ရေဖျဉ်းနာစွဲသူကိုကုသခြင်း
1 တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။- 2 ရေဖျဉ်းနာစွဲသော သူတစ်ယောက်သည် ရှေ့တော်၌ရှိ၏။- 3 ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- 4 သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။- 5 ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင်၊-မ၊ ၁၂:၁၁။6 ထိုသူတို့သည် စကားတစ်ခွန်းကိုမျှ မပြန်နိုင်ကြ။
နှိမ့်ချခြင်းနှင့်ဧည့်ဝတ်ပြုခြင်း
7 ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- 8 သူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဖိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊-သု၊ ၂၅:၆-၇။9 သင်တို့နှစ်ယောက်ကို ခေါ်ဖိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။- 10 သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- 11 ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။မ၊ ၂၃:၁၂။ လု၊ ၁၈:၁၄။
12 ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- 13 သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ်လော့။- 14 ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၏။
ကြီးစွာသောပွဲဥပမာ
15 စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊- 16 ကိုယ်တော်က၊ လူတစ်ဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဖိတ်လေ၏။- 17 ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဖိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါကို စေလွှတ်၏။- 18 ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- 19 တစ်ယောက်က အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- 20 တစ်ယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။- 21 အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆို၏။- 22 အစေအပါကလည်း၊ သခင်စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း၊ လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊- 23 သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။- 24 အထက်က ခေါ်ဖိတ်သောသူတစ်ယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါကို ဆိုသည်ဟု မိန့်တော်မူ၏။
တပည့်တော်ဖြစ်ခြင်း၏အဖိုးအခ
25 လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်၍ ကြည့်တော်မူပြီးလျှင်၊- 26 အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။-မ၊ ၁၀:၃၇။27 အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။-မ၊ ၁၀:၃၈၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။28 သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။- 29 သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကို မပြီးနိုင်လျှင်၊ သိမြင်သောသူ အပေါင်းတို့က၊- 30 ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။- 31 တနည်းကား၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။- 32 မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင် ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည် မဟုတ်လော။- 33 ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
ဆားဥပမာ
34 ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။- 35 မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
治好水臌病的人
1 在安息日,耶稣进了一个法利赛人领袖的家里吃饭,众人都在窥探他。2 正好在他面前有一个患水臌病的人;3 耶稣对律法师和法利赛人说:"在安息日治病,可以不可以呢?"4 他们却不出声。耶稣扶着病人,治好他,叫他走了,5 就对他们说:"你们中间谁的儿子或牛在安息日掉在井里,不立刻把他拉上来呢?"6 他们不能回答这些话。
耶稣教训筵席的主人(参箴25:6~7)
7 耶稣看见被邀请的客人选择高位,就用比喻对他们说:8 "你被邀请参加婚筵的时候,不要自己坐在高位上,恐怕有比你更尊贵的客人也被请来;9 那请你又请他的人过来对你说:‘请你让位给这个人。’那时你就惭愧地退居末位了。10 你被邀请的时候,要坐在末位上,等请你的人过来对你说:‘朋友,请上座。’那时你在同席的人面前才有光彩。11 因为凡高抬自己的,必要降卑;自己谦卑的,必要升高。"12 耶稣又对邀请他的人说:"你设午餐或晚宴,不要请你的朋友、弟兄、亲戚或富裕的邻舍,恐怕他们又回请你,你就得了报答。13 你摆筵席的时候,总要邀请那贫穷的、残废的、瘸腿的、瞎眼的,14 那你就有福了。因为他们没有甚么可以报答你,义人复活的时候,你必定得着报答。"
婚筵的比喻(参太22:1~10)
15 一起吃饭的人中有一个,听了这些话,就对耶稣说:"在 神的国里吃饭的人有福了。"16 耶稣对他说:"有一个人大摆筵席,请了许多客人。17 到了开席的时候,他打发仆人去对所请的人说:‘请来吧!样样都准备好了。’18 众人一致推辞,头一个说:‘我买了一块地,不得不去看一看,请原谅我。’19 另一个说:‘我买了五对牛,要去试一试,请原谅我。’20 又一个说:‘我刚结了婚,不能去。’21 仆人回来把这些事告诉他主人,家主就发怒,对仆人说:‘快到城里大街小巷去,把贫穷的、残废的、瞎眼的、瘸腿的,都领到这里来。’22 仆人说:‘主啊,你所吩咐的已经办了,还有空位。’23 主人就对仆人说:‘你出去到路边篱畔,勉强人进来,好把我的屋子坐满。24 我告诉你们,先前请的那些人,一个也不得尝我的筵席。’"
作门徒的代价(参太10:37~38)
25 有许多人与耶稣同行,他转身对他们说:26 "如果有人到我这里来,爱我不超过爱"爱我不超过爱"原文作"不恨"自己的父母、妻子、儿女、兄弟、姊妹,甚至自己的性命,就不能作我的门徒。27 凡不背着自己的十字架跟随我的,也不能作我的门徒。28 你们当中有谁要盖一座楼,不先坐下计算费用,能不能盖成呢?29 恐怕安了地基,而不能完成,所有看见的人都讥笑他,30 说:‘这个人开了工,却不能完工。’31 或者一个王去和别的王打仗,哪有不先坐下想想,能否用一万兵去抵抗那领两万来攻打他的呢?32 如果不能,就该趁对方还远的时候,派使者去谈判和平的条件。33 这样,你们中间不论谁,如果不撇下一切所有的,就不能作我的门徒。
34 "盐本来是好的,但如果失了味,怎能使它再咸呢?35 或用在田里,或放在粪里,都不合适;只好扔在外面。有耳可听的,就应当听。"