ရှင်ပြန်ထမြောက်တော်မူခြင်း
1 ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။- 2 ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- 3 သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။- 4 လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။- 5 ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။- 6 ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- 7 အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်၊ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။- 8 ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။- 9 လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- 10 ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကို တွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
အစောင့်များထံမှသတင်း
11 ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသော အခြင်းအရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။- 12 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကို ပေး၍၊- 13 ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။- 14 ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌ အမှုမရှိစေခြင်းငှာ ငါပြုမည်ဟု၊- 15 သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့သည် အနှံ့အပြား ပြောဆိုကြ၏။
တပည့်တော်တို့အားမှာကြားခြင်း
16 တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။-မ၊ ၂၆:၃၂။ မာ၊ ၁၄:၂၈။17 အချို့တို့သည် ယုံမှားခြင်းရှိကြ၏။- 18 ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။- 19 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။-တ၊ ၁:၈။20 ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ပြီး၏။
耶稣复活(可16:1~10;路24:1~12;约20:1~10)
1 过了安息日,在礼拜日天亮的时候,抹大拉的马利亚和另一个马利亚来看坟墓。2 忽然,地震得很厉害;主的使者从天上下来,把石头辊开,坐在上面。3 他的样子好象闪电,衣服洁白如雪。4 看守的人因为害怕他,就浑身战抖,好象死了一样。5 那使者对妇女们说:"你们不要怕,我知道你们在找被钉十字架的耶稣。6 他不在这里,已经照他所说的复活了。你们来看安放他的地方吧。7 快去告诉他的门徒:‘他已经从死人中复活了。他会比你们先到加利利去,你们在那里必看见他。’现在我已经告诉你们了。"8 她们立刻离开坟墓,又害怕,又十分欢喜,跑去告诉耶稣的门徒。9 忽然,耶稣向她们迎面而来,说:"你们好。"她们就上前,抱住他的脚拜他。10 耶稣对她们说:"不要怕,去告诉我的弟兄,叫他们到加利利去,他们在那里必看见我。"
卫兵受贿造谣
11 她们去的时候,有些卫兵进了城,把一切所发生的事向祭司长报告。12 祭司长就和长老聚集在一起商量,然后拿许多钱给士兵,13 说:"你们要这样说:‘他的门徒晚上来了,趁我们睡着的时候,把他偷走了。’14 如果总督知道了这件事,我们会说服他,不会牵连你们。"15 士兵收了钱,就照着祭司长和长老的指使去作。这种说法直到今日还流传在犹太人当中。
主交给门徒的使命(可16:14~18;路24:36~49;约20:19~23。参徒1:6~8)
16 十一个门徒往加利利去,到了耶稣指定的山上。17 他们看见耶稣就拜他,但仍然有些人怀疑。18 耶稣上前来,对他们说:"天上地上一切权柄都赐给我了。19 所以,你们要去使万民作我的门徒,奉父子圣灵的名,给他们施洗"奉父子圣灵的名,给他们施洗"或译:"给他们施洗,归入父子圣灵的名",20 我吩咐你们的一切,都要教导他们遵守。这样,我就常常与你们同在,直到这世代的终结。"