တပည့်တော်တစ်ကျိပ်နှစ်ပါးကိုစေလွှတ်ခြင်း
1 တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။- 2 ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှာလည်းကောင်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၍၊- 3 သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။-လု၊ ၁၀:၄-၁၁။ တ၊ ၁၃:၅၁။4 မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။ အကြင်သူတို့သည် သင်တို့အား ဧည့်သည်ဝတ်ကို မပြုဘဲနေ၏။- 5 ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။- 6 တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာရောဂါကို ငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။
ဟေရုဒ်မင်းစိတ်ရှုပ်ထွေးခြင်း
7 ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည် ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။-မ၊ ၁၆:၁၄။ မာ၊ ၈:၂၈။ လု၊ ၉:၁၉။8 အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထပြန်ပြီဟု ဆိုကြ၏။- 9 ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသတင်းကို ငါကြားရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက် ယေရှုကိုမြင်ခြင်းငှာ အလိုရှိ၏။
လူငါးထောင်ကိုကျွေးမွေးခြင်း
10 တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။- 11 ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။
12 မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- 13 ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဖို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။- 14 ထိုသို့ လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစ်စုလျှင် ငါးဆယ်စီ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- 15 တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊- 16 ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။- 17 လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။
ပေတရု၏ဝန်ခံချက်
18 တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊-မ၊ ၁၆:၁၃-၂၀။ မာ၊ ၈:၂၇-၃၀။19 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-မ၊ ၁၄:၁-၂။ မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။20 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ယော၊ ၆:၆၈-၆၉။
အသေခံရမည်ကိုပြောခြင်း
21 ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။- 22 ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။
23 ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။-မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။24 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။-မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။25 ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကိုကိုယ် ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်း။- 26 အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ ဘုန်းကိုဆောင်လျက် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတ္တံ့။- 27 ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
အဆင်းအရောင်ပြောင်းလဲခြင်း
28 ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။-၂ပေ၊၁:၁၇-၁၈။29 ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- 30 မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင်ရှား၍၊- 31 ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအရာကို ပြောကြ၏။- 32 ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- 33 ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- 34 ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊- 35 ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။36 ထိုအသံတော်ဖြစ်သည် ခဏချင်းတွင်၊ ယေရှုသည် တစ်ယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။
ညစ်ညူးသောနတ်ကိုနှင်ထုတ်ခြင်း
37 နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြု၏။- 38 လူအစုအဝေး၌ ပါသောသူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတစ်ယောက်တည်း ရှိပါ၏။- 39 နတ်ဖမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုပ်ထွက်လျက် တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။- 40 ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။- 41 ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။- 42 သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။- 43 လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။
အသေခံရမည်ကိုထပ်မံဖော်ပြခြင်း
44 ထိုသို့ ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော်မူ၏။- 45 ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။
အဘယ်သူသာ၍ကြီးသနည်း။
46 ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။-လု၊ ၂၂:၂၄။47 ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တစ်ယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊- 48 အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသော သူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။-မ၊ ၁၀:၄၀။ လု၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။
ရန်သူဘက်၌မရှိသူသည်သင်တို့ဘက်၌ရှိ
49 ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သော သူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟု လျှောက်သော်၊- 50 ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။
ရှမာရိရွာကလက်မခံခြင်း
51 ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှာ သဘောထားတော်မူ၏။- 52 ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဖို့ကို ပြင်ဆင်ခြင်းငှာ သွား၍ ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။- 53 ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။- 54 ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊၄ရာ၊၁:၉-၁၆။55 ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှာ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊- 56 အခြားသောရွာသို့ ကြွတော်မူ၏။
ယေရှုတပည့်ဖြစ်လိုသူများ
57 လမ်း၌သွားကြစဉ် လူတစ်ဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။- 58 ယေရှုကလည်း၊ မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။- 59 အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊- 60 ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။- 61 အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊-၃ရာ၊၁၉:၂၀။62 ယေရှုက၊ ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။
差遣十二使徒(太10:5~15;可6:7~13)
1 耶稣召齐十二门徒,给他们能力、权柄,制伏一切鬼魔,医治各样的疾病,2 差遣他们去宣讲 神的国和医治病人,3 对他们说:"不要带着甚么上路,不要带手杖,不要带口袋,不要带食物,不要带银钱,也不要带两件衣服。4 无论进哪一家,就住在那里,直到离开。5 凡不接待你们的,你们离开那城的时候,当把脚上的灰尘跺下去,作为反对他们的表示。"6 于是他们就出去,走遍各乡,传讲福音,到处医治病人。
希律的困惑(太14:1~2;可6:14~16)
7 分封王希律听见所发生的一切事,犹豫不定,因为有人说:"约翰从死人中复活了。"8 又有人说:"以利亚显现了。"还有人说:"古时的一位先知复活了。"9 希律说:"约翰已经斩头了,但这是谁,我怎么会听到他这些事呢?"就设法要见他。
给五千人吃饱的神迹(太14:13~21;可6:30~44;约6:1~13)
10 使徒们回来,把所作的事报告耶稣。他带着他们,悄悄地退往伯赛大城去。11 群众知道了,也跟了去。他接待他们,向他们讲论 神的国,医好需要医治的人。12 天将晚的时候,十二门徒来到他跟前,说:"请解散众人,好让他们往周围的田舍村庄,去找地方住,找东西吃,因为我们这里是旷野。"13 他说:"你们给他们吃吧!"他们说:"我们所有的,不过是五个饼两条鱼,除非去为这些人另买食物。"14 原来男人就约有五千。他对门徒说:"叫他们一组一组地坐下,每组约五十人。"15 门徒就照他的话,叫众人坐下。16 耶稣拿起这五个饼,两条鱼,望着天,祝谢了,擘开递给门徒,摆在众人面前。17 他们都吃饱了,把剩下的零碎拾起来,装满了十二个篮子。
彼得承认耶稣是基督(太16:13~19;可8:27~29)
18 有一次耶稣独自祈祷的时候,只有门徒和他在一起。他问他们:"人说我是谁?"19 他们回答:"有人说是施洗的约翰,有人说是以利亚,还有人说是古时的一位先知复活了。"20 他又问他们:"你们说我是谁?"彼得回答:"是 神的基督!"
