ယေရုရှလင်မြို့သို့ဝင်ရောက်ခြင်း
1 ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- 2 သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။- 3 သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- 4 ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊- 5 နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ဇာ၊ ၉:၉။
6 တပည့်တော်တို့သည် သွား၍ အမိန့်တော်အတိုင်း ပြုသဖြင့်၊- 7 မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- 8 အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- 9 ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။-ဆာ၊ ၁၁၈:၂၅၊၂၆။10 ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်းဟု မေးမြန်းကြလျှင်၊- 11 လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။
ဗိမာန်တော်ကိုသန့်စင်ခြင်း
12 ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊- 13 ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။-ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။14 ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- 15 ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊- 16 ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။-ဆာ၊ ၈:၂။17 ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။-
သင်္ဘောသဖန်းပင်ကိုဒဏ်ခတ်ခြင်း
18 နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။- 19 လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။- 20 တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ချင်း သွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။- 21 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည် သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟု ဆိုလျှင် ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။-မ၊ ၁၇:၂၀။ ၁ကော၊ ၁၃:၂။22 ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
သခင်ယေရှု၏အခွင့်အာဏာ
23 ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- 24 ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- 25 ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားက ဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- 26 လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- 27 အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
သားနှစ်ယောက်ဥပမာ
28 သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟု ဆိုလျှင်၊- 29 သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍ သွားလေ၏။- 30 အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည် အဘသခင်ဟု ဆိုသော်လည်း မသွားဘဲနေ၏။- 31 ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကို ဆောင်သနည်းဟု မေးတော်မူလျှင်၊ သားအကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏။- 32 အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကို ကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင်သော်လည်းယုံကြည်မည်အကြောင်း နောက်တစ်ဖန် နောင်တမရကြ။လု၊ ၃:၁၂၊၇:၂၉-၃၀။
စပျစ်ဥယျာဉ်စောင့်များဥပမာ
