ယေရှုနှင့်ဇက္ခဲ
1 ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ လျှောက်သွားတော်မူ၏။- 2 ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတစ်ယောက် ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။- 3 ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။- 4 ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။- 5 ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊- 6 ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။- 7 ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။- 8 ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။- 9 ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။- 10 လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။မ၊ ၁၈:၁၁။
ရွှေဒင်္ဂါးဥပမာ
11 ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊-မ၊ ၂၅:၁၄-၃၀။12 အမတ်တစ်ယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသောပြည်သို့ သွား၏။- 13 မသွားမီ မိမိငယ်သားတစ်ကျိပ်ကို ခေါ်၍၊ ငွေတစ်ပိဿာ စီအပ်ပေးလျက် ငါပြန်၍ မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။- 14 ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။- 15 ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှာ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
16 ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- 17 သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။- 18 ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊- 19 သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။- 20 အခြားသောသူသည် လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတစ်ပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊- 21 ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊- 22 သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊- 23 ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊- 24 အခြွေအရံတို့အား၊ ငွေတစ်ပိဿာကို သူ့လက်မှ နုတ်ကြ။ အခွက်တစ်ဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။- 25 အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တစ်ဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊ 26 ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။27 ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
ယေရုရှလင်မြို့သို့ဝင်ရောက်ခြင်း
28 ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- 29 သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- 30 သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။- 31 သူတစ်ပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။- 32 ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။- 33 မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊- 34 သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊- 35 မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။- 36 ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ခင်းကြ၏။- 37 သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- 38 ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- 39 လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊- 40 ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရုရှလင်အတွက်ငိုကြွေးခြင်း
41 ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊- 42 အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- 43 အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊- 44 သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ဗိမာန်တော်သို့င်ရောက်ခြင်း
45 ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊- 46 ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။-ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။47 ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ ရှာကြသော်လည်း၊-လု၊ ၂၁:၃၇။48 လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့မရကြ။
税吏长撒该
1 耶稣进了耶利哥,正经过的时候,2 有一个人名叫撒该,是税吏长,又很富有。3 他想看看耶稣是怎么样的,因为人多,他又身材矮小,就看不见。4 于是他跑到前头,爬上一棵桑树,要看看耶稣,因为耶稣就要从那里经过。5 耶稣到了那里,往上一看,对他说:"撒该,快下来,今天我要住在你家里。"6 他就赶快下来,欢欢喜喜地接待耶稣。7 众人看见就纷纷议论说:"他竟到罪人家里去住宿!"8 撒该站着对主说:"主啊,请看,我要把家财的一半分给穷人,我若敲诈了谁,就还他四倍。"9 耶稣说:"今天救恩到了这家,他也是亚伯拉罕的子孙。10 因为人子来,是要寻找拯救失丧的人。"
十个仆人的比喻(参太25:14~30)
11 众人听这些话的时候,因为耶稣已经接近耶路撒冷,又因他们以为 神的国快要出现,他就讲了一个比喻,12 说:"有一个贵族往远方去要接受王位,然后回来。13 他叫了自己的十个仆人来,给他们一千银币,说:‘你们拿去作生意,等到我回来。’14 他本国的人却恨他,就派使者跟着去说:‘我们不愿意这个人作王统治我们。’15 他得了王位回来,就吩咐把那些领了钱的仆人召来,要知道他们作生意赚了多少。16 第一个走过来说:‘主啊,你的一百银币,已经赚了一千。’17 主人说:‘好,良善的仆人,你既然在最小的事上忠心,可以有权管理十座城。’18 第二个来说:‘主啊,你的一百银币,已经赚了五百。’19 主人说:‘你可以管理五座城。’20 另一个来说:‘主啊,你看,你的一百银币,我一直保存在手巾里,21 因为我怕你,你一向是严厉的人,没有存的要提取,没有种的要收割。’22 主人说:‘可恶的仆人!我要凭你的口定你的罪。你知道我是严厉的人,没有存的要提取,没有种的要收割吗?23 那你为甚么不把我的钱存入银行,等我回来的时候,把它连本带利取回来呢?’24 他就对侍卫说:‘夺过他的一百银币,给那有一千的。’25 他们说:‘主啊,他已经有一千银币了。’26 主人说:‘我告诉你们,凡是有的,还要给他;没有的,就算他有甚么也要拿去。27 至于我那些仇敌,就是不愿意我作王统治他们的,把他们拉到这里来,在我面前杀掉!’"
骑驴进耶路撒冷(太21:1~9;可11:1~10;约12:12~15)
28 耶稣讲完这些话,就往前走,上耶路撒冷去。29 将到伯法其和伯大尼,就在橄榄山那里,他差派两个门徒,30 说:"你们往对面的村子里去,走进去的时候,就会看见一头从来没有人骑过的小驴,拴在那里,把牠解开牵来。31 如果有人问为甚么解开牠,你们要这样说:‘主需要牠。’"32 被差的人去了,发现和主所说的一样。33 他们解开小驴的时候,主人问他们:"你们为甚么解开牠?"34 他们说:"主需要牠。"35 他们把小驴牵到耶稣那里,把自己的衣服搭在上面,扶着耶稣上去。36 耶稣前行的时候,众人把自己的衣服铺在路上。
37 他走近耶路撒冷,快要下橄榄山的时候,全体门徒因为所看见的一切神迹,就欢乐起来,大声赞美 神,38 说:
"奉主名来的王,
是应当称颂的!
在天上有和平,
在至高之处有荣耀!"
39 群众中有几个法利赛人对他说:"先生,责备你的门徒吧!"40 耶稣说:"我告诉你们,他们若不出声,石头都要呼叫了。"
为耶路撒冷哀哭
41 耶稣走近耶路撒冷的时候,看见了城,就为城哀哭,42 说:"巴不得你在这日子,知道关于你平安的事,但现在这事在你眼前是隐藏的。43 日子将到,你的仇敌必筑垒攻击你,周围环绕你,四面困住你,44 要摧毁你和你里面的儿女,没有一块石头留在另一块石头上面,因为你不知道那眷顾你的时期。"
洁净圣殿(太21:12~17;可11:15~19;约2:13~22)
45 耶稣进了圣殿,就赶走作买卖的人,46 对他们说:"经上记着:
‘我的殿是祷告的殿’,
你们竟把它弄成贼窝了。"
47 他天天在圣殿里教导人,祭司长、经学家和民间的首领,都想杀害他;48 但他们不知道要怎样下手,因为众人都围着他,听他的教训。