ပျက်စီးခြင်း၏သား
1,2 ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏နေ့ရက် သည် ချက်ချင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တဆော မရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။- 3 အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။- 4 ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကို ကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။
5 ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟု သင်တို့သည် သတိမရကြသလော။- 6 ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှာ၊ ယခု ဆီးတားသောအကြောင်းကိုလည်း သင်တို့သိကြ၏။- 7 အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။- 8 ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။- 9 ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊- 10 ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။- 11 ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊- 12 တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။
ကယ်တင်ခြင်းအတွက်ရွေးကောက်ခြင်း
13 သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။- 14 ထိုသို့အလိုငှာ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။- 15 ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။- 16 ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်း အကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မျှော်လင့်ခြင်းအကြောင်းကိုလည်းကောင်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊- 17 သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။
不法的人必要显露
1 弟兄们,关于我们主耶稣基督的再来,和我们到他那里聚集的事,我们求你们:2 无论有灵、有话、有冒我们的名的书信,说主的日子现在到了,你们都不要轻易动心,也不要惊慌。3 不要让人用任何方法迷惑了你们,因为主的日子来到以前,必定有背道的事,并且那不法的人,就是那沉沦之子,必定显露出来。4 他抵挡 神,抬举自己,高过一切称为神或受人敬拜的,甚至坐在 神的殿中,自称为 神。5 我还在你们那里的时候,曾经把这些事告诉你们,你们不记得吗?6 现在你们也知道,那箝制他,使他到了时候才可以显露出来的是甚么。7 因为那不法的潜力已经发动,只是现在有一个箝制他的在那里,直等到那箝制解除了,8 那时,这不法的人必要显露出来。主耶稣要用自己口中的气除掉他,以自己再来所显现的光辉消灭他。9 这不法的人来到,是照着撒但的行动,行各样的异能奇迹和荒诞的事,10 并且在那些沉沦的人身上,行各样不义的欺诈,因为他们不领受爱真理的心,使他们得救。11 因此, 神就使错谬的思想运行在他们当中,让他们相信虚谎,12 叫所有不信真理倒喜爱不义的人,都被定罪。
站立得稳持守信仰
13 主所爱的弟兄们,我们应该常常为你们感谢 神,因为他从起初就拣选了你们,借着圣灵成圣的工作,和你们对真道的信心,使你们可以得救。14 因此, 神借着我们所传的福音呼召你们,使你们得着我们主耶稣基督的荣耀。15 所以弟兄们,你们要站立得稳;你们所领受的教训,无论是我们口传的,或是信上写的,都要持守。16 愿我们的主耶稣基督自己,和那爱我们、开恩把永远的安慰和美好的盼望赐给我们的父 神,17 安慰你们的心,并且在一切善行善言上,坚定你们。