အချင်းချင်းကူညီထောက်ပံ့မှု
1 သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- 2 အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။- 3 သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသောစကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှာ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။- 4 သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူလာ၍ သင်တို့သည် အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။- 5 ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။
6 အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- 7 လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- 8 ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- 9 သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- 10 မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- 11 ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- 12 အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့် ပြည့်စုံလျက်ရှိ၏။- 13 သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကိုလည်းကောင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကိုလည်းကောင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။- 14 သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။- 15 ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
捐得乐意的人为 神喜爱
1 关于供应圣徒的事,我本来没有写信给你们的必要,2 因为我知道你们有这个心愿。我对马其顿人称赞你们,说:"亚该亚人去年已经预备好了。"你们的热心就激励了许多的人。3 我派了那几位弟兄前来,为了要使我们在这事上对你们的称赞不至落空,好让你们可以照着我所说的准备妥当,4 免得一旦马其顿人和我一同来到的时候,见你们还没有准备好,我们就因为这样信任你们而感到羞愧,你们就更不用说了。5 因此,我认为必须劝那几位弟兄先到你们那里去,使你们事先筹足从前所答应的捐款。那么,你们这样的准备,就是出于乐意的,不是勉强的。
6 还有,少种的少收,多种的多收。7 各人要照着心里所决定的捐输,不要为难,不必勉强,因为捐得乐意的人,是 神所喜爱的。8 神能把各样的恩惠多多地加给你们,使你们凡事常常充足,多作各样的善事。9 如经上所说:
"他广施钱财,赒济穷人;
他的仁义,存到永远。"
10 但那赐种子给撒种的,又赐食物给人吃的 神,必定把种子加倍地供给你们,也必增添你们的义果。11 你们既然凡事富裕,就可以慷慨地捐输,使众人借着我们,对 神生出感谢的心。12 因为这供应的事,不仅补足了圣徒的缺乏,也使许多人对 神感谢的心格外增多。13 众圣徒因为你们承认和服从了基督的福音,并且慷慨地捐输给他们和众人,借着你们在这供应的事上所得的凭据,就把荣耀归给 神。14 因着 神在你们身上的厚恩,他们就为你们祷告,切切地想念你们。15 感谢 神,他的恩赐难以形容。