耶稣预言受难及复活(太16:20~28;可8:30~9:1)
21 耶稣警告他们,嘱咐他们,不要把这事告诉人。22 又说:"人子必须受许多苦,被长老、祭司长,和经学家弃绝、杀害,第三日复活。"
23 耶稣又对众人说:"如果有人愿意跟从我,就当舍己,天天背起他的十字架来跟从我。24 凡是想救自己生命的,必丧掉生命;但为我牺牲自己生命的,必救了生命。25 人若赚得全世界,却丧失自己,或赔上自己,有甚么好处呢?26 凡是把我和我的道当作可耻的,人子在自己与父并圣天使的荣耀里降临的时候,也必把他当作可耻的。27 我实在告诉你们,站在这里的,有人在没有尝过死味以前必定要看见 神的国。"
在山上改变形象(太17:1~13;可9:2~8)
28 说了这些话以后约有八天,耶稣带着彼得、约翰和雅各,上山去祷告。29 正祷告的时候,他的面貌就改变了,衣服洁白发光。30 忽然有两个人和他谈话,就是摩西和以利亚。31 他们在荣光里显现,谈论他去世的事,就是他在耶路撒冷将要完成的。32 彼得和同伴都在打盹。醒过来之后,就看见他的荣光,并与他站在一起的那两个人。33 二人正要离开他的时候,彼得对耶稣说:"主啊,我们在这里真好!我们可以搭三个帐棚,一个为你,一个为摩西,一个为以利亚。"他根本不知道自己在说甚么。34 他说这话的时候,有一片云彩笼罩他们,他们入了云彩,门徒就害怕起来。35 有声音从云彩里出来,说:"这是我的儿子,我所拣选的"这是我的儿子,我所拣选的"有些抄本作"这是我的爱子",你们要听从他!"36 声音过了,只见耶稣独自在那里。在那些日子,门徒保持缄默,不把所看见的告诉任何人。
治好癫痫病的小孩(太17:14~18;可9:14~27)
37 第二天,他们下了山,有一大群人迎面而来。38 在人群中有一个人喊叫说:"老师,求你怜悯我的儿子,因为他是我的独生子。39 你看,污灵一抓住他,他就忽然喊叫,并且抽疯,口吐白沫;污灵又折磨糟践他,不肯放过他。40 我求过你的门徒,把他赶出去,他们却办不到。"41 耶稣说:"唉!这不信又乖谬的世代啊!我跟你们在一起,忍受你们,要到几时呢?把你儿子带到这里来吧!"42 那孩子正走过来的时候,污鬼把他摔倒,使他重重地抽疯。耶稣斥责那污灵,把孩子医好,交给他父亲。43 众人都惊奇 神的大能。
第二次预言受难及复活(太17:22~23;可9:30~32)
众人还在希奇耶稣所作的这一切时,他对门徒说:44 "你们要把这些话存在心里:人子将要被交在人的手里。"45 门徒不明白这话,因为这话的意思是隐藏的,不让他们明白,他们也不敢问。
门徒争论谁最大(太18:1~5;可9:33~40)
46 后来,门徒起了意见,争论谁是最大的。47 耶稣看出他们的心意,就领了一个小孩子来,叫他站在自己旁边,48 对他们说:"凡因我的名接待这小孩子的,就是接待我;凡接待我的,就是接待那差我来的。谁是你们中间最小的,那人就是最大的。"49 约翰说:"主,我们看见有一个人奉你的名赶鬼,就禁止他,因为他不和我们一起跟从你。"50 耶稣说:"不要禁止他,因为不反对你们的,就是赞成你们的。"
撒玛利亚人不接待主
51 耶稣被接上升的日子快到了,他就决意向耶路撒冷去,52 并且差遣使者走在前头;他们去了,进入撒玛利亚的一个村庄,要为他预备。53 那里的人不接待他,因为他面向着耶路撒冷走。54 他的门徒雅各、约翰看见了,就说:"主啊,你要我们吩咐火从天降下来,烧灭他们吗?"55 耶稣就转过身来,责备他们,56 然后他们就往别的村庄去了。
要求跟从耶稣(太8:19~22)
57 他们走路的时候,有一个人对他说:"你无论往哪里去,我都要跟从你!"58 耶稣说:"狐狸有洞,天空的飞鸟有窝,人子却没有栖身的地方。"59 他对另一个人说:"你跟从我吧!"那人说:"主啊,请准我先回去安葬我的父亲吧。"60 耶稣说:"让死人去埋葬他们的死人,你应该去传扬 神的国。"61 又有一个人说:"主,我要跟从你,但容我先回去,向家人道别。"62 耶稣说:"手扶着犁向后看的,不适合进 神的国。"