ပိလတ်မင်းထံသို့
1 နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည် ယေရှုကို သတ်အံ့သောငှာ တိုင်ပင်၍၊- 2 ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။-
ယုဒရှကာရုတ်သေဆုံးခြင်း
3 ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊-တ၊ ၁:၁၈-၁၉။4 အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- 5 သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။- 6 ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- 7 တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တစ်ပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ ထိုငွေနှင့် ဝယ်ကြ၏။- 8 ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။- 9 ပရောဖက်ယေရမိ ဟောသည်ကား၊ ဣသရေလလူတို့သည် အဖိုးဖြတ်သောသူ၏ ကိုယ်ဖိုးငွေသုံးဆယ်ကို သူတို့သည်ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊- 10 အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ရောက်လေ၏။ဇာ၊ ၁၁:၁၂-၁၃။
ပိလတ်မင်းစစ်ဆေးခြင်း
11 ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- 12 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။- 13 ပိလတ်မင်းကလည်း၊ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊- 14 စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံ့ဩလေ၏။-
ယေရှုကိုသေဒဏ်စီရင်ခြင်း
15 ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။- 16 ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- 17 လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။- 18 အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- 19 ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။- 20 လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။- 21 ထိုကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်းဟု လူများကို တစ်ဖန် မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။- 22 ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။- 23 မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။- 24 ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-တရား၊၂၁:၆-၉။25 ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။- 26 ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
စစ်သားများပြက်ရယ်ပြုခြင်း
27 ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊- 28 အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။- 29 ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 30 ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။- 31 ထိုသို့ ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။-
လက်ဝါးကပ်တိုင်တွင်သတ်ခြင်း
32 သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- 33 ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊- 34 ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။-ဆာ၊ ၆၉:၂၁။35 ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။-ဆာ၊ ၂၂:၁၈။36 ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- 37 အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟုရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။- 38 ထိုအခါ ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
39 လမ်းမှာ သွားလာသောသူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။-ဆာ၊ ၂၂:၇၊၁၀၉:၂၅။40 ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။-မ၊ ၂၆:၆၁။ ယော၊ ၂:၁၉။41 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။- 42 ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။- 43 သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။-ဆာ၊ ၂၂:၈။44 ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောဓားပြတို့သည်လည်း ကဲ့ရဲ့အပြစ်တင်ကြ၏။
ယေရှုအသက်ချုပ်တော်မူခြင်း
45 မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- 46 သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။-ဆာ၊ ၂၂:၁။47 ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။- 48 လူတစ်ယောက်သည် ချက်ချင်းပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလေ၏။-ဆာ၊ ၆၉:၂၁။49 ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆိုကြ၏။- 50 ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။- 51 ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။-ထွ၊ ၂၆:၃၁-၃၃။52 သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊- 53 ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။- 54 ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။- 55 ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။-လု၊ ၈:၂-၃။56 ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
