ယောန၏ချီးမွမ်းသီချင်း
1 ငါး၏ဝမ်းထဲမှာ နေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူမူကား၊ 2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။ 3 ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်းကြပါ၏။ 4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။ 5 ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှာ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက် ရှိပါ၏။ 6 တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။ 7 အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။ 8 မုသားအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။ 9 အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။ 10 ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။
约拿祷告
1 约拿从鱼腹中向耶和华他的 神祷告,
2 说:
"我从患难中求告耶和华,
他就应允我;
我从阴间的深府呼求,
你就垂听我的声音。
3 你把我投入深海,
在海洋的深处,
大水环绕我;
你的洪涛、你的波浪,都漫过我。
4 我说:‘我虽从你眼前被赶逐,
我仍要仰望你的圣殿。’
5 众水包围我,几乎置我于死地;
深渊环绕我;
海草缠裹我的头。
6 我下沉直到山麓,
大地的门闩把我永远关闭;
耶和华我的 神啊!你却把我的性命从坑中拉上来。
7 当我心灵疲弱时,
我就思念耶和华;
我的祷告直达你面前,
进入你的圣殿。
8 那敬奉虚妄之偶像的人,
实在是离弃了怜爱他们的 神"怜爱他们的 神"原文作"他们的恩典"。
9 至于我,我要带着感谢的声音向你献祭;
我所许的愿,我必偿还。
救恩是属于耶和华的。"
10 于是耶和华吩咐那鱼,鱼就把约拿吐在陆地上。