 他们很高兴,约定了给他银子。6 他答应了,就寻找机会,要趁群众不在的时候,把耶稣交给他们。
预备逾越节的筵席(太26:17~19;可14:12~16)
7 除酵日到了,在这一天应当宰杀逾越节的羊羔。8 耶稣差派彼得和约翰,说:"你们去为我们预备逾越节的晚餐给我们吃。"9 他们说:"你要我们在哪里预备呢?"10 他说:"你们进了城,必有一个人顶着水罐,迎面而来,你们就跟着他,到他所进的那一家,11 对家主说,老师问你:‘客厅在哪里?我和门徒好在那里吃逾越节的晚餐。’12 他必指示你们楼上一间布置整齐的大房子,你们就在那里预备。"13 他们去了,所遇见的正像耶稣所说的一样,就预备好了逾越节的晚餐。
最后的晚餐(太26:20~24、26~29;可14:17~21;约13:21~30。参林前11:23~25)
14 到了时候,耶稣和使徒一同吃饭。15 他说:"我十分愿意在受难以前,跟你们吃这逾越节的晚餐。16 我告诉你们,我决不再吃这晚餐,直到它成就在 神的国里。"17 耶稣接过杯来,感谢了,说:"你们拿这个,大家分着喝。18 我告诉你们,从今以后,我决不再喝这葡萄酒,直到 神的国来临。"19 他拿起饼来,感谢了,擘开递给他们,说:"这是我的身体,为你们舍的,你们应当这样行,为的是记念我。"20 饭后,他照样拿起杯来,说:"这杯是用我的血所立的新约,这血是为你们流的。21 你看,出卖我的人的手和我一同在桌子上,22 人子固然要照所预定的离世,但出卖人子的那人有祸了!"23 于是,门徒彼此对问,他们中间谁要作这事。
门徒再争论谁最大
24 门徒中间又起了争论:他们中间谁是最大的。25 耶稣对他们说:"各国都有君王统治他们,他们的掌权者称为恩主,26 但你们却不要这样;你们中间最大的,应当像最小的;作首领的,应当像服事人的。27 哪一个大呢?是坐着吃喝的还是服事人的呢?不是坐着吃喝的吗?然而我在你们中间,如同服事人的。28 我在磨炼之中,常常和我同在的就是你们。29 父怎样把王权赐给我,我也照样赐给你们,30 叫你们在我的国里坐在我的席上吃喝,又坐在宝座上审判以色列的十二支派。
预言彼得不认主(太26:31~35;可14:27~31;约13:36~38)
31 "西门,西门,撒但设法要得着你们,好筛你们像筛麦子一样;32 但我已经为你祈求,叫你的信心不至失掉。你回头的时候,要坚固你的弟兄。"33 彼得说:"主啊!我已经准备好要跟你一同下监,一同死。"34 耶稣说:"彼得,我告诉你,今天鸡叫以前,你会三次说不认得我。"
要带钱囊、口袋和刀
35 耶稣又对他们说:"从前我差你们出去,没有带钱囊、口袋、鞋子,你们缺乏甚么没有?"他们说:"没有。"36 耶稣说:"但现在,有钱囊的应当带着,有口袋的也是这样;没有刀的,要卖掉衣服去买刀。37 我告诉你们,‘他被列在不法者之中’这句经文,必定应验在我身上,因为关于我的事必然成就。"38 他们说:"主啊,请看,这里有两把刀。"耶稣说:"够了。"
在客西马尼祷告(太26:36~46;可14:32~42)
39 耶稣照常到橄榄山去,门徒也跟着他。40 到了那里,他对门徒说:"你们应当祷告,免得陷入试探。"41 于是耶稣离开他们约有扔一块石头那么远,跪下祷告说:42 "父啊,如果你愿意,就把这杯拿走!但不要成就我的意思,只要成就你的旨意。"有些抄本有第43、44节:"有一位天使从天上显现,加给他力量。耶稣非常伤痛,祷告更加恳切,汗如大血点滴在地上。"45 他祷告完了,就起来到门徒那里,看见他们因为忧愁都睡着了,46 就说:"你们为甚么睡觉呢?起来祷告!免得陷入试探。"
耶稣被捕(太26:47~56;可14:43~50;约18:3~11)
47 耶稣还在说话的时候,来了一群人,十二门徒中的犹大走在前头,到了耶稣跟前要用嘴亲他。48 耶稣对他说:"犹大,你用亲吻作暗号出卖人子吗?"49 左右的人见了,就说:"主啊,我们用刀砍好吗?"50 他们中间有一个人砍了大祭司的仆人一刀,削掉他的右耳。51 耶稣说:"由他们吧!"就摸那人的耳朵,医好了他。52 耶稣对那些前来捉拿他的祭司长、守殿官和长老说:"你们带着刀棒出来,把我当作强盗捉拿吗?53 我天天跟你们在殿里,你们不向我下手;但现在是你们的时候了,也是黑暗掌权的时候了。"
彼得三次不认主(太26:57~58、69~75;可14:53~54、66~72;约18:12~18、25~27)
54 他们拿住耶稣,押到大祭司家里,彼得远远地跟着。55 他们在院内生了火,一同坐着,彼得也坐在他们中间。56 有一个使女,见他面向火光坐着,就注视他,说:"这人是和他一伙的。"57 彼得却否认,说:"你这个女人,我不认得他。"58 不久,另一个人看见他,就说:"你也是他们中间的一个。"彼得说:"你这个人,我不是。"59 大约过了一小时,又有一个人肯定地说:"这人真是和他一伙的,因为他也是加利利人。"60 彼得说:"你这个人,我不知道你说的是甚么!"他还在说话的时候,鸡就叫了。61 主转过身来看彼得,彼得就想起主对他说过的话:"今天鸡叫以前,你要三次说不认得我。"62 他就出去痛哭。
公议会审问耶稣(太26:59~68;可14:55~65;约18:19~24)
63 看管耶稣的人戏弄他,打他,64 蒙住他的眼睛问他:"你说预言吧,说打你的是谁。"65 他们还说了许多别的辱骂他的话。
66 天一亮,民间的长老、祭司长和经学家就都聚集,把他带到他们的公议会里,说:67 "你若是基督,就告诉我们吧。"耶稣说:"就算我告诉你们,你们也决不相信。68 如果我问你们,你们也决不回答。69 从今以后,人子要坐在 神权能的右边。"70 他们说:"那么你是 神的儿子吗?"耶稣说:"你们说了,我是。"71 他们说:"我们还需要甚么见证呢?我们亲自听见他所说的话了。"