နူနာကိုပျောက်ကင်းစေခြင်း
1 ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- 2 ထိုအခါ နူနာစွဲသောသူတစ်ယောက်သည် ညွှတ်ပျပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။- 3 ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။- 4 ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။-ဝတ်၊ ၁၄:၁-၃၂။
တပ်မှူး၏ငယ်သားကိုကုသခြင်း
5 ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတစ်ယောက်သည် အထံတော်သို့လာ၍၊- 6 သခင်၊ ကျွန်တော်၏ ငယ်သားတစ်ယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။- 7 ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- 8 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- 9 ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။- 10 ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။- 11 ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတ္တံ့၊-လု၊ ၁၃:၂၉။12 နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတ္တံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊-မ၊ ၂၂:၁၃၊ ၂၅:၃၀။ လု၊ ၁၃:၂၈။13 တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။-
ပေတရုယောက္ခမကိုကုသခြင်း
14 ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။- 15 ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။-
16 ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။- 17 ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။-ဟေရှာ၊ ၅၃:၄။
ယေရှုနောက်သို့လိုက်သူများ
18 များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- 19 ထိုအခါ ကျမ်းပြုဆရာတစ်ယောက်သည် လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။- 20 ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။- 21 အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- 22 ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။-
မုန်တိုင်းကိုဆုံးမခြင်း
23 ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- 24 ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။- 25 တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊- 26 ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင်၊ ထ၍ လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။- 27 ထိုလူတို့ကလည်း၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အံ့ဩကြ၏။-
နတ်ဆိုးကိုနှင်ထုတ်ခြင်း
28 ကမ်းတစ်ဖက်၊ ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသော လူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊- 29 ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။- 30 ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။- 31 နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊- 32 သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။- 33 ဝက်ကျောင်းသော သူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသောသူတို့၏ အကြောင်းမှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊- 34 တစ်မြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှာ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။-
治好痲风病人(可1:40~44;路5:12~14)
1 耶稣下了山,许多人跟随着他。2 有一个患痲风的人前来向他跪拜,说:"主啊!如果你肯,必能使我洁净。"3 耶稣伸手摸他,说:"我肯,你洁净了吧!"他的痲风立刻洁净了。4 耶稣对他说:"你千万不可告诉别人,只要去给祭司检查,并且照着摩西所规定的献上供物,好向大家作证。"
治好百夫长的仆人(路7:1~10)
5 耶稣到了迦百农,有一个百夫长前来恳求他,6 说:"主啊!我的仆人瘫痪了,躺在家里非常痛苦。"7 耶稣对他说:"我去医治他。"8 百夫长回答:"主啊,要你到舍下来,实在不敢当。只要你说一句话,我的仆人就必好了。9 我自己是在别人的权下,也有兵在我以下;我对这个说‘去!’他就去,对另一个说‘来!’他就来;对仆人说‘作这个!’他就作。"10 耶稣听了,就很惊奇,对跟随的人说:"我实在告诉你们,这样的信心,我在以色列中从来没有见过。11 我告诉你们,必有许多人从东从西来到,和亚伯拉罕、以撒、雅各在天国里一起吃饭。12 但本来要承受天国的人,反被丢在外面黑暗里,在那里必要哀哭切齿。"13 于是耶稣对百夫长说:"回去吧!事情必照你所信的给你成就。"他的仆人就在那时痊愈了。
治病赶鬼(可1:29~34;路4:38~41)
14 耶稣来到彼得家里,看见他的岳母发烧,病在床上。15 耶稣一摸她的手,热就退了;她就起来服事耶稣。16 到了黄昏,有些人带了许多被鬼附的人来见耶稣,他只用一句话就把污灵赶出去,并且医好了所有患病的人。17 这样正应验了以赛亚先知所说的:
"他亲自除去我们的软弱,
担当我们的疾病。"
跟从耶稣的要求(路9:57~60)
18 耶稣看见许多人围着他,就吩咐往对岸去。19 有一位经学家前来对他说:"老师,你无论往哪里去,我都要跟从你!"20 耶稣回答:"狐狸有洞,天空的飞鸟有窝,但人子却没有栖身"栖身"原文作"枕头"的地方。"21 另一个门徒对他说:"主啊!请准我先回去安葬我的父亲吧。"22 耶稣对他说:"跟从我吧!让死人去埋葬他们的死人。"
平静风浪(可4:36~41;路8:22~25)
23 耶稣上了船,门徒跟着他。24 忽然海上起了狂风,甚至船都被波涛掩盖,但耶稣却睡着了。25 他们走来把他叫醒,说:"主啊!救命啊!我们没命了!"26 耶稣却对他们说:"小信的人哪!为甚么害怕呢?"他就起来斥责风和海,风浪就完全平静了。27 众人都惊奇,说:"这是甚么人,连风和海也听从他?"
治好鬼附的人(可5:1~17;路8:26~37)
28 耶稣过到对岸加大拉人的地区,遇见两个被鬼附着的人从墓地出来;他们十分凶暴,甚至没有人敢从那条路经过。29 他们喊叫:" 神的儿子,我们跟你有甚么关系呢?时候还没有到,你就来这里叫我们受苦吗?"30 那时远远有一大群猪正在吃东西。31 那些鬼就求耶稣,说:"如果要赶我们出来,就准我们进到猪群里去吧。"32 耶稣对他们说:"出去吧!"他们就出来,进了猪群。那一群猪忽然闯下山崖,掉在海里淹死了。33 放猪的人逃进城里,把被鬼附的人的遭遇和一切事情,都报告出来。34 全城的居民都出来要见耶稣,看见了他,就求他离开他们的地区。