ခရစ်တော်အသေခံတော်မူခြင်း
1 ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေခံချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။- 2 အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတစ်ပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဋ္ဌာန်းခြင်းရှိ၏။- 3 သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။-တ၊ ၁၈:၉။4,5 သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှာ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့်တကွ ရှိ၏။
ဘုရားသခင်၏ပညာ
6 သို့သော်လည်း၊ စုံလင်သောသူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။- 7 ဤကမ္ဘာမတည်မရှိမီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှာ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ပညာကို ငါတို့သည် ပြသကြ၏။- 8 ထိုပညာကို လောကီမင်းတစ်စုံတစ်ယောက်မျှ မသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။- 9 ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။-ဟေရှာ၊ ၆၄:၄။10 ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။- 11 လူ၏နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှမသိ။- 12 ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။- 13 ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည် ဟောကြ၏။- 14 ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။- 15 ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍ မသိနိုင်။- 16 ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကို သိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။ဟေရှာ၊ ၄၀:၁၃။
只传耶稣基督钉十字架
1 弟兄们,我从前到你们那里去,并没有用高言大智向你们传讲 神的奥秘。2 因为我曾立定主意,在你们中间甚么都不想知道,只知道耶稣基督和他钉十字架的事。3 我在你们那里的时候,又软弱又惧怕,而且战战兢兢;4 我说的话、讲的道,都不是用智慧的话去说服人,而是用圣灵和能力来证明,5 使你们的信不是凭着人的智慧,而是凭着 神的能力。
属灵的人看透万事
6 然而在信心成熟的人中间,我们也讲智慧,但不是这世代的智慧,也不是这世代将要灭亡的执政者的智慧。7 我们所讲的,是从前隐藏的、 神奥秘的智慧,就是 神在万世以前,为我们的荣耀所预定的;8 这智慧,这世代执政的人没有一个知道,如果他们知道,就不会把荣耀的主钉在十字架上了。9 正如经上所记:
" 神为爱他的人所预备的,
是眼睛未曾见过,耳朵未曾听过,
人心也未曾想到的。"
10 但 神却借着圣灵把这些向我们显明了,因为圣灵测透万事,连 神深奥的事也测透了。11 除了在人里面的灵,谁能知道人的事呢?同样,除了 神的灵,也没有人知道 神的事。12 我们所领受的,不是这世界的灵,而是从 神来的灵,使我们能知道 神开恩赐给我们的事。13 我们也讲这些事,不是用人的智慧所教的言语,而是用圣灵所教的言语,向属灵的人解释属灵的事"向属灵的人解释属灵的事"或译:"用属灵的话解释属灵的事"。14 然而属血气的人不接受 神的灵的事,因为他以为是愚笨的;而且他也不能够明白,因为这些事,要有属灵的眼光才能领悟。15 属灵的人能看透万事,却没有人能看透他,16 如经上所记:
"谁曾知道主的心意,
能够指教他呢?"
但我们已经得着基督的心意了。