လက်ခြေသေသူကိုကုသခြင်း
1 ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။- 2 လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- 3 ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။- 4 ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- 5 အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- 6 လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- 7 ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။- 8 လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
မဿဲကိုခေါ်ယူခြင်း
9 ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။- 10 ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။-လု၊ ၁၅:၁-၂။11 ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။- 12 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။- 13 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့်တော်မူ၏။-မ၊ ၁၂:၇။ ဟော၊ ၆:၆။
အစာရှောင်ခြင်း
14 ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- 15 ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- 16 အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- 17 ၎င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။-
ယာဣရုသမီးနှင့်အဝတ်တော်ကိုတို့သောအမျိုးသမီး
18 ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- 19 ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူနောက်သို့ လိုက်တော်မူ၏။- 20 ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတစ်ယောက်က၊- 21 ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။- 22 ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- 23 အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြုကြသည်ကိုမြင်လျှင်၊- 24 ဖယ်ရှားကြလော့။ မိန်းမငယ် သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။- 25 ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။- 26 ထိုသတင်းစကားသည် တစ်ပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။-
မျက်မမြင်နှစ်ဦးကိုကုသခြင်း
27 ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူ နှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။- 28 အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။- 29 ထိုအခါ သူတို့၏မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော်မူလျှင်၊- 30 သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- 31 သို့သော်လည်း ထိုသူတို့သည်သွား၍ သတင်းတော်ကို တစ်ပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။-
အသောသူကိုကုသခြင်း
32 ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။- 33 နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။- 34 ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။-မ၊ ၁၀:၂၅၊ ၁၂:၂၄။ မာ၊ ၃:၂၂။ လု၊ ၁၁:၁၅။
စပါးရိတ်စရာများစွာရှိ၏
35 ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။-မ၊ ၄:၂၃။ မာ၊ ၁:၃၉။ လု၊ ၄:၄၄။ ဇာ၊ ၁၀း၂။36 အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။-တော၊ ၂၇:၁၇။ ၃ ရာ၊ ၂၂:၁၇။ ၆ရာ၊ ၁၈:၁၆။ ယေဇ၊ ၃၄:၅။ မာ၊ ၆:၃၄။37 ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။-လု၊ ၁၀:၂။38 ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
治好瘫子(可2:1~12;路5:17~26)
1 耶稣上了船,过到自己的城来。2 有人把一个躺在床上的瘫子带到他那里。耶稣看见他们的信心,就对瘫子说:"孩子,放心!你的罪赦了。"3 有几位经学家彼此说:"这个人在说僭妄的话。"4 耶稣看出他们所想的,就说:"你们心里为甚么存着恶念呢?5 说‘你的罪赦了’,或说‘起来行走’,哪一样容易呢?6 然而为了要使你们知道人子在地上有赦罪的权柄,他就对瘫子说:起来,拿起你的床,回家去吧。"7 他就起来回家去了。8 群众看见,就起了敬畏的心,颂赞那把这样的权柄赐给人的 神。
呼召马太(可2:14~17;路5:27~32)
9 耶稣从那里往前走,看见一个人,名叫马太,坐在税关那里,就对他说:"来跟从我!"他就起来跟从了耶稣。10 耶稣在屋里吃饭的时候,有很多税吏和罪人来与他和门徒一起吃饭。11 法利赛人看见了,就对他的门徒说:"你们的老师为甚么跟税吏和罪人一起吃饭呢?"12 耶稣听见了,就说:"健康的人不需要医生,有病的人才需要,13 ‘我喜爱怜悯,不喜爱祭祀’,你们去想一想这话的意思吧。我来不是要召义人,而是要召罪人。"
新旧的比喻(可2:18~22;路5:33~39)
14 那时,约翰的门徒前来问耶稣:"为甚么我们和法利赛人常常禁食,你的门徒却不禁食呢?"15 耶稣回答:"新郎跟宾客在一起的时候,宾客怎能哀痛呢?但到了时候,新郎就要从他们中间被取去,那时他们就要禁食了。16 没有人会拿一块新布补在旧衣服上,因为补上的会把衣服扯破,裂的地方就更大了。17 也没有人会把新酒装在旧皮袋里,如果这样,皮袋就会胀破,酒就漏出来,皮袋也损坏了。人总是把新酒装在新皮袋里,这样,两样都可以保全。"
治好血漏病的女人(可5:22~34;路8:41~48)
18 耶稣对他们说话的时候,有一位会堂的主管走来跪在他面前,说:"我的女儿刚死了,但请你来按手在她身上,她必活过来。"19 于是耶稣和门徒起来跟着他去了。20 有一个女人,患了十二年的血漏病,她走到耶稣背后,摸他衣服的繸子,21 因为她心里说:"只要摸到他的衣服,我就必痊愈。"22 耶稣转过来看见她,就说:"女儿,放心!你的信心使你痊愈了。"从那时起,那女人就好了。
使女孩复活(可5:35~43;路8:49~56)
23 耶稣进了那主管的家,看见有吹笛的人和喧哗的群众,24 就说:"出去!这女孩不是死了,只是睡了。"他们就嘲笑他。25 耶稣赶走众人之后,进去拉着女孩的手,女孩就起来了。26 这消息传遍了那一带。
治好瞎子
27 耶稣离开那里的时候,有两个瞎子跟着他,喊着说:"大卫的子孙,可怜我们吧!"28 耶稣进了房子,他们来到他那里。耶稣问他们:"你们信我能作这些事吗?"他们回答:"主啊,我们信。"29 于是耶稣摸他们的眼睛,说:"照你们的信心给你们成就吧。"30 他们的眼睛就看见了。耶稣严严地嘱咐他们:"千万不可让人知道。"31 他们却出去,把他所作的事传遍了那一带。
治好哑巴
32 他们出去的时候,有人带着一个被鬼附着的哑巴来见耶稣。33 耶稣把鬼赶走之后,哑巴就说话了。众人都很惊奇,说:"这样的事,在以色列从来没有见过。"34 但法利赛人说:"他不过是靠鬼王赶鬼罢了。"
庄稼多,工人少
35 耶稣走遍各城各乡,在各会堂里教导人,宣扬天国的福音,医治各种疾病、各种病症。36 他看见群众,就怜悯他们,因为他们困苦无依,像没有牧人的羊一样。37 他就对门徒说:"庄稼多,工人少;38 所以你们应当求庄稼的主派工人去收割他的庄稼。"