ယောရှုနှင့်စာတန်
1 ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရဘုရား၏ ကောင်းကင်တမန်ရှေ့၌ ရပ်နေသည်ကိုလည်းကောင်း၊ စာတန် သည် ရန်ဘက်ပြု၍ သူ၏လက်ယာဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါ့အားပြတော်မူ၏။ဧဇ၊ ၅:၂။ ဗျာ၊ ၁၂:၁၀။2 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲက နုတ်သောထင်းစဖြစ်သည် မဟုတ်လောဟု စာတန်အား ဆို၏။ယုဒ၊၉။3 ယောရှုသည် ညစ်ညူးသောအဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊ 4 ကောင်းကင်တမန်က၊ ညစ်ညူးသောအဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို၏။ 5 ငါကလည်း၊ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း အနားမှာ ရပ်နေ၏။
6 တစ်ဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ယောရှုအား ပညတ်ထားသည်ကား၊ 7 သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသောအခွင့်၊ ငါ့ တံတိုင်းတို့ကို စောင့်ရသောအခွင့် ရှိလိမ့်မည်။ ရှေ့တော်၌ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသောသူ ဖြစ်မည်အကြောင်း ငါခန့်ထားမည်။ 8 အို ယဇ်ပုရောဟိတ်မင်းယောရှု၊ သင့်ရှေ့မှာနေသော သင့်အပေါင်းအဖော်တို့နှင့်တကွ နားထောင်လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့် ယှဉ်သောသူ ဖြစ်ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်းစေမည်။ယေ၊ ၂၃:၅၊ ၃၃:၁၅။ ဇာ၊ ၆:၁၂။9 ယောရှုရှေ့မှာ ငါထားသောကျောက်ကို ကြည့်ရှုလော့။ ထိုကျောက်တစ်ခုကို မျက်စိခုနစ်လုံးကြည့်ရှုလျက်ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တစ်နေ့ချင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 10 ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် စပျစ်ပင်အောက်၊ သင်္ဘောသဖန်းပင် အောက်သို့ ခေါ်ဖိတ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။မိ၊ ၄:၄။
大祭司约书亚的异象
1 耶和华又使我看见大祭司约书亚站在耶和华的使者面前,撒但也站在约书亚右边控告他。2 耶和华对撒但说:"撒但哪!耶和华斥责你,那拣选了耶路撒冷的耶和华斥责你。这个人不是从火中抽出来的一根柴吗?"
3 那时,约书亚穿著污秽的衣服,站在使者的面前。4 使者吩咐那些侍立在他面前的说:"你们要脱去他污秽的衣服。"又对约书亚说:"看哪!我已经除去了你的罪孽,要给你穿上华美的礼服。"
5 我说:"你们要把洁净的冠冕戴在他的头上。"他们就把洁净的冠冕戴在他的头上,又给他穿上华美的衣服。那时,耶和华的使者正在旁边站着。
6 耶和华的使者劝戒约书亚说:7 "万军之耶和华这样说:‘你若遵行我的道,谨守我的吩咐,你就必治理我的家,看守我的院子,我必赐你特权,可以在这些侍立在我面前的使者中间自由出入。8 大祭司约书亚啊!你和坐在你面前的众同伴都要听,他们都是预表将来奇事的人,我必使我的仆人,就是大卫的苗裔出生。9 看我在约书亚面前所立的石头,在这一块石头上有七眼。看哪!我要亲自雕琢这石头这是万军之耶和华的宣告。在一日之内,我要除去这地的罪孽。10 到那日这是万军之耶和华的宣告,你们各人要邀请自己的邻舍来,坐在葡萄树下和无花果树下。’"