မင်္ဂလာဆောင်ပွဲဥပမာ
1 တစ်ဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊- 2 ကောင်းကင်နိုင်ငံတော်သည် မိမိသားအဖို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သော မင်းကြီးနှင့် တူ၏။- 3 ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။- 4 တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။- 5 သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။- 6 ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။- 7 ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
8 ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- 9 လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဖိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊- 10 လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- 11 မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်လျှင်၊- 12 အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- 13 ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။-မ၊ ၈:၁၂၊ ၂၅:၃၀။ လု၊ ၁၃:၂၈။14 ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်းသည်ဟု မိန့်တော်မူ၏။
အခွန်ဆက်ခြင်းပြဿနာ
15 ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည် သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊- 16 မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။- 17 သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ ထင်တော်မူသနည်း။ ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။- 18 ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။- 19 အခွန်ငွေတစ်ပြားကို ပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတစ်ပြားကို ယူခဲ့ကြ၏။- 20 ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊- 21 ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- 22 ထိုသူတို့သည် ကြားရလျှင် အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။-
ထမြောက်ရှင်ပြန်ခြင်းပြဿနာ
23 ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊-တ၊ ၂၃:၈။24 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။-တရား၊၂၅:၅။25 အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။- 26 ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဖက်ပြီးမှ သေကြ၏။- 27 နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- 28 သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- 29 ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- 30 ထမြောက်ရာကာလ၌ စုံဖက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။- 31 ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။- 32 ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အားမိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။-ထွ၊ ၃:၆။33 ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
ကြီးမြတ်သောပညတ်တော်
34 ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊- 35 သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ၊-လု၊ ၁၀:၂၅-၂၈။36 အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်းဟု မေးလျှောက်သော်၊- 37 ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊-တရား၊၆:၅။38 ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။- 39 ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။-ဝတ်၊ ၁၉:၁၈။40 ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
ဒါဝိဒ်၏သား
41 ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။- 42 အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- 43 သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။- 44 ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။-ဆာ၊ ၁၁၀:၁။45 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- 46 အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
婚筵的比喻(路14:16~24)
1 耶稣又用比喻对他们说:2 "天国好象一个王,为儿子摆设婚筵。3 他派仆人去叫被邀请的人来参加婚筵。但他们不肯来。4 他再派另一些仆人去,说:‘你们告诉被邀请的人,我已经预备好了筵席,公牛和肥畜已经宰了,一切都预备妥当。来参加婚筵吧!’5 但那些人却不理会就走了;有的去耕田,有的去作买卖,6 其余的抓住王的仆人,凌辱他们,并且把他们杀了。7 王就发怒,派兵消灭那些凶手,焚毁他们的城。8 然后对仆人说:‘婚筵已经预备好了,只是被邀请的人不配。9 所以你们要到大路口,凡遇见的,都请来参加婚筵。’
10 "那些仆人就走到街上,把所有遇见的,不论好人坏人,都招聚了来,婚筵上就坐满了人。11 王进来与赴筵的人见面,看见有一个人没有穿著婚筵的礼服,12 就对他说:‘朋友,你没有婚筵的礼服,怎能进到这里来呢?’他就无话可说。13 于是王对侍从说:‘把他的手和脚都绑起来,丢到外面的黑暗里,在那里必要哀哭切齿。’14 因为被召的人多,选上的人少。"
以纳税的事问难耶稣(可12:13~17;路20:20~26)
15 法利赛人就去商量,怎样找耶稣的话柄来陷害他。16 他们派了自己的门徒和希律党的人一同去问耶稣:"老师,我们知道你为人诚实,照着真理把 神的道教导人,不顾忌任何人,因为你不徇情面。17 请把你的意见告诉我们,纳税给凯撒,可不可以呢?"18 耶稣看出他们的恶意,就说:"虚伪的人,为甚么试探我呢?19 拿纳税的钱币给我看看。"他们就拿了一个银币给他。20 耶稣问他们:"这是谁的像,谁的名号?"21 他们回答:"凯撒的。"他就对他们说:"凯撒的应当归给凯撒, 神的应当归给 神。"22 他们听了,十分惊奇,就离开他走了。
人复活后不娶不嫁(可12:18~27;路20:27~40)
23 撒都该人向来认为没有复活的事。那一天,他们前来问耶稣:24 "老师,摩西说:‘如果一个人死了,没有儿女,他的弟弟应该娶他的妻子,为哥哥立后。’25 从前我们这里有兄弟七人,头一个结了婚,没有孩子就死了,留下妻子给他的弟弟。26 第二个、第三个直到第七个都是这样。27 最后,那女人也死了。28 那么,复活的时候,她是这七个人中哪一个的妻子呢?因为他们都娶过她。"29 耶稣回答他们:"你们错了,因为你们不明白圣经,也不晓得 神的能力。30 复活的时候,人们也不娶也不嫁,而是像天上的使者一样。31,32 关于死人复活的事, 神对你们讲过:‘我是亚伯拉罕的 神,以撒的 神,雅各的 神’,你们没有念过吗? 神不是死人的 神,而是活人的 神。"33 群众听了他的教训,就十分诧异。
最重要的诫命(可12:28~31)
34 法利赛人听见耶稣使撒都该人无话可说,就聚集在一起。35 他们中间有一个律法家,试探耶稣说:36 "老师,律法中哪一条诫命是最重要的呢?"37 他回答:"你要全心、全性、全意爱主你的 神。38 这是最重要的第一条诫命。39 第二条也和它相似,就是要爱人如己。40 全部律法和先知书,都以这两条诫命作为根据。"
基督是大卫的子孙(可12:35~37;路20:41~44)
41 法利赛人聚在一起的时候,耶稣问他们:42 "你们对基督的看法怎样?他是谁的子孙呢?"他们回答:"大卫的子孙。"43 耶稣就说:"那么大卫被圣灵感动,怎么会称他为主呢?他说:
44 ‘主对我的主说:
你坐在我的右边,
等我把你的仇敌放在你的脚下。’
45 "大卫既然称他为主,他怎么又是大卫的子孙呢?"46 没有人能够回答他。从那天起,也没有人敢再问他。