မြေအိုးများထဲရှိဝိညာဉ်ဘဏ္ဍာ
1 ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။- 2 ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်း မရှိ။ သမ္မာတရားကို အတည့်အလင်း ဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။- 3 ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။- 4 ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။- 5 ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။- 6 မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကို ပေးလိုသောငှာ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။
7 သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။- 8 ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- 9 ညှဉ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။- 10 သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှာ၊ ယေရှု၏သေတော်မူခြင်းကို အစဉ်မပြတ် ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။- 11 အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှာ၊ ငါတို့သည် အသက်ရှင်စဉ်တွင် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်အပ်နှံခြင်းကို ခံရကြ၏။- 12 သို့ဖြစ်၍ သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။- 13 ထိုသို့သော ယုံကြည်ခြင်းစိတ် ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည်သောကြောင့် မြွက်ဆို၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွက်ဆိုဟောပြောကြ၏။
14 သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။- 15 အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဖို့အလိုငှာ ဖြစ်သတည်း။
ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်း
16 ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။- 17,18 အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
新约的仆役
1 所以,我们既然蒙了怜悯,得着这职分,就不沮丧,2 却把暗昧可耻的事弃绝了;不行诡诈,不掺混 神的道,反而借着显扬真理,在 神面前把自己推荐给众人的良心。3 如果我们的福音被蒙蔽了,那是对灭亡的人才蒙蔽的。4 这些不信的人被这世代的神弄瞎了他们的心眼,使他们看不见基督荣耀的福音的光;基督就是 神的形象。5 我们并不是传扬自己,而是传扬耶稣基督是主,并且为了耶稣的缘故成了你们的仆人。6 因为那说"要有光从黑暗里照出来"的 神,已经照在我们的心里,要我们把 神的荣光照出去,就是使人可以认识那在基督脸上的荣光。
7 我们有这宝贝在瓦器里,是要显明这极大的能力是属于 神,不是出于我们。8 我们虽然四面受压,却没有压碎;心里作难,却不至绝望,9 受到迫害,却没有被丢弃;打倒了,却不至死亡。10 我们身上常常带着耶稣的死,好让耶稣的生也在我们的身上显明出来。11 我们这些活着的人,为耶稣的缘故常常被人置于死地,好让耶稣的生也在我们必死的身上显明出来。12 这样看来,死在我们身上运行,生却在你们的身上运行。13 经上记着说:"我信,所以我说话。"我们既然有同样的信心"信心"原文作"信心的灵",也就信,所以也说话,14 因为知道那使主耶稣复活的,也必定使我们与耶稣一同复活,并且把我们和你们呈献在他的面前。15 这一切都是为了你们,好使恩惠既然因着许多人而增多,感恩的心也更加增多了,使荣耀归给 神。
日日更新
16 所以,我们并不沮丧,我们外面的人虽然渐渐朽坏,但里面的人却日日更新,17 因为我们短暂轻微的患难,是要为我们成就极大无比、永远的荣耀。18 我们所顾念的,不是看得见的,而是看不见的;因为看得见的是暂时的,看不见的是永远的。