စုံစမ်းသွေးဆောင်ခံရခြင်း
1 ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။- 2 အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။- 3 မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- 4 ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။တရား၊၈:၃။
5 တစ်ဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တစ်ခဏချင်းတွင် ပြညွှန်၍၊- 6 ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။- 7 ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။- 8 ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။တရား၊၆:၁၃။
9 တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- 10 ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊-ဆာ၊ ၉၁:၁၁။11 သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။-ဆာ၊ ၉၁:၁၂။12 ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။-တရား၊၆:၁၆။13 ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။
အမှုတော်စတင်ခြင်း
14 ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- 15 လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
နာဇရက်မြို့ကလက်မခံခြင်း
16 ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- 17 ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- 18 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။-ဟေရှာ၊ ၆၁:၁-၂။19 အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- 20 ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။
21 ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။- 22 ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။- 23 ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊- 24 အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။-ယော၊ ၄:၄၄။25 ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယလက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။-၃ရာ၊၁၇:၁။26 သို့သော်လည်း၊ ထိုမုဆိုးမတစ်ယောက်ရှိရာသို့မျှ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။-၃ရာ၊၁၇:၈-၁၆။27 ပရောဖက်ဧလိရှဲ လက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူ အများရှိကြ၏။ သို့သော်လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။-၄ရာ၊၅:၁-၁၄။28 တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- 29 ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ ဇောက်ထိုးတွန်းချခြင်းငှာ ဆောင်သွားကြ၏။- 30 ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။
ညစ်ညူးသောနတ်စွဲသူ
31 ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- 32 အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။-မ၊ ၇:၂၈-၂၉။33 ထိုတရားဇရပ်၌ ညစ်ညူးသောနတ်ဆိုး စွဲသောသူတစ်ယောက် ရှိ၍၊- 34 ဪ နာဇရက်မြို့သားယေရှု ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။- 35 ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။- 36 လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 37 သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
လူများစွာကိုကုသခြင်း
38 တရားဇရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကို တောင်းလျှောက်ကြ၏။- 39 ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
40 နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးအသီးတို့ အပေါ်၌ လက်တော်ကို တင်သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။- 41 နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြောစေခြင်းငှာ မြစ်တားတော်မူ၏။
တရားဇရပ်တွင်ဟောပြောခြင်း
42 မိုးလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။- 43 ကိုယ်တော်ကလည်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။- 44 ထိုသို့အလို့ငှာ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားဇရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။
耶稣受试探(太4:1~11;可1:12~13)
1 耶稣被圣灵充满,从约旦河回来,圣灵引他到旷野,2 四十天受魔鬼的试探。那些日子他甚么也没有吃,日子满了他就饿了。3 魔鬼对他说:"你若是 神的儿子,就吩咐这块石头变成食物吧!"4 耶稣回答:"经上记着:
‘人活着不是单靠食物。’"
5 魔鬼引他上到高处,霎时间把天下万国指给他看,6 对他说:"这一切权柄、荣华,我都可以给你;因为这些都交给了我,我愿意给谁就给谁。7 所以,只要你在我面前拜一拜,这一切就全是你的了。"8 耶稣回答:"经上记着:
‘当拜主你的 神,
单要事奉他。’"
9 魔鬼又引他到耶路撒冷,叫他站在殿的最高处,对他说:"你若是 神的儿子,就从这里跳下去吧!10 因为经上记着:
‘他为了你,会吩咐自己的使者保护你。’
11 又记着:
‘用手托住你,
免得你的脚碰到石头。’"
12 耶稣回答:"经上说:‘不可试探主你的 神。’"13 魔鬼用尽了各种试探,就暂时离开了耶稣。
在加利利传道(太4:12~17;可1:14~15)
14 耶稣带着圣灵的能力,回到加利利。他的名声传遍了周围各地。15 他在各会堂里教导人,很受众人的尊崇。
在本乡遭人厌弃(太13:53~58;可6:1~6)
16 耶稣来到拿撒勒自己长大的地方,照着习惯在安息日进入会堂,站起来要读经。17 有人把以赛亚先知的书递给他,他展开书卷找到一处,上面写着:
18 "主的灵在我身上,
因为他膏我去传福音给贫穷的人,
差遣我去宣告被掳的得释放,
瞎眼的得看见,
受压制的得自由,
19 又宣告主悦纳人的禧年。"
20 他把书卷卷好,交还侍役,就坐下。会堂里众人都注视他。21 他就对他们说:"这段经文今天应验在你们中间"中间"原文作"耳中"了。"22 众人称赞他,希奇他口中所出的恩言,并且说:"这不是约瑟的儿子吗?"23 他说:"你们必向我说这俗语:‘医生,治好你自己吧!’也必说:‘我们听见你在迦百农所行的一切事,也该在你本乡这里行啊!’"24 他又说:"我实在告诉你们,没有先知在他本乡是受欢迎的。25 我对你们说实话,当以利亚的时候,三年六个月不下雨"不下雨"原文作"天闭塞",遍地大起饥荒,那时以色列中有许多寡妇,26 以利亚没有奉差遣往他们中间任何一个那里去,只到西顿撒勒法的一个寡妇那里。27 以利沙先知的时候,以色列中有许多患痲风的人,其中除了叙利亚的乃缦,没有一个得洁净的。"28 会堂里的众人听见这话,都怒气填胸,29 起来赶他出城这城原来建在山上,他们拉他到山崖,要把他推下去。30 耶稣却从他们中间走过,就离去了。
在迦百农赶出污灵(可1:21~28)
31 耶稣下到加利利的迦百农城,在安息日教导人。32 他们对他的教训都很惊奇,因为他的话带着权柄。33 会堂里有一个被污鬼附着的人,大声喊叫:34 "哎!拿撒勒人耶稣,我们跟你有甚么关系呢?你来毁灭我们吗?我知道你是谁,你是 神的圣者。"35 耶稣斥责他说:"住口!从他身上出来!"鬼把那人摔倒在众人中间,就从他身上出来了,没有伤害他。36 众人都惊骇,彼此谈论说:"这是怎么回事?他用权柄能力吩咐污灵,污灵竟出来了。"37 耶稣的名声,传遍了周围各地。
治好患病的人(太8:14~17;可1:29~34)
38 他起身离开会堂,进入西门的家。西门的岳母正在发高热,他们为她求耶稣。39 耶稣站在她旁边,斥责那热病,热就退了;她立刻起身服事他们。40 日落的时候,不论害甚么病的人,都被带到耶稣那里;他一一为他们按手,医好他们。41 又有鬼从好些人身上出来,喊着说:"你是 神的儿子。"耶稣斥责他们,不许他们说话,因为他们知道他是基督。
往别的城传道(可1:35~39)
42 天一亮,耶稣出来,到旷野地方去。众人寻找他,一直找到他那里,要留住他,不要他离开他们。43 他却说:"我也必须到别的城去传 神国的福音,因为我是为了这缘故奉差遣的。"44 于是他往犹太的各会堂去传道。