ငါတို့အဖို့ဆုတောင်းကြလော့၊
1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊- 2 အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည်အကြောင်း၊ ငါတို့အဖို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။- 3 သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူလိမ့်မည်။- 4 ငါတို့ ပညတ်သည်အတိုင်း သင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်း ကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။- 5 ဘုရားသခင်ကို ချစ်စေခြင်းငှာလည်းကောင်း၊ ခရစ်တော်၏နည်းတူ သည်းခံစေခြင်းငှာလည်းကောင်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။
မတရားစွာပြုသောညီအစ်ကို
6 တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထားကြ၏။- 7 အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- 8 အဘယ်သူ၏ အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။- 9 ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဖို့ ပုံသက်သေ ဖြစ်စေခြင်းငှာပြုကြ၏။- 10 အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။- 11 မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ အချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။- 12 ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။- 13 ညီအစ်ကိုတို့ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။
14 ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစ်စုံတစ်ယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကို မှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှာ၊ အပေါင်းအဖော် မလုပ်ကြနှင့်။- 15 သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။- 16 ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမှုအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနှင့်အတူ ရှိတော်မူပါစေသော။
နိဂုံးချုပ်စကား
17 ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့် ရေးထား၏။ ဤသို့ ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။- 18 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်ပြီး၏။
祈求主的道快快传开
1 最后,弟兄们,请为我们祷告,好叫主的道也像在你们那里一样快快传开,得着荣耀,2 也使我们能够脱离那些不讲理的恶人,因为不是人人都有信心。3 主是信实的,他必坚定你们,保护你们脱离那恶者。4 我们靠着主深深相信,你们现在以及将来都会遵行我们所吩咐的,5 愿主引导你们的心,使你们有 神的爱和基督的坚忍。
不可游手好闲
6 弟兄们,我们奉主耶稣基督的名吩咐你们,凡是游手好闲的弟兄,不按着你们从我们所领受的教训去行,就应当远离他。7 你们自己本来就知道应当怎样效法我们,因为我们在你们中间并没有游手好闲,8 也没有白吃过谁的饭,反而辛苦劳碌,昼夜作工,免得加重你们任何一人的负担。9 这不是因为我们没有权利,而是要给你们作榜样,好让你们效法我们。10 我们在你们那里的时候,曾经吩咐过你们,如果有人不肯作工,就不可吃饭。11 因为我们听说,你们中间有人游手好闲,甚么工也不作,反倒专管闲事。12 我们靠着主耶稣基督,吩咐劝戒这样的人,要安静作工,自食其力。13 弟兄们,你们行善不可灰心。14 如果有人不听从我们这封信上的训勉,要把这个人记下来,不可和他来往,好叫他自己觉得惭愧。15 但不要把他看作仇敌,却要劝他好象劝弟兄一样。
祝福
16 愿赐平安的主亲自随时随地赐平安给你们。愿主与你们众人同在。
17 我保罗亲笔问候你们。这是我每一封信的记号;我的笔迹就是这样。18 愿我们主耶稣基督的恩惠与你们众人同在。