1 ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
ပေါလုဝမ်းမြောက်ခြင်း
2 ငါတို့ကို လက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှ မပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။- 3 သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့်အတူ အသက်ရှင်ခြင်းငှာလည်းကောင်း၊ သေခြင်းငှာလည်းကောင်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။- 4 သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်း ရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှဉ်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းရှိ၏။- 5 ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။
6 သို့သော်လည်း နှိမ့်ချလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတုရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။- 7 တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည် မဟုတ်။ တိတုသည် သင်တို့ဆီမှာရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှာ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည် ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်းမြောက်ခြင်းရှိ၏။- 8 အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည် ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည် သင်တို့ကို ခဏသာဝမ်းနည်းစေသည်ကို ငါမြင်၏။
9 သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏အကျိုး အလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။- 10 အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော နောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။- 11 ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။- 12 ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ပြုစုချင်သော စေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှာ ရေးသတည်း။- 13 ထိုကြောင့် သင်တို့၏ သက်သာခြင်းအကြောင်းအားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်းသို့ရောက်သည် သာမက၊ တိတု၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍ အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊- 14 အထက်က ငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကို ထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။- 15 သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင်ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။- 16 ငါသည် အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၏။
1 所以,亲爱的,我们有了这些应许,就应该洁净自己,除去身体和心灵上的一切污秽,存着敬畏 神的心,达到成圣的地步。
哥林多人悔改,保罗得喜乐
2 你们的心要容得下我们。我们没有亏负过谁,没有损害过谁,也没有占过谁的便宜。3 我这样说,不是要定你们的罪,因为我从前说过,你们常在我们心里,甚至可以同生共死。4 我对你们大有信心,因你们而感到十分光荣;我心里满有安慰,在我们的一切患难中,格外充满喜乐。
5 我们从前到了马其顿的时候,身体一点安宁也没有,反而处处遭受患难,外面有争战,里面有恐惧。6 但那安慰灰心的人的 神,借着提多来到,安慰了我们;7 不但借着他来,也借着他从你们所得的安慰,安慰了我们。他把你们的渴望、你们的哀恸和你们对我的热诚,都告诉了我们,因此我就更加欢喜了。8 虽然我在那封信上使你们忧伤,但我现在并不后悔;其实我曾经有点后悔,因为知道那封信使你们忧伤,虽然只是暂时的。9 现在我快乐,不是因为你们忧伤,而是因为你们的忧伤带来了悔改。你们依照 神的意思忧伤,凡事就不会因我们受到亏损。10 因为依照 神的意思而有的忧伤,可以生出没有懊悔的悔改,以致得救;世俗的忧伤却会招致死亡。11 看哪,你们依照 神的意思忧伤,在你们中间就产生了怎样的热情、申诉、愤慨、战兢、渴望、热诚、正义;你们在各方面都表明了自己在那事上是清白的。12 因此,从前我虽然写过信给你们,却不是为了那亏负人的,也不是为了那受害的,而是在 神面前把你们对我们的热情,向你们显现出来。13 因此,我们得了安慰。
在这安慰之外,我们因提多的喜乐就更加欢喜,因为他的心从你们众人那里得到畅快。14 我若对他夸奖过你们甚么,也不觉得惭愧。我们对你们所说的是真话,照样,我们在提多面前夸奖你们的也是真的。15 并且他想起你们众人的服从,怎样恐惧战兢地接待他,他怀念你们的心就更加热切了。16 现在我很欢喜,因为在一切事上我对你们都有信心。