57 ညအချိန်ရောက်မှ အရိမဿဲမြို့သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏တပည့်တော်ဖြစ်သည်နှင့်၊- 58 ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊- 59 ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊- 60 ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။- 61 မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
သင်္ချိုင်းတွင်အစောင့်ထားရှိခြင်း
62 အဖိတ်နေ့လွန်၍ နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ၌ စုဝေး၍၊- 63 ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။-မ၊ ၁၆:၂၁၊၁၇:၂၃၊ ၂၀:၁၉။ မာ၊ ၈:၃၁၊၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊၁၈:၃၁-၃၃။64 ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကို ခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာအကြောင်း ရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်ရှိတော်မူပါဟု လျှောက်ကြလျှင်၊- 65 ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တစ်တပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြဟု ဆိုလေ၏။- 66 ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။
耶稣被押交彼拉多(可15:1;路23:1;约18:28)
1 到了早上,所有的祭司长和民间的长老商议怎样对付耶稣,好杀掉他。2 他们把他绑起来,押去交给总督彼拉多。
犹大的结局(参徒1:18~19)
3 那时,出卖耶稣的犹大见耶稣定了罪,就后悔了。他把那三十块银子还给祭司长和长老,说:4 "我有罪了!我出卖了无辜的人"人"原文作"血"!"他们说:"这是你的事,跟我们有甚么关系?"5 犹大把银子丢进圣所,然后离开,出去吊死了。6 祭司长把银子拾起来,说:"这是血钱,不可放在殿库里。"7 他们商议之后,就用那些钱买了"陶匠的田",用来作外国人的坟地。8 所以那田称为"血田",直到今日。9 这应验了耶利米先知所说的:"他们拿了三十块银子,就是以色列人给他估定的价钱,10 用它买了‘陶匠的田’,正如主所指示我的。"
彼拉多判耶稣钉十字架(可15:2~15;路23:2、3、18~25;约18:29~19:16)
11 耶稣站在总督面前,总督问他:"你是犹太人的王吗?"耶稣回答:"这是你说的。"12 祭司长和长老控告他的时候,他却不回答。13 彼拉多又问他:"他们作证指控你这么多的事,你没有听见吗?"14 耶稣一句话也不回答他,令总督非常惊奇。
15 每逢这节期,总督有一个惯例,就是给群众释放一个他们要求释放的囚犯。16 那时,有个声名狼藉的囚犯,名叫耶数.巴拉巴。17 群众聚集的时候,彼拉多问他们:"你们要我给你们释放谁?耶数.巴拉巴或是称为基督的耶稣呢?"18 他知道他们是因为嫉妒才把耶稣交了来。19 彼拉多坐在审判台上的时候,他的夫人派人来说:"你不要干涉这个义人的事,因为昨夜我在梦中因他受了很多的苦。"20 祭司长和长老怂恿群众,叫他们去要求释放巴拉巴,除掉耶稣。21 总督问他们:"这两个人,你们要我给你们释放哪一个?"他们说:"巴拉巴!"22 彼拉多对他们说:"那么,我怎样处置那称为基督的耶稣呢?"他们齐声说:"把他钉十字架!"23 彼拉多说:"为甚么呢?他作了甚么恶事呢?"众人更加大声喊叫:"把他钉十字架!"24 彼拉多见无济于事,反会引起骚动,就拿水在群众面前洗手,说:"流这人的血,与我无关,你们自己负责吧。"25 群众回答:"流他的血的责任,归在我们和我们子孙的身上吧。"26 于是彼拉多给他们释放了巴拉巴;他把耶稣鞭打了,就交给他们钉十字架。
士兵戏弄耶稣(可15:16~20;约19:2~3)
27 总督的士兵把耶稣带到总督府,召集全队士兵到他面前。28 他们脱去他的衣服,给他披上朱红色的外袍,29 又用荆棘编成冠冕,戴在他的头上,把一根芦苇放在他的右手,跪在他面前讥笑他说:"犹太人的王万岁!"30 然后向他吐唾沫,又拿起芦苇打他的头。31 戏弄完了,就脱下他的外袍,给他穿回自己的衣服,带去钉十字架。
耶稣被钉十字架(可15:22~32;路23:33~43;约19:17~24)
32 他们出来的时候,遇见一个古利奈人,名叫西门,就强迫他背耶稣的十字架。33 到了一个地方,名叫各各他,就是"髑髅地"的意思,34 他们把苦胆调和的酒给他喝,他尝了却不肯喝。35 士兵把他钉了十字架,就抽签分他的衣服,36 然后坐在那里看守他。37 他们在耶稣的头以上,钉了一块牌子,写着他的罪状:"这是犹太人的王耶稣"。38 当时,有两个强盗和他一同钉十字架,一个在右,一个在左。39 过路的人嘲笑他,摇着头说:40 "你这个想拆毁圣所,三日之内又把它建造起来的,救救自己吧!如果你是 神的儿子,从十字架上下来吧!"41 祭司长、经学家和长老也同样讥笑他,说:42 "他救了别人,却不能救自己。如果他是以色列的王,现在可以从十字架上下来,我们就信他。43 他信靠 神;如果 神喜悦他,就让 神现在救他吧,因为他说自己是 神的儿子。"44 和他一同钉十字架的强盗也都这样侮辱他。
耶稣死时的情形(可15:33~41;路23:44~49;约19:28~30)
45 从正午到下午三点钟,遍地都黑暗了。46 大约三点钟,耶稣大声呼叫:"以利,以利,拉马撒巴各大尼?"意思是"我的 神,我的 神,你为甚么离弃我?"47 有几个站在那里的人,听见了就说:"这个人在呼叫以利亚呢。"48 有一个人马上跑去拿海绵蘸满了酸酒,用芦苇递给他喝。49 但其他的人说:"等一等,我们看看以利亚来不来救他。"50 耶稣再大声呼叫,气就断了。51 忽然,圣所里的幔子从上到下裂成两半;地面震动,石头崩裂;52 而且坟墓开了,许多睡了的圣徒的身体也复活了,53 从坟墓里出来;到了耶稣复活之后,他们进到圣城向许多人显现。54 百夫长和跟他一起看守耶稣的士兵,看见了地震和所发生的事情,就十分惧怕,说:"这个人真是 神的儿子。"55 有许多妇女在那里远远地观看;她们是从加利利开始跟随耶稣服事他的。56 她们中间有抹大拉的马利亚、雅各和约西的母亲马利亚,以及西庇太的儿子的母亲。
耶稣葬在新坟墓里(可15:42~47;路23:50~56;约19:38~42)
57 到了晚上,有一个亚利马太的富翁来到,他名叫约瑟,是耶稣的门徒。58 这个人去见彼拉多,请求领取耶稣的身体,彼拉多就吩咐给他。59 约瑟领了耶稣的身体,用干净的细麻布裹好,60 放在自己的新坟墓里,就是在盘石里凿出来的。他辊了一块大石头来挡住墓门,然后才离开。61 抹大拉的马利亚和另一个马利亚都在那里,对着坟墓坐着。
卫兵严密看守坟墓
62 第二天,就是过了"预备日"的那一天,祭司长和法利赛人去见彼拉多,说:63 "大人,我们想起那个骗子,生前说过:‘三天之后,我要复活。’64 所以请你下令把坟墓严密看守,直到第三天,免得他的门徒来把他偷去,然后对民众说:‘他从死人中复活了。’这样,日后的骗局比起初的就更大了。"65 彼拉多对他们说:"你们带着卫兵,尽你们所能的去严密看守吧。"66 他们就去把墓前的石封好,又派卫兵把守,严密地守住坟墓。