ခရစ်ယာန်အလှူ
1 ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- 2 ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။- 3 အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- 4 သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန်ကြ၏။- 5 ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်အတိုင်းထက်မက ပြု၍၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှေ့ဦးစွာ သခင်ဘုရား၌လည်းကောင်း၊ ငါတို့၌လည်းကောင်း၊ မိမိတို့ကို မိမိတို့ လှူကြ၏။- 6 ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- 7 ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း ဖြစ်စေသတည်း။- 8 ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့် ဆိုသတည်း။- 9 အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
10 ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။- 11 သို့ဖြစ်၍၊ အထက်က စေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။- 12 အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။- 13 ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှာ ငါအကြံရှိသည် မဟုတ်။- 14,15 များများရသောသူ မပို။ နည်းနည်းရသောသူ မလိုဟူသော ကျမ်းစကားနှင့်အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ အညီအမျှဖြစ်စေခြင်းငှာ ငါအကြံရှိ၏။
တိတုနှင့်အပေါင်းအဖော်များ
16 ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော် ကြီးလှပေ၏။- 17 ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။- 18 ဧဝံဂေလိတရားကို ဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသော ညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။- 19 ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကိုလည်းကောင်း၊ ကိုယ်စေတနာစိတ်ကိုလည်းကောင်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏ အလှူကျေးဇူးကို ပြုစုသည်အမှုမှာ ငါတို့နှင့်အတူ သွားစေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။- 20 ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှာ သတိပြုကြ၏။- 21 သခင်ဘုရားရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။- 22 ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံသောကြောင့် သာ၍လုံ့လပြု၏။- 23 တိတုသည် အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင် ငါ၏အပေါင်းအဖော်ဖြစ်၏။ သင်တို့အမှုကို ငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူနည်းဟု မေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။- 24 ထိုကြောင့်၊ သင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ငါတို့သည် သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကိုလည်းကောင်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။
马其顿圣徒乐捐的榜样
1 弟兄们,我现在把 神赐给马其顿众教会的恩典告诉你们:2 他们在患难中受到极大的考验的时候,他们满溢的喜乐和极度的贫乏,汇流出丰厚的慷慨来。3 我可以作证,他们是按着能力,并且是超过了能力,自愿地4 再三恳求我们,准许他们在供应圣徒的事上有分。5 他们超过了我们所期望的,照着 神的旨意,先把自己献给主,然后献给我们。6 因此,我们勉励提多,既然开始了这慈善的事,就应当在你们那里把这事办好。7 你们在一切事上,就如信心、口才、知识、热情和爱我们的心,既然都是富足的,那么,在这慈善的事上,也要显出你们是富足的。
劝信徒完成慈善的事
8 我这样说,不是吩咐你们,而是借着别人的热心来考验你们的爱心是否真实。9 你们是知道我们的主耶稣基督的恩典的:他本来富足,却为你们成了贫穷,要使你们因他的贫穷成为富足。10 我在这里表示我的意见,这对你们是有益的:你们不仅一年前就在办这事,而且早就想这样作了,11 现在就应当把这事办好;这样,你们既然有愿意作的心,因着你们尽了自己所能的,就可以完成。12 因为人要是有愿意作的心,按照他所有的,必蒙悦纳,不是按照他所没有的。13 这不是要别人轻省,你们受累,而是要大家都均等。14 现在你们富裕,就要补助他们的缺乏,到了他们富裕的时候,也可以补助你们的缺乏,这样就均等了;15 正如经上所记:
"多的,没有剩余,
少的,也不缺乏。"
16 感谢 神,他把我对你们那样的热情,放在提多的心里。17 提多一方面接受了劝勉,但他自己更加热心,自愿到你们那里去。18 我们还派了一位弟兄和他同去,这人在福音的事工上,得到了众教会的称赞。19不但这样,众教会更选派了他作我们的旅伴。我们办理这慈善的事,是为了主的荣耀,也是为了我们的心愿。20 免得有人因为我们经管的捐款太多,就毁谤我们。21 因为我们努力去作的,不仅是主认为是美的事,也是众人认为是美的事。22 我们还派了另一位弟兄与他们同去;我们在许多的事上多次考验过他,知道他很热心;现在他对你们大有信心,就更加热心了。23 至于提多,他是我的同伴,为你们的缘故作了我的同工;还有我们那两位弟兄,他们是众教会所派的,是基督的荣耀。24 所以,你们要在众教会面前,向他们证明你们的爱心和我们所夸耀你们的。