နိနေဝေမြို့နောင်တရခြင်း
1 နောက်တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနသို့ ရောက်လာသည်ကား၊ 2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။ 3 ထိုအခါ ထာဝရဘုရား၏အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ ဖြစ်သတည်း။ 4 ယောနသည် မြို့ထဲသို့ဝင်၍ တစ်နေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။မ၊ ၁၂:၄၁။ လု၊ ၁၁:၃၂။
5 နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကိုယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ 6 နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ 7 လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်း မမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။ 8 လူသတ္တဝါ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ 9 ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။ 10 မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။
约拿遵命
1 耶和华的话再次临到约拿,说:2 "起来!到尼尼微大城去,向其中的居民宣告我所吩咐你的话。"3 约拿就动身,照耶和华的话往尼尼微去了,这尼尼微是一座极大的城"是一座极大的城"或译:"在 神面前是一座大城",要三天才能走完。
尼尼微人悔改得救
4 约拿进城,走了一天,就宣告说:"再过四十天,尼尼微就要毁灭了。"
5 尼尼微人信了"信了"或译:"信服" 神,就宣告禁食,从大到小,都穿上麻衣。6 这事传到尼尼微王那里,他就起来,离开宝座,脱去王袍,披上麻衣,坐在炉灰中。7 他又传谕全尼尼微,说:"王和大臣有令:‘人、畜、牛、羊,都不准尝甚么,不准吃,也不准喝。8 不论人畜,都要披上麻衣;各人要恳切呼求 神,悔改,离开恶行,摒弃手中的强暴。9 或者 神回心转意,不发烈怒,使我们不致灭亡。’"
10 神看见他们所作的,就是悔改离开恶行, 神就转意,不把所说的灾祸降在他们身上了。