ဗတ္တိဇံဆရာယောဟန်ဟောပြောခြင်း
1 ကဲသာဘုရင် တိဗေရိနန်းစံ တစ်ဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စော်ဘွားအရာ၊- 2 အန္နနှင့် ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီး ရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။- 3 ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။- 4 လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ဟေရှာ၊ ၄၀:၃-၅။5 ကြမ်းတမ်းသောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။- 6 လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းကို မြင်ရကြလတ္တံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။
7 ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။-မ၊ ၁၂:၃၄၊၂၃:၃၃။8 နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။-ယော၊ ၈:၃၃။9 သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။-မ၊ ၇:၁၉။
10 လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြသော်၊- 11 ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။- 12 အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှာလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊-လု၊ ၇:၂၉။13 သင်တို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။- 14 စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက် မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။
15 လူများတို့သည် မျှော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည် မမှန်သည်ကို နှလုံးထဲမှာ တွေးတောဆင်ခြင်ကြစဉ်၊- 16 ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်။- 17 လက်တော်တွင် ဆန်ကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ပြောဆို၏။- 18 အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။
19 ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ခင်ပွန်း ဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသော ဒုစရိုက်အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဖော်ပြဆုံးမသောကြောင့်၊-မ၊ ၁၄:၃-၄။ မာ၊ ၆:၁၇-၁၈။20 ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
ဗတ္တိဇံခံယူခြင်း
21 လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊- 22 သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၉:၃၅။
ဆွေစဉ်မျိုးဆက်
23 ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊- 24 ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ မေလခိအဘ ယန္န၊ ယန္နအဘ ယောသပ်၊- 25 ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊- 26 ဧသလိအဘ နဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘ ယောဟန္န၊- 27 ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရုဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလအဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊- 28 အဒ္ဒိအဘ ကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊- 29 ဧရအဘ ယောသေ၊ ယောသေအဘ ဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘ မဿတ်၊ မဿတ်အဘ လေဝိ၊- 30 လေဝိအဘ ရှိမောင်၊ ရှိမောင်အဘ ယုဒ၊ ယုဒအဘ ယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျာကိမ်၊ ဧလျာကိမ် အဘမေလေ၊- 31 မေလေအဘ မဲနန်၊ မဲနန်အဘ မတ္တသ၊ မတ္တသအဘ နာသန်၊ နာသန်အဘ ဒါဝိဒ်၊- 32 ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အာဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊- 33 နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊- 34 ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘ အာဗြဟံ၊ အာဗြဟံအဘ တေရ၊ တေရအဘ နာခေါ်၊- 35 နာခေါ်အဘ စေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘ ဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊- 36 ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘ နောဧ၊ နောဧအဘ လာမက်၊- 37 လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘ ယာရက်၊ ယာရက်အဘ မဟာလေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ ကာဣနန်အဘ ဧနုတ်၊ ဧနုတ်အဘ ရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘ ဘုရားသခင်ပေတည်း။
施洗约翰(太3:1~12;可1:3~5、7~8;约1:19~28)
1 凯撒提庇留执政第十五年,本丢.彼拉多作犹太总督,希律作加利利的分封王,他兄弟腓力作以土利亚和特拉可尼地区的分封王,吕撒尼亚作亚比利尼的分封王,2 亚那和该亚法作大祭司的时候, 神的话临到撒迦利亚的儿子,在旷野的约翰。3 他就来到约旦河一带地方,宣讲悔改的洗礼,使罪得赦。4 正如以赛亚先知的书上写着:
"在旷野有呼喊者的声音:
‘预备主的道,
修直他的路!
5 一切洼谷都当填满,
大小山冈都要削平!
弯弯曲曲的改为正直,
高高低低的修成平坦!
6 所有的人都要看见 神的救恩。’"
7 约翰对那出来要受他洗礼的群众说:"毒蛇所生的啊,谁指示你们逃避那将要来的忿怒呢?8 应当结出果子来,与悔改的心相称;你们心里不要说:‘我们有亚伯拉罕作我们的祖宗。’我告诉你们, 神能从这些石头中给亚伯拉罕兴起后裔来。9 现在斧头已经放在树根上,所有不结好果子的树,就砍下来,丢在火里。"10 群众问他:"那么,我们该作甚么呢?"11 他回答:"有两件衣服的,当分给那没有的,有食物的也当照样作。"12 又有税吏来要受洗,问他:"老师,我们当作甚么呢?"13 他说:"除了规定的以外,不可多收。"14 兵丁也问他:"至于我们,我们又应当作甚么呢?"他说:"不要恐吓,不要敲诈,当以自己的粮饷为满足。"
15 那时众人正在期待,人人心里都在猜想会不会约翰就是基督。16 约翰对众人说:"我用水给你们施洗,但那能力比我更大的要来,我就是给他解鞋带都没有资格。他要用圣灵与火给你们施洗。17 他手里拿着簸箕,要扬净麦场,把麦子收进仓里,却用不灭的火把糠秕烧尽。"18 他还用许多别的话劝勉众人,向他们传福音。19 分封王希律,因他弟弟的妻子希罗底,并因他自己所行的一切恶事,受到约翰的责备。20 他在这一切事以外,再加上一件,就是把约翰关在监里。
耶稣受洗(太3:13~17;可1:9~11)
21 众人受了洗,耶稣也受了洗。他正在祷告,天就开了,22 圣灵仿佛鸽子,有形体地降在他身上;有声音从天上来,说:"你是我的爱子,我喜悦你。"
耶稣的家谱(太1:1~17)
23 耶稣开始传道,年约三十岁,人以为他是约瑟的儿子,约瑟是希里的儿子,24 依次往上推,是玛塔、利未、麦基、雅拿、约瑟、25 玛他提亚、亚摩斯、拿鸿、以斯利、拿该、26 玛押、玛他提亚、西美、约瑟、约大、27 约哈难、利撒、所罗巴伯、撒拉铁、尼利、28 麦基、亚底、哥桑、以摩当、珥、29 耶书、以利以谢、约令、玛塔、利未、30 西缅、犹大、约瑟、约南、以利亚敬、31 米利亚、买拿、马达他、拿单、大卫、32 耶西、俄备得、波阿斯、撒门"撒门"有些抄本作"撒拉"、拿顺、33 亚米拿达、亚当民有些抄本无"亚当民"一词、亚兰"亚兰"有些抄本作"亚珥尼"、希斯仑、法勒斯、犹大、34 雅各、以撒、亚伯拉罕、他拉、拿鹤、35 西鹿、拉吴、法勒、希伯、沙拉、36 该南、亚法撒、闪、挪亚、拉麦、37 玛土撒拉、以诺、雅列、玛勒列、该南、38 以挪士、塞特、亚当,亚当是 神的儿子。