ဆီမီးခုံနှင့်သံလွင်ပင်
1 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊ 2 သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတစ်လုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။ 3 ဆီအိုးလက်ယာဘက်၌ သံလွင်ပင်တစ်ပင်၊ လက်ဝဲဘက်၌ တစ်ပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊ဗျာ၊ ၁၁:၄။4 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊ 5 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။
ဇေရုဗဗေလအားပေးတော်မူသည့်ကတိတော်
6 ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ဧဇ၊၅:၂။7 အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွတ်ကျောက်ကို တင်ထားရလိမ့်မည်။
8 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊ 9 ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ 10 အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။ဗျာ၊ ၅:၆။11 ငါကလည်း၊ မီးခုံလက်ယာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊ဗျာ၊ ၁၁:၄။12 ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ်သို့နည်း ဟူ၍လည်းကောင်း မေးလျှောက်သော်၊ 13 ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။ 14 ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ရပ်နေသော ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟု ဆို၏။
两棵橄榄树的异象
1 那与我说话的天使回来唤醒我,我好象人在睡眠中被人唤醒一样。
2 他对我说:"你看见了甚么?"我回答:"我看见一个金灯台,整个是金的,顶上有一个盆子,并有七盏灯;顶上的灯有七个灯嘴。3 盆子旁边有两棵橄榄树,一棵在右边,一棵在左边。"
4 我问那与我说话的天使,说:"我主啊,这些是甚么?"
5 那与我说话的天使回答我说:"你不知道这些是甚么意思吗?"我说:"我主啊,我不知道。"
6 他对我说:"这是耶和华对所罗巴伯所说的话:‘不是倚靠权势,不是倚靠能力,而是倚靠我的灵。’这是万军之耶和华说的。7 大山啊!你算得甚么?你在所罗巴伯面前必夷为平地!他必安放那块平顶的石头,必有欢呼的声音说:‘愿恩惠、恩惠归与这殿"这殿"原文作"她"。’"
8 耶和华的话又临到我说:9 "所罗巴伯的手奠立了这殿的根基,他的手也必完成这工;这样,你就知道万军之耶和华差遣了我到你们这里来。10 谁藐视这日子,以为所作的是小事呢?他们看见所罗巴伯手里拿着测锤,就必欢喜。"
是耶和华的这七眼,遍察全地。
11 我又再问那天使:"在这灯台左右的两棵橄榄树是甚么意思?"
12 我又问他:"在两根流出金色油的金管子旁边的两根橄榄树枝,究竟是甚么意思?"
13 他回答我:"你不知道这些是甚么意思吗?"我说:"我主啊,我不知道。"
14 他说:"这是两位受膏者"受膏者"或译:"供应新油的人",是服事全地之主的。"