33 အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ သွားလေ၏။-ဟေရှာ၊၅:၁-၂။34 အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။- 35 ထိုသူတို့သည် ငယ်သားများကို ဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကို ခဲနှင့် ပစ်ကြ၏။- 36 နောက်တစ်ဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။- 37 နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွှတ်လေ၏။- 38 ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊- 39 ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။- 40 သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟု မေးတော်မူ၏။- 41 ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကိုဆက်အံ့သော အခြားလူတို့အား ထိုဥယျာဉ်ကို ငှားပါလိမ့်မည်ဟု လျှောက်ကြ၏။
42 ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။-ဆာ၊ ၁၁၈:၂၂-၂၃။43 ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကို သီးအံ့သောလူမျိုးအား ပေးရလတ္တံ့။- 44 အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့၊ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။ 45 ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။- 46 ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
骑驴进耶路撒冷(可11:1~10;路19:28~38;约12:12~15)
1 耶稣和门徒走近耶路撒冷,来到橄榄山的伯法其那里。耶稣派了两个门徒,2 对他们说:"你们往对面的村子里去,立刻就会看见一头驴拴在那里,还有小驴跟牠在一起。把牠们解开,牵来给我。3 如果有人问你们,就要说:‘主需要牠们。’他会立刻让你们牵走。"4 这件事应验了先知所说的:
5 "要对锡安的居民"居民"原文作"女子"说:
‘看哪,你的王来到你这里了;
他是温柔的,他骑着驴,骑的是小驴。’"
6 门徒照着耶稣的吩咐去作。7 牵了驴和小驴来,把衣服搭在牠们上面,耶稣就骑上。8 有一大群人把自己的衣服铺在路上,也有人从树上把树枝砍下来,铺在路上。9 前呼后拥的群众喊叫着:
"‘和散那’归于大卫的子孙,
奉主名来的是应当称颂的,高天之上当唱‘和散那’。"
10 耶稣进了耶路撒冷,全城都震动起来,他们问:"这人是谁?"11 大家都说:"这就是那先知耶稣,是从加利利的拿撒勒来的。"
洁净圣殿(可11:15~19;路19:45~47;约2:13~22)
12 耶稣进了圣殿,把殿里所有作买卖的人赶走,并推倒找换银钱的人的桌子,和卖鸽子的人的凳子;13 又对他们说:"经上记着:
‘我的殿要称为祷告的殿。’
你们竟把它弄成贼窝了。"
14 殿里的瞎子和瘸腿的都走过来,耶稣就医好他们。15 祭司长和经学家看见耶稣所行的奇事,又看见小孩子在殿中喊叫"‘和散那’归于大卫的子孙",就很忿怒,16 对耶稣说:"你听见他们说甚么吗?"耶稣说:"我听见了。
‘你从小孩和婴儿的口中,
得着了赞美。’
这话你们没有念过吗?"17 于是离开他们,出了城,来到伯大尼,在那里过了一夜。
咒诅无花果树(可11:12~14、20~24)
18 耶稣清早回城的时候,觉得饿了。19 他看见路旁有一棵无花果树,就走过去;但他在树上甚么也找不到,只有叶子,就对树说:"你永远不再结果子了。"那棵树就立刻枯萎。20 门徒看见了,十分惊奇,说:"这棵无花果树是怎样立刻枯萎的呢?"21 耶稣回答他们:"我实在告诉你们,如果你们有信心,不怀疑,不但能作我对无花果树所作的,就是对这座山说‘移开,投到海里去’,也必成就。22 你们祷告,无论求甚么,只要相信,都必得着。"
质问耶稣凭甚么权柄作事(可11:27~33;路20:1~8)
23 耶稣进了圣殿,正在教导人的时候,祭司长和民间的长老前来问他:"你凭甚么权柄作这些事?谁给你这权柄?"24 耶稣回答他们:"我也要问你们一句话,如果你们告诉我,我就告诉你们我凭甚么权柄作这些事。25 约翰的洗礼是从哪里来的呢?是从天上来的,还是从人来的呢?"他们就彼此议论:"如果我们说‘是从天上来的’,他会问我们‘那你们为甚么不信他呢?’26 如果我们说‘是从人来的’,我们又怕群众,因为他们都认为约翰是先知。"27 于是回答耶稣:"我们不知道。"耶稣也对他们说:"我也不告诉你们,我凭甚么权柄作这些事。
两个儿子的比喻
28 "你们认为怎样?有一个人,他有两个儿子。他去对大儿子说:‘孩子,你今天到葡萄园去工作吧。’29 他说:‘我不想去。’但后来他改变主意,就去了。30 父亲又照样去吩咐小儿子。小儿子说:‘父亲,我会去的。’后来却没有去。31 这两个儿子,哪一个听父亲的话呢?"他们说:"大儿子。"耶稣对他们说:"我实在告诉你们:税吏和娼妓比你们先进 神的国。32 约翰来到你们那里,指示你们行义路或译:"约翰在义路中,来到你们这里",你们不信他;税吏和娼妓却信了他。你们看见了之后,还是没有改变心意去信他。
佃户的比喻(可12:1~12;路20:9~19)
33 "你们再听一个比喻:有一个家主,栽种了一个葡萄园,四面围上篱笆,在园子里挖了一个压酒池,盖了一座瞭望台,然后把园子租给佃户,就远行去了。34 到了收成的时候,园主派了仆人到佃户那里,收取应该纳给他的果子。35 佃户却抓住他的仆人,打伤一个,杀了一个,又用石头打死一个。36 于是园主再派其他的仆人去,人数比前一次更多,但佃户也是同样对付他们。37 最后,他派了自己的儿子去,说:‘他们必尊敬我的儿子。’38 佃户看见他的儿子,就彼此说:‘这是继承产业的;来,我们杀了他,占有他的产业吧!’39 于是他们抓住他,把他推出葡萄园外杀了。40 那么,葡萄园的主人来到的时候,会怎样对待那些佃户呢?"41 他们回答:"他会毫不留情地除掉那些恶人,把葡萄园租给按时缴纳果子的佃户。"42 耶稣对他们说:"经上记着:
‘建筑工人所弃的石头,
成了房角的主要石头;
这是主所作的,
在我们眼中看为希奇。’
这话你们没有念过吗?43 因此我告诉你们, 神的国要从你们那里取去,赐给那结果子的外族人。44 谁跌在这石头上,就必摔碎;这石头掉在谁的身上,就必把他压得粉碎。"
45 祭司长和法利赛人听了耶稣这些比喻,知道是指着他们说的。46 他们想要逮捕他,但又怕群众,因为他们都认为耶稣是先知。