တပည့်တော်ဦးများကိုခေါ်ခြင်း
1 တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။-မ၊ ၁၃:၁-၂။ မာ၊ ၃:၉-၁၀၊၄:၁။2 တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက် နေကြ၏။- 3 ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။
4 စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။- 5 ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ယော၊ ၂၁:၃။6 ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။-ယော၊ ၂၁:၆။7 အခြားသော လှေတစ်စင်း၌ရှိသော အပေါင်းအဖော်တို့သည် လာ၍ကူညီစေခြင်းငှာ သူတို့ကို အမှတ်ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့် ပြည့်စေကြ၏။- 8 ရှိမုန်ပေတရုသည် မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။- 9 အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဖော် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- 10 ယေရှုကလည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- 11 ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
နူနာစွဲသူကိုကုသခြင်း
12 ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- 13 ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်လေ၏။- 14 ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- 15 သို့သော်လည်း သတင်းတော်သည် သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှာလည်းကောင်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှာလည်းကောင်း၊ စုဝေးလျက်ရှိကြ၏။- 16 ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။
လက်ခြေသေသူကိုကုသခြင်း
17 တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- 18 ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်းထားခြင်းငှာ ရှာကြံကြ၏။- 19 လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိပ်ရာနှင့်တကွ လူများအလည် ယေရှု၏ရှေ့တော်သို့ လျှော့ချကြ၏။- 20 ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- 21 ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- 22 ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။- 23 အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- 24 လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- 25 ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။- 26 ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
လေဝိကိုခေါ်ခြင်း
27 ထိုနောက်ကိုယ်တော်သည် ထွက်ကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- 28 ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့လိုက်လေ၏။- 29 ထိုနောက်မှလေဝိသည် ကိုယ်တော်အဖို့အလို့ငှာ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။- 30 ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တို့ကို ကဲ့ရဲ့အပြစ်တင်ကြ၏။-လု၊ ၁၅:၁-၂။31 ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။- 32 ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
အစာရှောင်ခြင်း
33 လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲ ပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသနည်းဟု လျှောက်ကြ၏။- 34 ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- 35 မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- 36 ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။- 37 ၎င်းနည်း၊ ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။- 38 အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။- 39 ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်း အလိုမရှိတတ်။ ဟောင်းသောစပျစ်ရည် သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။
呼召四个门徒(太4:18~22;可1:16~20;约1:40~42)
1 耶稣站在革尼撒勒湖边,众人拥挤他,要听 神的道。2 他看见两只船停在湖边,渔夫离开船洗网去了。3 他上了西门的那一只船,请他撑开,离岸不远,就坐下,从船上教导众人。4 讲完了,就对西门说:"把船开到水深的地方,下网打鱼!"5 西门说:"主啊,我们整夜劳苦,毫无所得,不过,我愿照你的话下网。"6 他们下了网,就圈住很多鱼,网几乎裂开,7 就招呼另外那只船上的同伴来帮助,他们就来把两只船装满,甚至船要下沉。8 西门.彼得看见这种情景,就俯伏在耶稣膝前,说:"主啊,离开我,因为我是个罪人。"9 他和跟他在一起的人,因这网所打的鱼,都十分惊骇。10 西门的伙伴,西庇太的儿子雅各、约翰也是这样。耶稣对西门说:"不要怕!从今以后,你要作得人的渔夫了。"11 他们把两只船拢了岸,撇下一切,跟从了耶稣。
治好痲风病人(太8:2~4;可1:40~45)
12 有一次,耶稣在一个城里,突然有一个满身痲风的人看见他,就把脸伏在地上,求他说:"主啊!如果你肯,必能使我洁净。"13 耶稣伸手摸他,说:"我肯,你洁净了吧!"痲风立刻离开了他。14 耶稣嘱咐他不可告诉任何人,"你只要去给祭司检查,并且照着摩西所规定的,为你得洁净献祭,好向大家作证。"15 但他的名声却越发传扬出去,成群的人来聚集,要听道,并且要使他们的疾病痊愈。16 耶稣却退到旷野去祷告。
治好瘫子(太9:2~8;可2:3~12)
17 有一天,耶稣正在教导人,法利赛人和律法教师也坐在那里,他们是从加利利和犹太各乡村,并耶路撒冷来的;主的能力与他同在,叫他能医病。18 有人用床抬着一个瘫子,想送进去,放在耶稣跟前。19 因为人多,没有办法进去,就上了房顶,从瓦间把瘫子和床往当中缒下去,正在耶稣跟前。20 他看见他们的信心,就说:"朋友"朋友"原文作"人",你的罪赦了。"21 经学家和法利赛人就议论起来,说:"这人是谁,竟然说僭妄的话?除 神一位以外,谁能赦罪呢?"22 耶稣知道他们的议论,就对他们说:"你们心里为甚么议论呢?23 说:‘你的罪赦了’,或说:‘起来行走’,哪一样容易呢?24 然而为了要你们知道,人子在地上有赦罪的权柄,他就对瘫子说:我吩咐你,起来,拿起你的床,回家去吧。"25 那人立刻当众起来,拿着他躺过的床,颂赞 神,回家去了。26 众人都惊奇,颂赞 神,并且十分惧怕,说:"我们今天看见了不平常的事。"
呼召利未(太9:9~13;可2:14~17)
27 事后,耶稣出去,看见一个税吏,名叫利未,坐在税关那里,就对他说:"来跟从我!"28 他就撇下一切,起来跟从了耶稣。29 利未在自己家里,为他大摆筵席,有许多税吏和别的人一起吃饭。30 法利赛人和经学家埋怨他的门徒,说:"你们为甚么跟税吏和罪人一起吃喝呢?"31 耶稣回答:"健康的人不需要医生,有病的人才需要。32 我来不是要召义人,而是要召罪人悔改。"
新旧的比喻(太9:14~17;可2:18~22)
33 他们说:"约翰的门徒常常禁食、祈祷,法利赛人的门徒也是这样,而你的门徒却又吃又喝。"34 耶稣说:"新郎跟宾客在一起的时候,你们怎么可以叫宾客禁食呢?35 但日子到了,新郎要被取去,离开他们,那一天他们就要禁食了。"36 他又对他们设个比喻说:"没有人会从新衣服撕下一块布,补在旧衣服上,如果这样,不但新衣服撕破了,而且新撕下的布,也和旧的不调和。37 也没有人会把新酒装在旧皮袋里;如果这样,新酒就会把皮袋胀破,不但酒漏掉,皮袋也损坏了;38 人总是把新酒装在新皮袋里。39 喝惯陈酒的人,就不想喝新酒,他总说陈的好。"